Thursday, April 26, 2012

ပြည်တွင်းအာမခံလုပ်ငန်းများကို ပုဂ္ဂလိကသို့ စတင်လုပ်ကိုင်ခွင့်ပြုလိုက်ပြီ



အစိုးရကသာ ကာလကြာရှည်လုပ်ကိုင်ခဲ့သော ပြည်တွင်းအာမခံလုပ်ငန်းများကို ပုဂ္ဂလိကသို့
စတင်လုပ်ကိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ပြီး၊ အာမခံကုမ္ပဏီတည်ထောင်လိုသူများမှာ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့နှင့်
ဆက်သွယ်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အဆိုပါအဖွဲ့က ယနေ့(ဧပြီ၂၆)ရက်တွင် တရားဝင်သတင်းထုတ်ပြန်သည်။

ယခင် ပြည်တွင်းအာမခံလုပ်ငန်းများကို အစိုးရ၏ မြန်မာအာမခံလုပ်ငန်းတစ်ခုတည်းကသာ
လုပ်ကိုင်ဝန်ဆောင်မှုပေးခဲ့ပြီး ယခုအခါ ပုဂ္ဂလိကပိုင်၊အများပိုင်ကုမ္ပဏီအများအဖြစ် တည်ထောင်ခွင့်ပြုမည်ဖြစ်ကြောင်း
ဖော်ပြထားသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊နိုင်ငံတကာနှင့်တန်းတူ ဖွံ့ဖြိုးရေးတွင် အထောက်အကူဖြစ်စေရန်၊
နိုင်ငံပိုင်၊ အများပိုင်၊ပုဂ္ဂလိပိုင် စီးပွားရေးလုပ်ငန်းများအား သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကျရောက်ပါက
ဆုံးရှုံးပျက်စီးမှုများမှ ကာကွယ်နိုင်ရန်အတွက် အာမခံလုပ်ငန်း ပိုမိုကျယ်ပြန့်အားကောင်းလာရန် ထိုသို့
စတင်ခွင့်ပြုခြင်းဖြစ်ကြောင်းလည်း အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အာမခံကုမ္ပဏီများ တည်ထောင်ခွင့်ပြုရန်အတွက်လည်း အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ကို
ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး၊ ကြိုတင်ပြင်ဆင်မှုများကိုလည်း ပြုလုပ်ထားသည်ဟုဆိုသည်။
ထို့ကြောင့် ၂၀၁၂ မေ၂ရက်မှစ၍ အာမခံကုမ္ပဏီတည်ထောင်လိုသူများသည် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့်
ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
7Day News Journal
Unknown at 6:20 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.