Wednesday, May 2, 2012

အာဆီယံသိပ္ပံ လေ့ကျင့်ရေးစခန်းမှဖိတ်ခေါ်




အစ္စရေးနိုင်ငံတွင် ယခုနှစ်ကျင်းပမည့် အာဆီယံသိပ္ပံပညာ လေ့ကျင့်ရေးစခန်း (Asian Science Camp)က မြန်မာနိုင်ငံမှ သိပ္ပံပညာ ထူးချွန်ကျောင်းသာများကို တက်ရောက်ရန် ပထမဆုံးအကြိမ်အဖြစ် ဖိတ်ကြားထားကြောင်း Asian Science Camp ၏ မြန်မာနိုင်ငံ တာဝန်ခံ ဦးဇော်နိုင်က ပြောသည်။
အဆိုပွဲကို အစ္စရေးနိုင်ငံ ဂျေရုစလင် မြို့ရှိ ဟီဗရူးတက္ကသိုလ်တွင် ဩဂုတ်လ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပ မည်ဖြစ်ပြီး အာရှတစ်ဝန်းမှ ထူးချွန် ကျောင်းသား ၂၅၀ အနက်မှ မြန်မာ ကျောင်းသားငါးဦးနှင့် အုပ်ထိန်းသူ တစ်ဦးကို ဖိတ်ကြားထားသည်။
"အသက် ၁၈ နှစ်ကနေ ၂၁ နှစ်အတွင်း အခြေခံပညာအထက်တန်း (သိပ္ပံတွဲ) တက်နေသူတွေနဲ့ တက္ကသိုလ်၊ ကောလိပ် တစ်ခုခုမှာ သိပ္ပံပညာ၊ ဒါမှမဟုတ် နည်းပညာဘာသာရပ်တစ်ခုခု တက်နေတဲ့ ကျောင်းသားများတွေ လျှောက်လို့ရ ပါတယ်"ဟု ဦးဇော်နိုင်က ပြောသည်။
အဆိုပါပွဲကို နိုဗယ်ဆုရသိပ္ပံပညာရှင် နှစ်ဦးက ဦးစီးပြီး နှစ်စဉ် ကျင်းပလာခဲ့ရာ ကမ္ဘာတစ်ဝန်းမှ ကျောင်းသားများနှင့် ထင်ရှား ကျော်ကြားသော သိပ္ပံပညာရှင် များ တက်ရောက်ပြီး စိတ်ဝင်စားသူများ အနေဖြင့် Asian Science Camp ၏ မြန်မာနိုင်ငံတာဝန်ခံ ဦးဇော်နိုင် (Myanmar Credent Technolgy) ဖုန်း ၆၅၂ ၂၈၅၊ ၆၅၂ ၂၈၆ နှင့် အီးမေးလ် zawnaing72@gamil.com သို့ ဆက်သွယ် နိုင်သည်။

 Myanmar Express
Unknown at 1:48 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.