
အာဆီယံထိပ်သီး နိုင်ငံခြားရေးဝန်ကြီးများသည် လာမည့် ဇွန်လတွင် မြန်မာနိုင်ငံသို့ အလည်အပတ် ခရီးစဉ်တစ်ခုထက်ပိုသော ခရီးစဉ်တစ်ခု လာရောက်ရန်ရှိကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးဖြစ်သူ မစ္စတာဆူရင်မစ်ဆူဝမ်က ၁၉-၄-၂၀၁၂ ရက်တွင် အတည်ပြုပြောကြားလိုက်သည်။ “အာဆီယံရဲ့ အကြိမ် ၂၀ မြောက် ထိပ်သီးအစည်းအဝေးပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ နေပြည်တော်နဲ့ ရန်ကုန်ကို ဇွန်လရဲ့ တစ်ရက်ရက်မှာ လာရောက်ဖို့ ဖိတ်ကြားထားပါတယ်” လို့ မစ္စတာဆူရင်က အတည်ပြုပြောကြားသည်။ “အဲဒီကာလက ဖနွမ်းပင်မှာကျင်းပမယ့် ဇူလိုင်လရဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲမတိုင်မီ ကာလပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ၎င်း၏ အဆိုအရ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး ၁၀ ဦးစလုံး မြန်မာနိုင်ငံတွင် ရှိနေမည့် ကာလအတွင်း အရှေ့တီမောနိုင်ငံ၏ အာဆီယံဝင်ခွင့် လျှောက်ထားမှုကိစ္စနှင့် ထိပ်သီးခြောက်နိုင်ငံဖြစ်သည့် အမေရိကန်၊ ဂျပန်၊ ရုရှား၊ တရုတ်၊ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားနိုင်ငံများ ပါဝင်သည့် ၁၆ နိုင်ငံ နျူကလီးယားအရေး ဆွေးနွေးပွဲတို့ကို ဦးစားပေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Myanmar Express
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge