Wednesday, May 2, 2012

အပေါင်းသုည လူ့အဖွဲ့အစည်း




By Cloud Cuckoo Land in Big Brothers & Sisters 

"Zero-Sum Game"ဆိုတဲ့ အပေါင်းသုညယှဉ်ပြိုင်မှုမျိုးကို နားလည်လာခဲ့ တာကြာပြီ၊ ဒီကတစ်ဆင့် အပေါင်းသုညလူ့အဖွဲ့ အစည်းဆိုတဲ့ Zero-Sum Sociey ဆိုတာကိုလည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်ဖို့ လက်တွေ့များထဲမှာ ကြိုး စားကြည့်မိပါတယ်။
နှစ်ဖက်စလုံးအကျိုးမရှိတဲ့ ယှဉ်ပြိုင်မှုမျိုးဟာ အပေါင်းသုည ယှဉ်ပြိုင်မှုမျိုး ပဲဖြစ်ပြီး ဘယ်လူတန်းစား မှပြည့်ပြည့်ဝ၀ အကျိုးမရှိနိုင်တဲ့၊ အများစုဆင်း ရဲဒုက္ခရောက်နေစေတဲ့ လူ့အဖွဲ့အစည်းမျိုး ဟာလည်း အပေါင်းသုညလူ့ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။
လူ့တန်ဖိုးကိုမြှင့် တင်နိုင်ဖို့ အတွက် ဒါမှမဟုတ် လူသားကမ္ဘာကြီး ကို ပို မိုကောင်းမွန်စေ ဖို့အတွက် ကြိုးပမ်းကြရာမှာ လူအမျိုးမျိုး စိတ် အထွေထွေ ဆိုသလို ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ဆောင်ရွက် ကြတာဖြစ်လေတော့ မတူတဲ့ အယူအဆ၊ အတွေးအခေါ်၊ လုပ်နည်းလုပ်ဟန်တွေဟာ ဓမ္မတာပဲ ပေါ်ပေါက်လာ တတ် ပါ တယ်။
သွေး စည်းညီညွတ်မှုကို ပျက်ပြားစေတဲ့ အဲဒီအပြု အမူတွေကြောင့် အတော် များများဟာ "ငါ့လှေငါထိုး ပဲခူး ရောက်ရောက်"ဖြစ်ကြတာပါပဲ။ ပြိုသွားတဲ့တောင် တစ်တောင်၊ အစည်းပြေသွားတဲ့ ဝါးတစ်စည်းဟာ အကောင်းပကတိပြန်ဖြစ်ဖို့ခက်ပါတယ်။ အယူအဆကိုယ်စီနဲ့ ကိုယ်ချီတက် လုပ်ကိုင်နေကြတဲ့ လူ့အဖွဲ့ အစည်းဟာလည်း အဲဒီလိုပဲဖြစ်ပါ လိမ့်မယ်။ သွေးကွဲနေတဲ့၊ မညီညွတ်တဲ့အတွက် ဘယ်ဘက်ကမှ အသာစီးမရနိုင်သလို အကျိုးရှိဖို့ဆိုတာ ခက်လှပါတယ်။
နှစ်ဖက် ဒါမှမဟုတ် ဒါထက်များတဲ့ ဘက်တွေဟာ သုညနဲ့သာ စခန်းသွား ရပါလိမ့်မယ်။ တိုးတက်မှုမရှိဘဲ ဆင်းရဲမွဲတေတဲ့ တိုင်းပြည်တစ်ပြည်ကို အသေ အ ချာ လေ့လာမယ်ဆိုရင် ကာလ ရှည်ကြာစွာ ဝါးအစည်းပြေသလို ညီညွတ်မှု ပြိုကွဲနေတဲ့ အခြေအနေကို တွေ့ရလိမ့်မယ်။ တစ်ဦးကိုတစ်ဦးနိုင်လို မင်းထက် နဲ့ ပြုမူဆောင်ရွက်ကြတဲ့ မြင်မကောင်း ရှုမကောင်းမြင်ကွင်း တွေကို တွေ့ရပါလိမ့်မယ်။
တကယ် တော့ အချိန်တိုကလေးအတွင်း ပြိုကွဲ သွားတဲ့ ပြိုကွဲမှု တစ်ခုဟာ ကာလ အတော်ကြာတဲ့အထိ ပြန်လည်တည့် မတ်တည်ဆောက်နိုင်ဖို့ ခက်ခဲတတ် ပါတယ်။ ယုံကြည်မှုမရှိကြတဲ့ လူအချင်း ချင်း၊ ယုံကြည်မှု တည်ဆောက်လို့မရတဲ့ အခြေအနေများအတွင်း ငြိမ်းချမ်း ရေး ချိုးငှက်တွေ မပျံဝဲနိုင်ကြသလို ဆက်လက်ရှင်သန်သီးပွင့်လာမယ့် အသီးအပွင့်ဆိုတာတွေ လည်း တွေ့ မြင်ရဖို့ ခက်ခဲနေတတ်ပါတယ်။
