Wednesday, May 2, 2012

ပြည်ပမှ မော်တော်ယာဉ်စက်ရုံ လာရောက်တည်ထောင်လိုသည့် ကုမ္ပဏီ(၇)ခုရှိကြောင်း စက်မှုဝန်ကြီးပြောဆို

ကျော်ဇင်မန်း(မြစ်မခ)
ဧပြီ(၂)ရက်၊၂၀၁၂ခုနှစ်။

ပြည်ပမော်တော်ကားကုမ္ပဏီများမှ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်စက်ရုံများလာရောက် တည်ထောင်ခွင့် တောင်းထား သော ကုမ္ပဏီ(၇)ခုခန့်ရှိပြီဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်ဥက္ကဌ ဦးစိုးသိန်းက နေပြည်တော်စက်မှုဝန်ကြီးဌာနတွင်ပြုလုပ်သော သတင်းထောက်များနှင့်တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

“လာပြောတဲ့ ကုမ္ပဏီတွေများတယ်။ (၇)ခုလောက်တော့ ရှိမယ်ထင်တယ်။ မီဆူဘီရှိရော၊ ဆူဇူကီးရော များတယ်။   နောက်ပိုင်းလည်းလာကြမှာပဲ။  အဲတော့ အကောင်းဆုံးကုမ္ပဏီကို ကျွန်တော်တို့ ရွေးချယ်ပြီး ခွင့်ပေးဖို့ပဲ တာဝန်ရှိတယ်။ မစ်ဆူဘီရှီတို့၊ မာရိုဘီနီတို့၊ ဆူဇူကီးတို့က မားကတ် အီကိုနော်မီဖြစ်တဲ့အတွက် ကျတော်က open ပဲ”ဟု စက်မှုဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောခဲ့သည်။

ကမ္ဘာကြီးအားလုံးက တံခါးဖွင့်လိုက်သောကြောင့် မိတ်ဆွေအများအပြားနှင့်တွေ့ရသောကြောင့် နိုင်ငံတကာ ရင်းနှီး မြုပ်နှံ မှုများနှင့် ပတ်သတ်၍ နားလည်လာကြောင်း ယခင်က မိတ်ဆွေတစ်ယောက်သာရှိ၍ တစ်ယောက်ကိုသာ နားလည်ခဲ့သည့် အတွက် လက်ရှိတွင် မည်သည့်နိုင်ငံမဆို လာရောက်လာရောက် ခွင့်ပြုကြောင်း၊ မိမိနိုင်ငံအပေါ် မည်မျှအကျိုး ရှိမည် ဆို သည်ကို စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

“လာချင်တဲ့နိုင်ငံကလာ ခွဲခြားလို့မရဘူး။ ကျတော့်နိုင်ငံ ဘယ်လောက်အကျိုးရှိမလဲဆိုတာကိုပဲ ကျတော်တိုင်းတာမယ်။ အခွန်ကျကျနန ရတယ်၊ သဘာဝပတ်ဝန်းကျင် မထိခိုက်သော ပြည်သူလူထုကိုမထိခိုက်သော ဒီလိုဟာတွေ အကောင်းဆုံး ကို ရွေးချယ်မှာ နောက်တစ်ခုကတော့ ဒီစက်ရုံကြီးလာတည်ဆောက်တဲ့အတွက် တိုင်းပြည်က ဘယ်လောက်အခွန်ရလဲ ဆိုတာ ပြည်သူလူထုကိုချပြလို့ရအောင် အဲဒီလို၊ တိုးတိုးတိတ်တိတ် လုပ်ပေးလို့မရဘူး။ လာဘ်တွေဘာတွေထိုးပြီးတော့ ဒီကုမ္ပဏီလုပ် ဟိုကုမ္ပဏီတော့မလုပ်နဲ့ ဒါမျိုးမဟုတ်ဘူး”ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံတကာမော်တော်ကားထုတ်လုပ်သည့်စက်ရုံများရောက်ရှိလာပါက မြန်မာနိုင်ငံအတွင်းတွင် လူတိုင်းလိုလို မော်တော်ကား များစီးနင်းခွင့်   ရနိုင်ကြမည်ဖြစ်ကြောင်း၊ ဈေးနှုန်းကြီးမြှင့်ခြင်းမျိုးမရှိပဲ နိုင်ငံတကာ ဈေးနှုန်းအတိုင်းသာ ရှိနေမည်ဖြစ်ကြောင်း ကားဝယ်ရောင်းလုပ်သက် (၁၅)နှစ်ကျော်ရှိသူ ဦးကျော်ကပြောသည်။
 
“တကယ်တမ်းသာလာခဲ့မယ်ဆိုရင် စက်ရုံတွေက အပြိုင်အဆိုင်ထုတ်ကြမယ်။ သူ့ထက်ငါရောင်းရအောင် ဈေးတွေ လျော့ပေးကြမယ်။ ဒီလိုမျိုးတွေဖြစ်လာရင် နောက်ဆက်တွဲအနေနဲ့ အလုပ်အကိုင်ပြနိုင်တဲ့သူတွေ အတွက် သက်သာမယ့် အရစ်ကျစနစ်တွေ အလိုလိုပေါ်လာမှာ။ ဒါဆိုရင် ပြည်သူတွေအတွက် သိပ်ကောင်းတာပေါ့။ အဓိကအချက်ကတော့ ကားကောင်းတွေလာရင် မောင်းနှင်ဖို့ လမ်းကောင်းတွေ အသင့်ရှိနေဖို့ပဲ လိုတာပါ” ဟု ၎င်းကပြောသည်။
 Shwe Myitmakha Media Group
သစ်ထူးလွင်
Unknown at 8:59 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.