Monday, October 15, 2012

မို့မို့မြင့်အောင် ဘယ်သူ့ကို ရဲစခန်းမှာ သွားထုတ်ခဲ့ရလဲ ?


အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် ဒေါ်မို့မို့မြင့်အောင်၊ ဓာတ်ပုံ- မိုးမခ

ကျော်မကောင်း၊ ကြားမကောင်း ရုပ်ရှင် မင်းသမီး အကယ်ဒမီ ဒေါ်မို့မို့မြင့်အောင် တယောက် ဟိုတပတ်က ရဲစခန်း ရောက်သွားတယ်လို့ မျက်စေ့ကြီး နားကြီးတဲ့ အသိုင်းအ၀ိုင်းက ပြောပါတယ်။


ဒါနဲ့ ဘာလို့များ ဒေါ်မို့မို့မြင့်အောင် တယောက် ရဲစခန်းရောက်တာလဲ ဆိုတာ မေးတော့မှ ခင်ပွန်းသည် ဦးမောင်မောင်ကျော်ကို ရဲစခန်းမှာ ဖမ်းထားတာ သွားရွေးထုတ်ရတာပါတဲ့။


ဒါနဲ့ ဘာကြောင့်များ ဦးမောင်မောင်ကျော်တယောက် ရဲစခန်းရောက်သွားရတာလည်း မေးမြန်းစုံစမ်း လိုက်တော့မှ သိန်း ရာဂဏန်း အကြွေးရှင်တွေက ဒုက္ခိတ ဦးမောင်မောင်ကျော်ကို ၀ိုင်းဖမ်းပြီး ရဲစခန်းကို သွားအပ်ပြီး ဖမ်းခိုင်းထားခဲ့တာပါတဲ့။ သူတို့ ဆီက ယုံကြည်မှုနဲ့ ဘာစာချုပ်စာတမ်းမှ မပါဘဲ သူ့ကို ငွေ ကျပ် သိန်းရာချီပြီး ချေးခဲ့တာကို သူက ဟိုလှည့် ဒီလှည့် လုပ်ပြီး အကြွေး ပြန်ဆပ်ဖို့ အတိတ်မေ့ သလို ရွှေ
ပျောက် သလို ဖြစ်နေလို့ အခုလို ၀ိုင်းဖမ်းပြီး ရဲစခန်း အပ်တဲ့ အထိဖြစ်သွားခဲ့တာပါတဲ့။

အခွင့်ထူးခံ စီးပွားရေး သမားကြီးတဦးလည်းဖြစ်တဲ့ လုပ်ငန်းတော်တော်များများကို ပိုင်တဲ့ ဦးမောင်မောင်ကျော် ဟာ ဟိုး မဆလ အစိုးရလက်ထက်ကတည်းက နံမည်ကြီး စီးပွားရေး သမားတဦးဖြစ်ခဲ့တာပါ။

စစ်အစိုးရ လက်ထက်မှာတော့ သူ့နာမည် က နည်းနည်း ကျလာခဲ့ပါတယ်။ နောက်ပိုင်း အခု တက်သစ်စ စီးပွားရေး လုပ်ငန်းရှင်တွေက သူ့ကို ကျော်လွှားကုန်ကြပြီး သူ့ လုပ်ငန်းတွေလည်း တဖြည်းဖြည်း အားနည်းချိနဲ့လာတယ်လို့ နီးစပ်သူတွေအဆိုအရ သိရပါတယ်။

ဦးမောင်မောင်ကျော်နဲ့ ဒေါ်မို့မို့မြင့်အောင်တို့နဲ့ပတ်သက်ပြီး ယုံကြည်စွာ အပ်နှံထားတဲ့ ငွေကြေး အလွဲ သုံးစားမှုနဲ့ မကျေနပ်တဲ့ နာမည်ကြီး သူဌေးကြီး တဦးလည်းရှိပါတယ်။

ဒါကတော့ မက်စ် သူဌေးကြီး ဦးဇော်ဇော်ပါ။ ဦးဇော်ဇော်ဟာလည်း မို့မို့မြင့်အောင်နဲ့ ဦးမောင်မောင်ကျော် တို့ဆီက ငွေကျပ် သိန်း ၃ ထောင် အကြွေး ရစရာ ရှိနေတာ အခုထိ မပေးသေးပဲ ထားတာကြောင့် ဦးဇော်ဇော်လည်း အတော်ကို စိတ်ဆိုးဒေါသဖြစ်နေပါတယ်တဲ့ ။

ဦးဇော်ဇော်ရဲ့ ဒေါသကတော့ သူ့ကုမ္ပဏီက မန်နေဂျာတယောက်ဟာ မို့မို့မြင့်အောင်တို့ ဆီက အကြွေး မတောင်းနိုင်လို့ ရာထူး မတက်ဘဲ အမုန်းမာန်ထိ ခံနေရပါတယ်။ ဒီကိစ္စ ဘယ်လို ဆက်ဖြစ်မယ် မသိ ရသေးပါဘူး။

ကျပ်သိန်း ရာဂဏန်း အကြွေးရှင်တွေကတော့ အကြွေးတောင်းရခက်ပြီး လက်ပေါက်ကပ်တဲ့ ဦးမောင်မောင်ကျော် ကို ရဲလက်အပ်လိုက်တဲ့ အလုပ်မျိုးထိတော့ ဦးဇော်ဇော်က မလုပ်သေးပါဘူး။

ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပါဘဲ။

ဒါပေမယ့် အကယ်ဒမီ ရုပ်ရှင်မင်းသမီးကြီး ဒေါ်မို့မို့မြင့်အောင်ကတော့ ရဲစခန်းကနေ ခင်ပွန်းသည် ဦးမောင်မောင်ကျော်ကို အာမခံနဲ့ ပြန်ထုတ်လာနိုင်ခဲ့တာကလည်း ချီးကျူးစရာပါ


ဘကြီးသက်
Unknown at 8:38 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.