ကန္တာရဆန်ဆန် အခြေအနေတွေ အောက်မှာ မွန်းကျပ်ပင်ပန်းနေတတ် ကြပါတယ်။ မြေဇာပင်တွေ ကတော့ မြေမှာပြားပြားဝပ်လို့ပါပဲ။ ဒီလိုအခြေအနေ မျိုး ဟာ ကောင်းမှုထက်ဆိုးမှုတွေကို သယ် ဆောင်လာတတ်ပါတယ်။ ပြိုင်ဘက် နှစ်ဖက် ဒါမှမဟုတ် များပြားလှတဲ့ ပြိုင်ဘက်တွေဟာ သွေးစည်းညီညွတ် မှုထက် ပြိုကွဲပျက်စီးမှုဘက်ကို ဦးတည် နေတတ်ကြတယ်။
နှစ်ဖက်စလုံး ဒါမှ မဟုတ် ဒါထက် ပိုမိုတဲ့ဘက်အသီးသီးဟာ အနာဂတ်ပျောက်နေကြပြီး ဘယ်သူမှ အကျိုးမရှိနိုင်တဲ့ "Zero-Sum Game"အပေါင်းသုညအခြေ အနေကို ရောက်သွား တတ်ကြတယ်။ သူလည်း မသာ ကိုယ်လည်းနာ နေကြလေတော့ အားလုံးဟာ သုည ဘဝမှာပဲ ယက်ကန်ယက်ကန်ဖြစ်နေ ကြရတာ မဆန်းပါဘူး။ တစ်ဖက်နဲ့ တစ်ဖက် လုံးဝအလဲထိုးအနိုင်ယူနိုင် ကြတာ မဟုတ်လေတော့ ထိပ်တိုက် တွေ့ကြရတာကလွဲလို့ ဘာအကျိုးမှ မရှိနိုင်ကြဘူး။
သူ့မယုံ ကိုယ့်မယုံဘဝ ကနေ သူ့အကျိုးစီးပွားပျက်စီးရာ ပျက်စီးကြောင်း ရှာကြံရင်း ကိုယ်ပါ တဖြည်းဖြည်းပြိုကျပျက်စီးရတဲ့ အဖြစ် မျိုးကို ရောက်ခဲ့ကြရတာ အမှန်ပါ။ အပေါင်းသုညဖြစ်တည်မှုတွေကို ကမ္ဘာအနှံလက်ညှိုးထိုးမလွဲအောင် အနည်းနဲ့အများတွေ့နေရတယ်။ အင်မတန်ရင်နာစရာ၊ စက်ဆုပ် စ ရာ ကောင်းတဲ့ အနိဋ္ဌာ ရုံတွေကိုလည်း သူတို့နဲ့ ယှဉ်တွဲတွေ့ရှိရတတ်တယ်။ ဘယ်လိုပဲ ဖုံးကွယ်ဖုံးကွယ် အဲဒီလို အပေါင်းသုညအခြေအနေဟာ ပုပ်ရာ ကပေါ်ပြီး ဟုတ်ရာက ကျော် လာတတ်တယ်။
တစ်ခါတစ်ခါမှာ တချို့က ခုံ ဖိနပ်စုတ်ကို ဆေးသုတ်ပြီး စီးသလို အသစ်လို့ဟန်ဆောင်ရင်း အပေါင်း သုညအခြေအနေတွေကို ဖုံးကွယ် တတ်ကြတယ်။ ဒါဟာ ကာလ တစ်ပိုင်းသာ လိမ်ညာဟန်ဆောင် နိုင်ပေမဲ့ ကြာလာလေဆိုးလေ ကြာလာလေဆိုးလေနဲ့ ဖွပ်ရင်းညစ်လို့သာ သွားတတ်တယ်။ နှစ်ဖက် စလုံးအကျိုးမ ရှိတဲ့ အခြေအနေမျိုးကို ခေတ်တိုင်း ခေတ်တိုင်း၊ နေရာတိုင်း ထောင့်တိုင်းမှာ တွေ့ရတတ်တယ်။ ဒါကို ရှောင်လွှဲဖို့ လည်းခက်တယ်။ နှစ်ဖက်စလုံးရဲ့ တည် ကြည်မှု၊ အမြော်အမြင်ရှိမှု၊ အများအတွက် ဦးစားပေးမှုဆိုတဲ့ အရည်အချင်းတွေ အားနည်းလာတဲ့ အခါ ဝိရောဓိတွေ၊ ပဋိပက္ခတွေ ဖြစ်ပေါ်လာရာက အစချီ ပြီး နောက် ဆုံးမှာ နှစ်ဖက်အကျိုးမရှိဘဲ ဖြစ်သွား တတ်တယ်။
