Tuesday, September 25, 2012

SARS ရောဂါကဲ့သို့ရောဂါပိုးသစ်တစ်မျိုးတွေ့ရှိ


 


 အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါသစ်တစ်မျိုးကြောင့် ဆော်ဒီအာရေဗျနိုင်ငံတွင် လူတစ်ဦးသေဆုံးခဲ့ရကာ ဗြိတိန်နိုင်ငံတွင်လည်း နောက်ထပ်လူတစ်ဦးမှာ အရေးပေါ်အခြေအနေဖြင့် ကုသမှုခံနေရကြောင်းသိရသည်။ အဆိုပါရောဂါပိုးမှာ ကော်ရိုနာဗိုင်းရပ်စ် ပိုးတစ်မျိုးဖြစ်ကာ သာမန် အအေးမိရောဂါနှင့် SARS ရောဂါကဲ့သို့သောရောဂါများကိုဖြစ်စေသည့် ဗိုင်းရပ်စ်များနှင့် အုပ်စုတစ်ခုထဲတွင် ပါဝင်ကြောင်းလည်းသိရသည်။ SARSရောဂါပိုးမှာ လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်က လူပေါင်း ၈၀၀ ကိုသေဆုံးစေခဲ့သည့် ရောဂါပိုးတစ်မျိုးလည်းဖြစ်သည်။ သို့ရာတွင် ယခုအသစ်တွေ့ရှိသည့်ရောဂါပိုးမှာ SARS ရောဂါကဲ့သို့ ကူးစက်ပျံ့နှံ့နိုင်မှုရှိ၊ မရှိဆိုသည့်အချက်နှင့် လူများစွာ သေဆုံးစေနိုင်ခြင်း ရှိ၊ မရှိမှာ သေချာစွာ မသိရသေးကြောင်းသိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ အပြောအရ အဆိုပါ ဗိုင်းရပ်စ်မှာအစောပိုင်း အခြေအနေတွင်ရှိနေဆဲဖြစ်ကြောင်းပြောခဲ့ကာ ဆက်တိုက်ဖြစ်ပွားသည့် ဖြစ်ရပ်နှစ်ခုသာ ရှိနေပြီး သေချာစွာ စစ်ဆေးမှုပြုရန်အတွက် လိုအပ်နေသေးကြောင်းပြောကြားသွားခဲ့သည်။ MRTV-4
ဘကြီးသက်
Unknown at 9:09 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.