Wednesday, May 2, 2012

သုံးခွမြို့ နယ် ပင်လယ်ကမ်းခြေကျေးရွာတွေမှာ အ၀ီစီတွင်းရေ ထွက်ရှိပြီ





သုံးခွမြို့ နယ် ပင်လယ်ကမ်းခြေကျေးရွာများမှာ အသစ်ထူးဖော်ထားတဲ့ အ၀ီစီတွင်းရေ ကိုတွေ့ ရစဉ် (ဓါတ်ပုံ-ပိုးအိဖြူ)
ရေရှာပါးပြတ်လပ်မှုဒဏ်ခံနေရတဲ့ ရန်ကုန်တိုင်း သုံးခွမြို့ နယ် ပင်လယ်ကမ်းနားက
ရွာတွေမှာ ရက်ပိုင်းအတွင်း တူးဖော်လိုက်တဲ့ အ၀ီစီတွင်းတွေကနေ ရေချိုရေကြည်
တွေထွက်ရှိနေပြီလို့ သိရပါတယ်။


သာသာမြိုင်ရွာ၊ ဘိတ်သိတ်ရွာ၊ ရန်ကြီးအောင်ရွာ၊ ဟေမစလာရွာ အားလုံးပဲ
အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ NLD အဖွဲ့ရဲ့ကြိုးပမ်းမှုတွေကြောင့် ရေချို
ရေကြည်ရရှိ သုံးစွဲနိုင်ခဲ့တာဖြစ်ပါတယ်။ ကျေးရွာလူထုနဲ့ ရေလိုအပ်ချက်ဟာ မလုံလောက်သေးတာကြောင့် နောက်ထပ်လည်း ရေတွင်းတွေ
ထပ်ထူးဖို့ အစီအစဉ်တွေရှိတယ်လို့ သုံးခွမြို့ မှ NLD အဖွဲ့ ဝင် မပိုးအိဖြူ 

က ပြောပါတယ်။
 

"ရေလိုအပ်နေတဲ့ ရွာတွေအများကြီးရှိနေသေးတာကြောင့်  ရွာတွေမှာ အ၀ီစိတွင်း
တွေရအောင် ကြိုးစားပြီး အလှူရှင်တွေရှာကြ ရေတကယ်လိုအပ်နေတဲ့ ရွာတွေကို
ရေလှူရင်းနဲ့ ရေလိုအပ်နေတဲ့  ဓါတ်ပုံတွေရိုက်ပြီး ရွာတွေမဆင်းနိုင်တဲ့
အလှူရှင်တွေကိုပြရတာပါ ။ မိုးရွာလို့ ရွာတွေမှာ ပိတ်မိနေတဲ့
အချိန်တွေလည်းရှိပါတယ် ။ NLD အဖွဲ့သားတွေ ခက်ခက်ခဲခဲ နဲ့
ကြိုးပမ်းပြီးလှူကြရတာပါ ၊အရမ်းလည်းပင်ပန်းကြတာပါ " လို့   မပိုးအိဖြူ
က ဆက်ပြောပြပါတယ်။

သုံးခွမြို့နယ် NLD အမတ် ဒေါ်စုစုလွင် ရဲ့ ကိုယ်စားလှယ်တွေကလည်း ရေတွင်း
တူးဖော်နေတဲ့ ရွာတွေမှာသွားရောက် နေထိုင်ပြီး ရေရရှိတဲ့ အထိ ကြိုးပမ်းဆောင်
ရွက်နေကြကြောင်းသိရပါတယ်။

Myanmar News Now
Unknown at 7:16 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.