Tuesday, September 25, 2012

စိတ်ကူးဥာဏ်၏ သော့ချက်




 စိတ်ပညာရှင်ကြီးတစ်ဦးက သူ၏ ဟောပြောချက်တစ်ခုမှာ ဖန်တီးတည် ထွင်သော စိတ်ကူးဉာဏ် ကြံစည်ရေး သော့ချက်အနေနဲ့ အောက်ပါအတိုင်း ပြောကြားခဲ့တာကို သတိရမိပါတယ်။““ဘယ်အကြောင်းအရာ တစ်ခုကို ဒီအတိုင်းပဲ ဖြစ်ရမှာလား။ တခြားလို ကောမဖြစ်နိုင်ဘူးလားဆိုတဲ့ အမြင်နဲ့ သုံး သပ်တတ်ရမယ်။ ခင်ဗျားတို့သာမန်တွေ့ ကြုံနေကျ အခြေအနေတစ်ရပ်ကို ဒီလို အမြင်ရအောင် ငါဘယ်လိုလုပ်ရမလဲလို့ ကိုယ့်ကိုကိုယ် ပြန်မေးရမယ်။

အဲ့ဒီအခါ ကျတော့ စိတ်ကူးအကြံအစည် အသစ် တွေဟာပေါ်လာရမှာ မုချပါပဲ။””ဥပမာ တစ်ခုတင်ပြပါရစေ။ သင် ဟာယာဉ်လိုင်းက Express ကားတစ်စီး ကို စီးသွားနေစဉ် အောက်ပါအတိုင်းစိတ် ကူးတစ်ခုကို လုပ်ပေးနိုင်ပါတယ်။““ငါသာ ဒီ Express ယာဉ်လိုင်းကား ကို ပိုင်ဆိုင်တယ်ဆိုရင်၊ ဒီယာဉ်လိုင်းသာ ငါအလုပ်ဖြစ်မယ်ဆိုရင် ယာဉ်လိုင်းဟာ ခရီးသည်တွေအတွက် ပိုပြီးကျေနပ်စရာ ကောင်းပြီး ငါ့အတွက်လည်းပိုပြီးအကျိုး အမြတ်ရရှိအောင် ငါဘယ်လိုစီမံဖန်တီး နိုင်တာများရှိမလဲ”” ။ဆိုတဲ့ မေးခွန်းကို မိမိကိုယ်မိမိမေး ကြည့်ရပါမယ်။
ပထမသင်စီးလာသော Express ကားနှင့်ပတ်သက်၍ အသေး စိတ်စစ်ဆေးဝေဖန်ကြည့်ရမှာပါ။ Express ကားကိုစီးလာသော ခရီးသည်များ နှင့် ပတ်သက်ပြီး သင်ကအသေးစား စဉ်းစားဆင်ခြင်ကြည့်ရပါမယ်။ ဒီခရီး သည်တွေက Express ယာဉ်လိုင်းကားကို ပို၍ သက်သက်သာသာစီးနိုင်ပြီး သင့်အ တွက်ကုန်ကျစရိတ်လည်း ပိုမိုမကုန်စေ ဘဲဘယ်လိုပြုပြင်ပြောင်းလဲချက်တွေကို ပြုလုပ်ပေးနိုင်မလဲဆိုတာတွေးကြည့်နိုင် ပါတယ်။ တဖန် Express ကားတစ်ကား တည်းကိုမကဘဲ အဲဒီယာဉ်လိုင်းတစ်လိုင်း လုံးကို မည်သို့သောပြုပြင်ပြောင်းလဲချက် တွေ ပြုလုပ်ပေးနိုင်မလဲဆိုတာတွေးကြည့် ပါ။
အဲဒီအခါ သင့်မှာစိတ်ကူးအမျိုးမျိုး ရလာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဥပ မာ သင်စီးလာလာသော Express ရဲ့မှန် ပြတင်းပေါက်သည် အဖွင့်ရအပိတ်ရခက် လှကြောင်း သင်ကသတိပြုမိကာ မှန် ပြတင်းတံခါးများကို ပြုပြင်ပေးလိုက်သ ဖြင့် ခရီးသည်တွေအတွက် Express ယာဉ်လိုင်းကားစီးရခြင်းမှာ ကောင်းမွန် လာနိုင်ပါတယ်။ သို့မဟုတ်ထိုင်ခုံများ ကျဉ်းကျဉ်းကျပ်ကျပ် ရှိနေခြင်းကိုပြုပြင် ပေးလိုက်ခြင်းအားဖြင့် ခရီးသည်များ ချောင်ချောင်ချိချိစီးနိုင်ကာ သင့်တွင် လည်းခရီးသည်များ၏ အားပေးမှုကိုပိုမို ရရှိပြီးအကျိုးကျေးဇူးရလာနိုင်သည်ဟူ၍ စိတ်ကူးစိတ်သန်းတွေ အမျိုးမျိုးပေါ် လာရမှာဖြစ်ပါတယ်။
