Wednesday, April 25, 2012

ရန်ကုန် ဧရိယာ ပန်းခြံ၊ အားကစား ကွင်းများရှိ ဆိုင်ခန်းများ ဖယ်ရှား ရမည်

ယမန်နှစ် နှောင်းပိုင်းက ဖယ်ရှားပစ်လိုက်တဲ့  ဗန္ဓုလ ပန်းခြံရှိ ဆိုင်တန်းများ (ဓါတ်ပုံ-Google Images)
ရန်ကုန်၊ ဧပြီ ၂၄

ရန်ကုန်မြို့ ဧရိယာတွင်း မြို့နယ် များရှိ ပန်းခြံနှင့် အားကစား ကွင်းများတွင် တည်ဆောက်ထားသော လူနေဆိုင်ခန်း များကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ဖယ်ရှားရန် အသိပေးစာ ထုတ်ပြန် ထားကြောင်း စည်ပင် သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်း ဌာနမှ တာဝန်ရှိ သူတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

ရန်ကုန်မြို့ ဧရိယာ အတွင်း၌ ပန်းခြံနှင့် အားကစားကွင်းပေါင်း ၈၅ ကွင်းရှိ ယင်းအားကစားကွင်း နှင့် ပန်းခြံများတွင် ယခင် ကတည်းက တည်ဆောက် ထားခဲ့သော ဆိုင်ခန်းများ အားလုံးကို ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ မှစတင်၍ ဖယ်ရှားရန် စာထုတ် ပြန်ထားကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့ ဧရိယာ အတွင်းရှိ ဆိုင်ခန်းများ အားလုံးမှာ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ငှားရမ်း စာချုပ် သက်တမ်းများ ကုန်ဆုံးပြီ ဖြစ်သောကြောင့် ဧပြီလ ၁ ရက်နေ့ နောက်ဆုံး ထား၍ ပန်းဥယျာဉ်နှင့် အားကစားကွင်း ဌာနသို့ စာချုပ်ပါ စည်းကမ်း အတိုင်း လွှဲပြောင်း ပေးအပ်ရမည် ဖြစ်ကြောင်း အဆိုပါ အကြောင်းကြားစာတွင် ဖေါ်ပြ ပါရှိသော်လည်း ဆိုင်ခန်းရှင် အများစုပေါင်း၍ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ မြို့တော်ဝန်တို့ ထံသို့ ဆိုင်ခန်းများ ဆက်လက် ငှားရမ်း လုပ်ပိုင်ခွင့် ပြုရန် စာတင်ထားပြီး ဆက်လက် ဖွင့်လှစ် နေကြောင်း ဆိုင်ခန်းရှင် အချို့က ပြောကြားသည်။

“ကျွန်တော်တို့ ဒီဆိုင်တွေ ဖွင့်လာတာ ၂၅နှစ် နီးပါး ရှိပါပြီ။ ဆိုင်ခန်းခ ၅၀၀ ကတည်းက ဖွင့်လာတာ အခုဆို ဆိုင်ခန်းခ သုံးသောင်းတောင် ဖြစ်နေပြီ” ဟု တာမွေမြို့နယ် ရာမ အားကစားကွင်းရှိ ယမကာ ဆိုင်ရှင် တစ်ဦးက ဆိုသည်။

ရန်ကုန် မြို့လယ် ဧရိယာရှိ ဗန္ဓုလ ပန်းခြံရှိ ဘီယာဆိုင်များ၊ စာအုပ်ဆိုင်များကို ယမန်နှစ် နှောင်းပိုင်းမှ စတင်၍ မြို့တော်စည်ပင်မှ ဖယ်ရှားခဲ့သည်။


The Voice Weekly
Unknown at 9:20 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.