သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာများကို ချိုးဖောက်နေသည်ဟု စွပ်စွဲခံရမှု အတွက် Google ကုမ္ပဏီမှာ ထူးဆန်းမှု မရှိတော့သော်လည်း
ယခု တစ်ကြိမ်တွင်မူ Google တို့အနေဖြင့် ၎င်းတို့၏ အကောင့်များကို သုံးစွဲသူများ၏ Gmail ဝန်ဆောင်မှုမှ ပေးပို့သော စာများကို ခိုးကြည့်နေကြောင်း စွပ်စွဲချက်ကို ဖြေရှင်းရန် မေးမြန်းခံခဲ့ရပြီ ဖြစ်သည်။
Google ကုမ္ပဏီမှ တာဝန်ရှိသူ ကိုယ်စားလှယ်များမှာ ဖယ်ဒရယ် တရားသူကြီး တစ်ဦးကို ၎င်းတို့၏ G mail ပလက်ဖောင်းတွင် စွဲဆိုထားသည့် အမှုကို ပလပ်ရန် တောင်းဆိုလိုက်ကာ စွဲဆို သူများ၏ အပြောအရ Google ကုမ္ပဏီ အနေဖြင့် G mail ကို တရားမဝင် ခိုးဖတ်နေသည် ဆိုသည့် ကိစ္စအတွက် သက်သေပြသနိုင်ခြင်း မရှိသဖြင့် ယခုလို ပလပ်ရန် တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ Brad Scott နှင့် Todd Harrington ဆိုသူ နှစ်ဦးမှာ G mail များကို ခိုးကြည့်သည် ဆိုသည့် စွပ်စွဲချက်ဖြင့် အခြားလူများ ကိုယ်စား Privacy Act (CIPA) ခေါ် ပုဂ္ဂလိက လွတ်လပ်ခွင့် ဥပဒေကို ချိုးဖောက်သည် ဆိုသည့် စွဲချက်ဖြင့် Google ကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge