မြန်မာ နိုင်ငံရေး အပြာင်းအလဲ များနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း စဉ်များ၊ နိုင်ငံသား အားလုံး ပါဝင်နိုင်မည့် နိုင်ငံရေး လုပ်ငန်းစဉ် တစ်ရပ် ဖော်ဆောင် နေမှုကြောင့် ပြည်ပအတိုက်အခံများ ကြား နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဦးဆောင် သော အစိုးရ အဖွဲ့ ပေါ်ယုံကြည် မှု တိုးလာကြောင်း ဇွန်လ၁ ရက် နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော ABSDF ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန် က ပြောကြားသည်။
အဆိုပါ ပြောကြားချက်ကို စက်တင်ဘာ လ ၂ ရက်နေ့ ရန်ကုန်မြို့ ဦးဝိစာရ လမ်းရှိ ငြိမ်းချမ်းရေး စင်တာ တွင် ကျင်းပ ပြုလုပ်သော အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ ဦးအောာင်မင်း နှင့် တွေ့ဆုံသည့် ပွဲတွင် သတင်းထောက်များအား ဦးမိုးသီးဇွန် ပြောကြားခဲ့သည်။
“ ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးမှု ရလဒ်အရ အစိုးရနဲ့ ယုံကြည်မှု တော်တော် တည်ဆောက် နိုင်ခဲ့တယ် ပြည်ပ အတိုက်အခံတွေလည်း ယုံကြည်မှု တော်တော်လေး ရလာကြပြီ၊ ကျွန်တော်တို့လိုပဲ ပြည်ပက လူတွေ အများကြီး ပြန်လာ ကြဦးမယ် ” ဟု ဦးမိုးသီးဇွန်က ဆိုသည်။
ငြိမ်းချမ်း ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ကလည်း “ကျွန်တော်တို့ ငြိမ်းချမ်းရေး ကိစ္စ တွေ ၊ All Inclucive လူတွေ အားလုံး ပါဝင်နိုင် မယ့် နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ခုလိုမျိုး ပဲ ပွင့်လင်း မြင်သာမှု ရှိရှိ ဆက်လက် လုပ်ဆောင်သွားပါမယ် ၊ ဘယ်သူ့မှ ချန်မသွားဘူး ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
ABSDF ဥက္ကဋ္ဌ ဟောင်း ဒေါက်တာနိုင်အောင် ၊ ဒေါက်တာသောင်းထွန်း၊ ဦးညိုအုန်းမြင့် ၊ ABSDF ဥက္ကဋ္ဌ ဟောင်းနှင့် လူ့ဘောင်သစ် ဒီမိုကရေစီ ပါတီခေါင်းဆောင် ဦးမိုးသီးဇွန် အပါအ၀င် ၊လူ့ဘောင်သစ် ဒီမိုကရေစီ ပါတီဝင် များသည် သြဂုတ်လ ၃၁ ရက်နေ့ နှင့် စက်တင်ဘာလ ၁ ရက်နေ့တို့ တွင် မြန်မာနိုင်ငံသို့ ဆက်တိုက် ပြည်တော်ဝင်ခဲ့ ကြသည်။
The Voice Weekly

ဘကြီးသက်

0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge