Sunday, September 2, 2012

ဗဟိုဘဏ် ဖွဲ့စည်းပုံအသစ် အတည်ပြု




From : ခေတ်လူငယ်
ဗဟိုဘဏ် သီးခြားရပ်တည်ဖို့ ဖွဲ့စည်းပုံအသစ်ကို အစိုးရအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်ပြီး ဖွဲ့စည်းပုံအသစ်အရ ဝန်ထမ်းဦးရေ နှစ်ဆကျော် ပိုမိုပါဝင်တယ်လို့ ဗဟိုဘဏ်မှ သိရသည်။ ဗဟိုဘဏ်ဖွဲ့စည်းပုံအသစ်မှာ သူ့ကော်မတီနဲ့သူ ပါဝင်မှာ ဖြစ်တယ်။ ကော်မတီအသစ်မှာ ပညာရှင်တွေနဲ့ အရာထမ်း၊ အမှုထမ်းတွေ အများကြီးခန့်ဖို့ လိုအပ်ပါတယ်။ ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက “လက်ရှိ ဖွဲ့စည်းပုံမှာ လူဦးရေ ၁၂၀၀ ရှိတယ်၊ ဖွဲ့စည်းပုံအသစ်မှာ ၂၅၀၀ လောက် ဖွဲ့မှရမယ်” လို့ ပြောပါတယ်။ ဗဟိုဘဏ် သီးခြားရပ်တည်တာက ခွဲထွက်တာမဟုတ်ဘဲ ငွေကြေးမူဝါဒ ချမှတ်ဖို့ လုပ်ပိုင်ခွင့်ရရှိတာ ဖြစ်တယ်။ သည်အချိန်မှာ အတိုးနှုန်း ပြောင်းချင်ရင် အစိုးရအဖွဲ့ကို တင်ပြရပါတယ်။ ဗဟိုဘဏ် သီးခြားရပ်တည်ရင် ငွေကြေးမူဝါဒတွေဖြစ်တဲ့ အတိုးနှုန်း၊ နိုင်ငံခြားငွေဈေးကွက်၊ သီးသန့်ငွေကြေး ထားရမယ့်အချိုး၊ ငွေတိုက်စာချုပ် အရောင်းအဝယ်၊ ငွေစက္ကူကျပ်ငွေ ထုတ်ခွင့်တွေကို ဗဟိုဘဏ်ရဲ့ အဆုံးအဖြတ်နဲ့ လုပ်ကိုင်နိုင်မှာ ဖြစ်တယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ အစိုးရရငွေ၊ သုံးငွေ၊ အခွန်စတဲ့ မူဝါဒတွေသာ ချမှတ်မှာ ဖြစ်တယ်။ ဗဟိုဘဏ် သီးခြားရပ်တည်ပြီ ဆိုရင်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ နီးနီးစပ်စပ် ပူးပေါင်းလုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရတယ်။ ဗဟိုဘဏ် သီးခြားရပ်တည်ဖို့ ၁၉၉၀ ပြည့်နှစ်က ဗဟိုဘဏ်ဥပဒေကို ပြင်ဆင်ရေးဆွဲရမှာ ဖြစ်တယ်။ ဘတ်ဂျက်ကလည်း သီးခြားဖြစ်ရမယ်လို့ သိရတယ်။ ၂၀၀၃-၂၀၀၄ ခုနှစ်အတွက် ဘတ်ဂျက်ကို ပြည်ထောင်စု အစိုးရထဲက ဘတ်ဂျက်နဲ့ပဲ ရေးဆွဲထားပါတယ်။ ဗဟိုဘဏ်က တာဝန်ရှိသူက “ဗဟိုဘဏ်ရဲ့ ဝင်ငွေတွေက ဘဏ်တွေအပေါ်ရတဲ့ ကြီးကြပ်ခ၊ ငွေတိုက်စာချုပ် အတိုးတွေ၊ ဗဟိုဘဏ်က ငွေကြေးအဖွဲ့အစည်းတွေဆီက ဘီလျံနဲ့ချီပြီး ငွေချေးပေးတဲ့ အတိုးတွေရမယ်၊ ဘတ်ဂျက်ဘယ်လိုလုပ်မယ် ဆိုတာ ခုထိ မဆုံးဖြတ်ရသေးဘူး” လို့ ဆိုတယ်။ ဗဟိုဘဏ် ဖွဲ့စည်းပုံ အသစ်အရ လိုအပ်တဲ့ ပညာရှင်နဲ့ ဝန်ထမ်းတွေကို ပြည်တွင်း ကနေ ခေါ်ယူမှာဖြစ်တယ်။ အထူးကိစ္စရပ် အနေနဲ့ စီးပွားရေး တက္ကသိုလ်က ပါမောက္ခကို ခန့်မယ်ဆိုရင်တော့ ဝန်ကြီးဌာနနှစ်ခု ညှိနှိုင်းပြီး ခန့်မယ်လို့ သိရပါတယ်။ ဖွဲ့စည်းပုံနဲ့ လိုအပ်တဲ့ ဥပဒေတွေ လွှတ်တော်မှာ ဆွေးနွေးအတည်ပြုပြီးရင် ဗဟိုဘဏ်သီးခြား ရပ်တည်မှာဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 9:27 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.