Tuesday, September 25, 2012

နေ့စဉ်ရေနံစိမ်းစည်ပေါင်း ၅၆၀၀၀ ကျော် ချက်နိုင်မည့် မြန်မာ့အကြီးဆုံး ရေနံချက်စက်ရုံကြီး တည်ဆောက်မည်


From : ခေတ်လူငယ်

နေ့စဉ် ရေနံစိမ်းစည်ပေါင်း ၅၆၀၀၀ ကျော် ချက်နိုင်မည့် မြန်မာ့အကြီးဆုံး ရေနံချက်စက်ရုံကြီးကို မန္တလေးတိုင်းဒေသကြီး မြို့သာမြို့တွင် တည်ဆောက်သွားမည်ဖြစ်သည်။ ယင်းရေနံချက်စက်ရုံနှင့် စပ်လျဉ်း၍ စွမ်းအင်ဝန်ကြီးဌာန၊ Energy Planing Department မှ အဆင့်မြင့်အရာရှိတစ်ဦးက “ထုတ်လုပ်သမျှက Domain Only ဖြစ်ပါမယ်။ ပြည်တွင်း လိုအပ်ချက်ကိုပဲ ဖြည့်ဆည်းဖို့ ရည်ရွယ်ထားတာပါ။ တရုတ်-မြန်မာ ပိုက်လိုင်း စီမံကိန်းမှာကတည်းက အချိုးအစားတစ်ခုကို ထုတ်ယူသုံးစွဲခွင့် ရှိပါတယ်။ ပြည်တွင်းမှာပဲ ချက်လုပ်နိုင်တော့ မလိုလားအပ်တဲ့ သယ်ယူစရိတ်တွေ ကုန်ကျစရာ မလိုတော့တဲ့အတွက် စက်ရုံကြီး အကောင်အထည်ပေါ်လာရင် ဈေးနှုန်းနဲ့ ကုန်ကျစရိတ်တွေ သက်သာသွားမှာပေါ့” ဟု ပြောပြခဲ့သည်။ ကျောက်ဖြူမှ ကူမင်းအထိ သွယ်တန်းမည့် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်း ရယူကာ ယင်းကဲ့သို့ တစ်နေ့လျှင် ရေနံစိမ်းစည် ၅၆၀၀၀ ကျော်ကို ချက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ “အချင်း ၃၂ လက်မရှိတဲ့ ရေနံစိမ်းပိုက်လိုင်းကနေ tapping ထုတ်ယူပြီး ရေနံချက်စက်ရုံသစ်မှာ ချက်လုပ်မှာပါ။ ဒီလို ရေနံချက်စက်ရုံက ရေနံစိမ်းတွေ ပိုမိုထုတ်လုပ်မှာ ဖြစ်တဲ့အတွက် ပြည်တွင်းရဲ့ လိုအပ်ချက်တွေမှာ ပိုမိုဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းရဲ့ ဒီဇယ်ဆီသုံးစွဲမှု ပမာဏကလဲ အခုလက်ရှိမှာ အရမ်းအားကောင်းနေတယ်။ ဒီဇယ်တွေ ပြည်ပကတင်သွင်းရတဲ့ ပမာဏတွေ လျော့ကျသွားမှာပါ” ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံရှိ ရေနံချက်စက်ရုံများ အရည်အသွေး ကျဆင်းနေမှုနှင့် ပြည်တွင်းလိုအပ်ချက် စွမ်းအင်များ ပိုမိုမြင့်မားလာခြင်းတို့ကြောင့် ပြည်ပမှ ဒီဇယ်၊ ဓါတ်ဆီ၊ လေယာဉ်ဆီ၊ မီးထိုးဆီ၊ ရေနံဓါတ်ငွေ့ရည်နှင့် စက်ဆီ၊ ချောဆီများ ဝယ်ယူတင်သွင်းနေရကြောင်း သိရသည်။ ယင်းစီမံကိန်းကြီးသည် အနည်းဆုံး သုံးနှစ်ပတ်ဝန်းကျင် ကြာမြင့်နိုင်ပြီး ဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်လိုကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 Myanmar Express

ဘကြီးသက်
Unknown at 9:24 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.