Wednesday, April 25, 2012

တရုတ်က မြေသိမ်းတဲ့ အရာရှိတွေကို အရေးယူ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစပြီး ဝုကန်ရွာသားတွေ ဆန္ဒပြခဲ့ကြ
တရုတ်နိုင်ငံမှာ ဟိုးလေး တကျော်ဖြစ်ခဲ့တဲ့ မြေသိမ်းခံရွာသားတွေ ဆန္ဒပြကြတဲ့ကိစ္စမှာ တရုတ် အာဏာပိုင်တွေက တာဝန်ရှိတဲ့ ရွာလူကြီးတွေကို အခုတော့ အရေးယူလိုက်ပါပြီ။

တရုတ်တောင်ပိုင်း ဝုကန်ရွာက ခေါင်းဆောင် ဟောင်း နှစ်ဦးကို မြေသိမ်းမှု၊ ရွေးကောက်ပွဲ မဲမသာမှုတွေနဲ့ တရုတ် ကွန်မြူနစ် ပါတီထဲကနေ ထုတ်ပယ်ပစ်လိုက်ပါတယ်။

နောက်ထပ် အစိုးရ အရာရှိ နှစ်ဦးလည်း အပြစ်ပေးခံရပါတယ်။

မြေသိမ်းခံရတဲ့ ဝုကန်ရွာသားတွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက စပြီး စုဝေး ဆန္ဒပြမှုတွေ ဆက်တိုက် လုပ်ခဲ့ကြပါတယ်။

အဲဒီ နောက်ပိုင်း အာဏာပိုင်တွေဟာ ရွာသားတွေကို သူတို့ကြိုက်တဲ့ ခေါင်းဆောင်သစ်တွေ ရွေးကောက် တင်မြှောက် ခွင့်လည်း ပေးခဲ့ပါတယ်။


ဘီဘီစီ(မြန်မာပိုင်း)
Unknown at 9:33 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.