ဒီတော့လည်း တစ်ဖက်နဲ့တစ်ဖက် အရာအားလုံးဟာ တဖြည်းဖြည်း ဝေးကွာသွားတာမဆန်းပါဘူး။ ရင်ကြားစေ့ဖို့ခက်တဲ့၊ မျက်နှာချင်းဆိုင် ဖို့ခက်တဲ့ ခက်ခဲမှု အမျိုးမျိုးဟာ ဘယ်လိုလုပ်ပြီး သွေးစည်းညီညွတ်မှု ကို တည်ဆောက်နိုင်ပါ့မလဲ။ ညီညွတ် မှုကင်းမဲ့သွားမှတော့ ပြိုကွဲကျဆုံးမှုဟာ မြေကြီးလက် ခတ်မ လွဲဖြစ်ပေါ်တော့မှ ဒီကတစ်ဆင့် နှစ်ဦးနှစ်ဖက် စလုံး အကျိုး ယုတ်စေမယ့် အခြေ အနေဆိုးများဟာ အဲဒီနိုင်ငံ၊ အဲဒီ ဒေသကို မျိုဝါးသွားပါလိမ့်မယ်။ တ ကယ်တော့ အဲဒီတိုင်းနိုင်ငံရဲ့ ကောင်းမှု၊ ဆိုးမှုတွေဟာ သူထွေးပွေ့ ထားတဲ့ ပြည်သူလူထုကြီးကို ပြဋ္ဌာန်း ပါတယ်။
ဒါကြောင့်လည်း အပေါင်း သုညအခြေအနေကို ရောက်သွားတဲ့ ဒေသတွေက လူတွေခမျာ သုညဘဝမှာ လူဖြစ်ရှုံးသွားရတာ မဆန်းပါဘူး ။ မြန်မာ ဆိုရိုး စ ကားကို ကိုးကားပြီး ပြောရရင်တော့ ကျွဲနှစ်ကောင်ခတ်တဲ့ ကြားက မြေဇာပင်တွေလို အထိနာရ တာပဲဖြစ် ပါတယ်။ ဒီအခြေအနေမျိုးတွေက လွတ် မြောက်ဖို့ ဆိုရင် နှစ်ဖက်စလုံးဟာ ရင်ကျယ်ဖို့၊ သဘောထားကြီးဖို့နဲ့ ခွင့်လွတ်တတ်ဖို့ လိုပါတယ်။ အပေးအယူ အလျှော့အတင်းလုပ်နိုင်ဖို့ လိုပါတယ်။
တင်းမာတဲ့သဘောထား တွေအစား အားလုံးလက်ခံနိုင်တဲ့ ပျော့ပျော့ပျောင်းပျောင်း သဘောထား အမြင်တွေ ရှိရပါလိမ့်မယ်။ သူ့မျက် ချေးကို လက်ညှိုး ထိုးပြ တာထက် ကိုယ့်မျက်လုံးလည်း သန့်ရှင်းနေ အောင် ကြိုးစားထားရပါလိမ့်မယ်။ ဒီနေရာမှာ တစ်ဖက်ဖက်က သဘော ထားမှန်မှန်နဲ့ တင်ပြတာတွေ ကို သဘောရိုးနဲ့ပဲ လက်ခံဆွေးနွေးနိုင်ကြရင် ကောင်းပါတယ်။ ကိုယ့်ဘက် က အသာစီးရပြီဆိုတဲ့အတွေးမျိုး အယူအဆမျိုးနဲ့ တစ်ဖက်ရဲ့အားနည်း ချက်ကိုရှာပြီး အနိုင်ယူလိုတဲ့ စိတ်ဓာတ်မျိုးနဲ့သာဆိုရင်တော့ အလုပ် ဖြစ်မှာ မဟုတ်ပါဘူး။
အပေါင်းသုညလူ့အဖွဲ့အစည်း ဆိုတာမျိုးဟာ ကြိုဆိုစရာကောင်းတဲ့ လူ့အဖွဲ့အစည်းမျိုးမဟုတ်တာ သေချာပါတယ်။ ကောင်းမှု ထက်ဆိုး မှုကိုပဲ ပေးပါ လိမ့် မယ်။ ထွန်းပတဲ့ အနာဂတ်ထက် မှောင်မည်းနေတဲ့ သုညကမ္ဘာ ထဲကို ဆွဲခေါ်သွားပါလိမ့်မယ်။ ဖြူဖြူ- မည်းမည်း-ညိုညို-ဝါဝါ ဘယ်သူ မှ နှစ်သက် လက် ခံနိုင် စရာ ရှိမှာ မဟုတ်ပါဘူး။ တကယ်တော့ သဘော ထားကြီး တဲ့၊ အမြော်အမြင်ရှိတဲ့၊ ညှိနှိုင်း ဆွေးနွေးတိုးတက်တဲ့ ကမ္ဘာမျိုး ကသာ မျှော်လင့်စရာ ကမ္ဘာပဲဖြစ် ပါလိမ့်မယ်။ 
written by ထက်ကျော်
အခွင့်အလမ်း
Unknown at 8:56 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.