နောက်တစ်ဖန် သင်သည်သင့်ကိုယ် သင် ကုန်စုံဆိုင်ကြီး တစ်ဆိုင်ကိုပိုင်ဆိုင် နေသော လူတစ်ယောက်အနေဖြင့်မိမိ ပိုင်ဆိုင်သော ဆိုင်ကြီးကိုအခြားဆိုင်တွေ ထက် သာအောင်မည်သို့ပြုပြင်နိုင်သည် ကိုစိတ်ကူးကြည့်ရပါမယ်။ သင်တွေ့ဖူးသ မျှသော ကုန်စုံဆိုင်ကြီးများ၏ အခင်းအ အကျင်းအပြင်အဆင်များ လိမ်းချယ် ထားပုံကအစ ပြုပြင်စရာတွေအမြောက် အများကို သင်စိတ်ကူးထဲမှာ ရှာတွေ့လာ နိုင်မှာဖြစ်ပါတယ်။ အဲ့ဒါအပြင် သင့်ရဲ့ ကုန်စုံဆိုင်တွင် အခြားဆိုင်ကြီးများထက် မည်သို့မည်ပုံ ကုန်ပစ္စည်းထားရှိရောင်းချ နိုင်မလဲဆိုတာကို စိတ်ကူးထုတ်ကြည့်နိုင် ပြန်ပါတယ်။
လက်တွေ့အသုံးချနိုင်သော စိတ် ကူးသစ်များသည် လူတိုင်းလူတိုင်း၏ ဦး နှောက်ထဲမှာရှိနေသည်သာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့အားလုံးသည် တိုးတက်ကောင်း မွန်အောင် ပြုပြင်နိုင်သည့် အကြောင်းအ ရာတွေကို တစ်ခါမဟုတ်တစ်ခါတော့ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ လူတိုင်းလူ တိုင်းမှာ မော်တော်ကားတစ်စီး (သို့မ ဟုတ်) အိမ်တစ်လုံးအစရှိသော တွေ့မြင် နေကျအရာဝတ္ထုများတွင် လက်ရှိထက် တိုးတက်ကောင်းမွန်အောင် ပြုပြင်နိုင် သည့်အချက်အလက်များကို ရှာဖွေကြံဆ နိုင်ကြသည်သာဖြစ်ပါတယ်။ ဤသို့ရရှိ  လာသောစိတ်ကူးများကို သင်ကလက် တွေ့အသုံးချဖို့ မဖြစ်နိုင်ဘဲ ရှိချင်ရှိနေ မည်ဖြစ်သော်လည်း အဲသလိုမကြာခဏ စိတ်ကူးထုတ်လေ့ကျင့်ပေးရာက တိုး တက်ရင့်သန်လာမှာပါ။ နောက်ဆုံးမှာ လက်တွေ့အသုံးချနိုင်ပြီး သင့်ဘ၀အ တွက်အကျိုးထူးတွေကို ပေးမှာဖြစ်ပါ တယ်။
““ပင်ကိုယ်တီထွင်ဖန်တီးမှုသည်ကား၊ တကယ်တော့ အသစ်ကိုရှာဖွေတွေ့နိုင် သည့် မျက်လုံးနှစ်လုံးသာဖြစ်တယ်”” လို့ အတွေးအခေါ်ပညာရှင် တီဒဗလျူဟစ် ဂင်းစ်ဆိုသူက ပြောခဲ့ဖူးပါတယ်။ ကျွန်ုပ် တို့ အသစ်ကိုရှာဖွေကြည့်မြင်နိုင်သောအ ကျင့်ကို ကိုယ့်ဘာသာကိုယ်လေ့ကျင့် ဖန်တီးယူလို့ရပါတယ်။ မည်သည့်ဝတ္ထုကို မဆို ကျွန်ုပ်တို့သည် ယခင်ကတစ်ခါမှ မတွေ့ဘူး၊ မမြင်ဘူးသေးသည့် အနေနှင့် ကြည့်ရှုစမ်းသပ်ခြင်းဖြင့် စတင်ကြရတာ ပါ။ ပြီးရင် အဲ့ဒီအရာဝတ္ထုတွေကို ယခု ရှိရင်း စွဲထက်တိုးတက်အကောင်းမွန်လာ အောင်ပြုပြင် ဖြည့်စွက်ချက်တွေကို စိတ် ကူးထုတ်ကြည့်ပါတယ်။အမြဲတစေ ဆိုသလိုကျွန်ုပ်တို့ဟာ တူညီချက်များနှင့် ခြားနားချက်များကို ကြည့်ရှုဝေဖန်ပိုင်းခြားတတ်ဖို့ လိုပါတယ်။ အဲသလို တူညီချက်နှင့်ခြားနားချက်ကို ဝေဖန်ပိုင်းခြား တတ်တာဟာ စိတ်ကူး ဉာဏ်၏သော့ချက်ကို ရှာဖွေတွေ့ရှိဖြစ်ပါ တယ်။
ဝင်းဇော် (သုံးဆယ်)
The Hot News ဂျာနယ်
http://www.hotnewsweekly.com/archives/3163

ဘကြီးသက်
Unknown at 9:43 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.