Thursday, April 26, 2012

ခရီးသည်များ ကျေနပ်မှု မရှိပါက မီးရထား Complain Center များတွင် တိုင်ကြားနိုင်

ရန်ကုန် မြို့တွင်းမှာ နေ့စဉ် မီးရထားနဲ့ ခရီးသွား နေတဲ့ ခရီးသွား ပြည်သူများ အတွက် မီးရထား စီးနင်းရာမှာ အကြောင်း တစ်စုံတရာကြောင့် ကျေနပ်မှု မရှိပါက
တိုင်ကြား နိုင်မယ့် Complain Center များကို ရန်ကုန် ဘူတာကြီးနဲ့ သက်ဆိုင်ရာ ဘူတာများရဲ့ လက်မှတ်ရုံ တွေမှာ သင်္ကြန်ကာလ အတွင်းက တိုးချဲ့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို Complain Center များ ထားရှိမှုဟာ အရင်ကတည်းက ထားရှိပေး ထားတာဖြစ်ပြီး ခရီးသည်များတဲ့ ဘူတာတွေမှာ ထားရှိတာ ဖြစ်ပါတယ်။

အဆိုပါ Complain Center များမှ ခရီးသည်များရဲ့ ဝေဖန်၊ အကြံပေး စာများနဲ့ တိုင်ကြားစာတွေ ကိုလည်း လက်ခံပေး လျက်ရှိပါတယ်။ အဲ့ဒီ  အကြံပြုစာ များကိုလည်း သက်ဆိုင်ရာ ရထား ဘူတာများမှ တာဝန်ရှိသူတွေ ကိုယ်တိုင် ၀န်ဆောင်မှု ပေးတာ ဖြစ်တယ်လို့ ရန်ကုန် ဘူတာကြီးမှ မန်နေဂျာ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဆိုပါ Complain Center များ ထားရှိခြင်းဟာ လက်မှတ် မှောင်ခို သမားများက လက်မှတ် များကို အဆမတန် ဈေးနှုန်းများနဲ့ ရောင်းချမှုများ ရှိတာကြောင့် ခရီးသည်များ လက်မှတ် ၀ယ်ယူရာမှာ အခက်အခဲများ ရှိတဲ့အတွက် အဆိုပါ အခက်အခဲ တွေကို ဖြေရှင်း ပေးနိုင်ဖို့ ရည်ရွယ်ပြီး ထားရှိတာ ဖြစ်ပါတယ်။ အဲ့ဒီ Complain Center များကို လာရောက် ဝေဖန်၊ အကြံပေး တိုင်ကြားသူ စာစောင်တွေ တစ်နေ့ကို ၆ စောင်၊ ၇ စောင်လောက် ရှိတယ်လို့လည်း သိရှိရပါတယ်။


Unknown at 3:03 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.