Wednesday, May 2, 2012

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးခွဲတစ်ခု နေပြည်တော်တွင် ဖွင့်လှစ်မည်



ဗြိတိသျှအစိုးရသည် ၄င်းတို့၏ နိုင်ငံခြားရေး ရုံးခွဲတစ်ခုကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံဟေ့ဂ်က ဧပြီ ၂၆ ရက်တွင် ပြောကြားသည်။ အဆိုပါရုံးခွဲကို နေပြည်တော်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ထိုသို့ ဖွင့်လှစ်ခြင်းအားဖြင့် ရန်ကုန်ညမို့ရှိ ဗြိတိသျှသံရုံး၏ လုပ်ငန်းဆောင်တာများ တိုးတက်မှုရှိစေရန် အထောက်အကူပြုမည့်အပြင် မြန်မာအစိုးရ၊ ပြည်သူတို့နှင့် ဆက်ဆံရေး တိုးမြှင့်ရန်အတွက် မိမိတို့၏ သဘောထားကို ဖော်ဆောင်ပြသခြင်းဖြစ်ကြောင်း ဟေ့ဂ်က ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ဗြိတိသျှအစိုးရက ၄င်းတို့၏ ရုံးခွဲအသစ် ဖွင့်လှစ်ခြင်းသည် နေပြည်တော်တွင် အခြေစိုက်သည့် မြန်မာအစိုးရဘက်မှ တာဝန်ရှိသူများနှင့် ပိုမိုလက်တွဲ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထိုသို့ လက်တွဲ၍ ဆွေးနွေးလုပ်ဆောင်ခြင်းသည် ဗြိတိန်-မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေးအတွက် အထူးပင် အရေးပါရုံသာမက နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုလည်း ပိုမိုထောက်ခံအားပေးရာ ရောက်ကြောင်းသိရှိရသည်။

Myanmar Express
Unknown at 9:00 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.