Wednesday, May 2, 2012

ဇဗ္ဗူသီရိမြို့နယ်က ဒေသခံများ စုငွေ(၃)ဆအား ပြည်ခိုင်ဖြိုးပါတီက ချေးယူနိုင်

အောင်ကိုကိုလတ် (မြစ်မခ)
ဧပြီ(၂)ရက်၊၂၀၁၂ခုနှစ်။

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တွင် ဒေသခံများအဆင်ပြေစေရန်အတွက် ‘မြစိမ်းရောင်’ အမည်အဖြင့် ငွေစု ငွေချေး လုပ်ငန်များအား   ဆောင်ရွက်ပေးနေကြောင်း ပြည်ခိုင်ဖြိုးပါတီက သိရှိရသည်။

မြစိမ်းရောင် လယ်ယာကုန်ထုတ်နှင့် လက်လုပ်လက်စားငွေစုငွေချေးအသင်းသည် ငွေစုငွေချေးရာ၌ ငွေချေးသူ ၏ စုငွေနူန်းအပေါ်တွင် (၃)ဆထုတ်ချေးပေးပြီး အတိုးနူန်းမှာ (၂)ကျပ် ဖြစ်ကြောင်း သိရသည်။ ဥပမာ-(စုငွေ ၁ သိန်း ကျပ်× ၃ဆ= ချေးငွေ ၃သိန်း ကျပ်)

“ဘယ်သူကိုပဲဖြစ်ဖြစ် ချေးပေးပါတယ်။ အားလုံး အဆင်ပြေအောင်လုပ်တာပါ။ ငွေးချေးမယ်ဆိုရင်တော့ စုငွေ ရဲ့၃ဆကိုထုတ်ပေးတာပါ။ ကန့်သတ်ချက်တော့မရှိပါဘူး”ဟု လယ်ယာကုန်ထုတ်နှင့် လက်လုပ်လက်စား ငွေစု ငွေချေး ‘မြစိမ်းရောင်’ အသင်း၏ အတွင်းရေးမှူး ဦးဝင်းဌေးကပြောသည်။

အဆိုပါ ငွေစုငွေချေးလုပ်ငန်းအား ၂၀၁၁ ခုနှစ် မေလပိုင်းမှ စတင်လုပ်ကိုင်ခဲ့ပြီး လက်ရှိ (၁)နှစ်တာကာလတွင်း ငွေစုငွေချေးသူ (၁၀၀၀)ဦးရေဖြင့် လည်ပတ်လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရသည်။
 
 “ကျွန်တော်တို့တော့ မချေးနိုင်ပါဘူး။ အသင်းက စုငွေအပေါ်မှာ ငွေထုတ်ပေးတာဆိုတော့ အရင်းအနှီး လိုတယ်။ ကျွန်တော်တို့ မတက်နိုင်တဲ့သူတွေတော့ နည်းနည်းခက်တယ်”ဟု သပြေကုန်းဈေးတွင် ကုန်စိမ်း ရောင်းသူ ကိုဝေတွန်းကပြောသည်။

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ ကျေးရွာအုပ်စု(၃)ခုနှင့် ရပ်ကွက်(၂)ခုတွင် ‘မြစိမ်ရောင်’ ငွေစုငွေချေးလုပ်ငန်း (၈)ခု ဖွင့်ထာပြီး၊ အဆိုပါ ဒေသခံတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်သူများနှင့် လက်လုပ်လက်စား (နေ့စား သမား) သမား အများစုနေထိုင်ကြောင်း သိရသည်။

 “အသင်းက အခြေခံလူတန်းစားတွေကို ဦးတည်ထားတာမျိုး တွေ့ရတယ်။ စိုက်ပျိုးချိန်မှာဆိုရင် တော်တော် လေး အဆင်ပြေပါတယ်။ အရင်းအနှီးလုပ်လိုတဲ့သူတွေအတွက်တော့ အဆင်ပြေတယ်” ဟု မြို့မဈေးအနီးတွင် ဆိုင်ကယ် (Taxi) ပြေးဆွဲနေသူ ဦးတင်ဌေးက ပြောသည်။
 Shwe Myitmakha Media Group
သစ်ထူးလွင်
Unknown at 8:58 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.