Wednesday, May 2, 2012

ဝှေဖလာရွှေမှော်မှ ရွှေတူးဖော်ရေးလုပ်ကွက်ကြောင့် လူနေအိမ်နှင့် ဆိုင်ခန်းများမှာ ပြိုဆင်းနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်တောကျေးရွာအုပ်စု၊
ဝှေဖလာရွှေမှော်မှ လူနေအိမ်နှင့် ဆိုင်ခန်းများမှာ နောင်တောကျေးရွာ
ဘုန်းတော်ကြီးကျောင်းဆောက်လုပ်
ရန် ရန်ပုံငွေအတွက်
အကွက်ရိုက်ရောင်းချခဲ့သော ဆိုင်ခန်းများဖြစ်ပါသည်။

 ရွှေကုမ္ပဏီလုပ်ကွက်မဆွဲခင်ကတည်းက နောင်တောကျေးရွာ 
ဘုန်းတော်ကြီးကျောင်းဆောက်လုပ်ရန်
ရန်ပုံငွေအတွက် ရောင်းချခဲ့သောနေရာများဖြစ်ပါ
သည်။
 
ကုမ္ပဏီလုပ်ကွက်ဆွဲသူများ ရှိလာပြီးနောက် ၎င်းနေအိမ်များကို
'ရွှေရောင်ကောင်းသောမိတ်ဆွေများ' ကုမ္ပဏီမှ နေရာဖယ်ခိုင်းခဲ့သည်။ 


ဤကိစ္စကိုဆိုင်ခန်းနှင့်၊ နေထိုင်သူပြည်သူများ မကျေနပ်၍ ဟုမ္မလင်းမြို့နယ်၊
ဒေသခံအာဏာပိုင်များအား 27-2-2012 တွင် တိုင်ကြားခဲ့ပါသော်လည်း
ပြေလည်အောင် မဖြေရှင်းပေးပဲ ကုမ္ပဏီဘက်မှ ရွှေတူးဖော်ရေးလုပ်ငန်းများကို
ဆက်လက်လုပ်ကိုင်နေခဲ့ရာ '' ရွှေရောင်ကောင်းသောမိတ်ဆွေများ "
ကုမ္ပဏီလုပ်ကွက်ကြောင့် ဟုမ္မလင်း-နောင်ပိုအောင်-ဝေဖလာ-
နမ့်တော
ကျေးရွာခြင်းဆက် ကားလမ်းဘေးကပ်လျှက် လက်ရှိနေထိုင်ကြသော လူနေအိမ်နှင့်
ဆိုင်ခန်းများမှာ ရွှေတူးဖော်ရေးလုပ်ကွက် ချောက်ကြီးထဲသို့ တဖြေးဖြေးနှင့်
ပြိုကျပျက်စီးလျှက်ရှိနေပါသည်။

 နောင်တောကျေးရွာအုပ်ချုပ်ရေးမှူး နှင့်
နေအိမ်ပျက်စီးသွားသူဘက်မှ  ရွှေကုမ္ပဏီမှတာဝန်ရှိသူအား
နေအိမ်ဝင်းအစားပေးရန် တောင်းခံခဲ့ပါသော်လည်း ကုမ္ပဏီဘက်မှ တာဝန်ယူ
ဖြေရှင်းပေးခြင်းမရှိသည့်အတွက် ဝှေဖလာရွှေမှော်နေ ပြည်သူများစိတ်သောက
ရောက်နေရကြောင်းကို သက်ဆိုင်ရာ ဒေသအာဏာပိုင် လူကြီးမင်းများနှင့်
အများပြည်သူများ သိရှိနိုင်ရန် တင်ပြခြင်းဖြစ်ပါသည်။  


အောင်ကျော် (ဟုမ္မလင်း)

Myanmar News Now





ဓါတ်ပုံ- ဝှေဖလာ
ရွှေမှော်သား

 
သစ်ထူးလွင်
Unknown at 12:52 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.