Thursday, April 26, 2012

၃ကျောင်းပြောင်းသောရှင်၊ ၃လင်ပြောင်းသောမယား၊ ၃ပါတီပြောင်းသောအမတ်နှင့် ၄ပါတီ ပြောင်းပြီးသည့် ဒေါက်တာမြတ် ဉာဏစိုး



ဧပြီ(၂၃)ရက်နေ့ကစတင်ပြီး ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဒေါက်တာမြတ်ဉာဏစိုးအနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ခွင့်ပြုတဲ့မေးခွန်းနဲ့ အဆိုတွေ တင်ထားကြောင်း ဒေါက်တာမြတ်ဉာဏစိုးရဲ့ ပြောပြ ချက်အရ သိရပါတယ်။

ဒေါက်တာမြတ်ဉာဏစိုးက “တတိယအကြိမ် လွှတ်တော်အတွက် မေးခွန်း ၁၀ခုနဲ့ အဆို ၆ခု အတွက်ကြိုတင်ပြင်ဆင်ချက်တွေ ကို အဖွဲ့ချုပ်က ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကို တင်ပြပြီး ခွင့်ပြု ချက်တောင်းခံခဲ့တယ်။ အဖွဲ့ချုပ် ရဲ့ မူဝါဒနဲ့ကိုက်ညီမှုရှိမရှိ စိစစ် ပေးဖို့တင်ခဲ့တာပါ။ အဖွဲ့ချုပ်ကလည်း ဒါကိုခွင့်ပြုပါတယ်။ အခု လောလောဆယ် လွှတ်တော်မှာ မေးခွန်း ၂ခုပဲ ပေါ်လာသေးတယ်။ အဆိုတွေက မတင်ရသေးဘူး။ ဘတ်ဂျက် ကိစ္စတွေ ရှိ နေလို့တင်ဖို့အချိန်မရသေးဘူး”” လို့ ပြောပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ် အ မှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက လည်း “သူက မေးခွန်းနဲ့ အဆို တွေတင်ပြီး ခွင့်ပြုချက်တောင်း ခဲ့ပါတယ်။ နောက် အစီ အစဉ်တွေမှာဒေါက်တာမြတ်ဉာဏ စိုးကလည်း ကျွန်တော်တို့နဲ့ပူး ပေါင်းပြီး ပြည်သူလူထုအကျိုး ရှိ မယ့်ကိစ္စတွေကို လွှတ်တော် တင် ဖို့ စီစဉ်သွားမှာပါ။ အခုလော လောဆယ်တော့ လွှတ်တော်ပိုင်းနဲ့ ပတ်သက်ပြီး သီးသန့်တာဝန် ပေးထားတာမရှိသေးပါဘူး။”လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ ဒေါက်တာမြတ်ဉာဏစိုးကို အဖွဲ့ချုပ်ရဲ့ အမတ်အဖြစ် မိတ်ဆက်ပေးတဲ့ပွဲ သီးသန့်လုပ်ပေးခဲ့ပါတယ်။ ဒေါက်တာမြတ်ဥာဏစိုးဟာ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ နေပြည်တော်က မဲဆန္ဒနယ်-၄ခုမှာ အဖွဲ့ချုပ်က ၀င်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦးနဲ့ မဲ ဆွယ်စည်းရုံးရေးအတွက် ၀ိုင်းဝန်းကူညီပေးခဲ့ပါတယ်။ ဒေါက်တာမြတ်ဉာဏစိုးကို ဇန်န၀ါရီလ ၂၇ရက်နေ့မှာ ပါတီဝင် အဖြစ်အသိအမှတ်ပြုဖို့ စိစစ်ပြီး ဇန်န၀ါရီလ ၃၀ရက်နေ့မှာ ပါတီ ၀င်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ဖြစ်ပေမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာမှ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

အခုလွှတ်တော်အစည်းအဝေး ပထမနေ့မှာတော့ ““ ၅၀၀၀ တန် ဆင်းကဒ် ပေါ်ပေါက်ရေး”” ဆိုင်ရာ မေးခွန်းကို မေးခဲ့ပါတယ်။ မိထွေး NLD ပါတီက လွှတ်တော်ထဲမ၀င်လာသေးခင် NLD ပါတီရဲ့ တစ်ဦးတည်းသော အမတ်အဖြစ် လွှတ်တော်ထဲ အမတ်နေရာအများဆုံးဖြစ်တဲ့ ကြံ့ဖွံ့ပါတီနဲ့လည်း အဆင်ပြေအောင် နေနေရပါတယ်။ NLD မရောက်ခင် လွှတ်တော်မှာ နေရချောင်အောင် ဆက်သွယ်ရေးဒုဝန်ကြီးကို ၅၀၀၀ တန်ဆင်းကဒ်အရေး လွှတ်တော်ကနေ ပြည်သူတွေဆီ ရှင်းပြခွင့်လေးရအောင် မေးခွန်းလေးမေးပြီး ကြံဆောင်ပေးလိုက်ပါတယ်။

ငယ်စဉ်ကျောင်းသားဘ၀က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ နောက်အလုပ်ဝင်တော့ အလိုလိုဝင်မိသွားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ ရွေးကောက်ပွဲကိုတော့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကနေ ၀င်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်လာပါတယ်။ NLD ပါတီအဖြစ်ပြောင်းတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်ဖြစ်ခဲ့ပြီး လောလောဆယ်မှာတော့ တပ်မတော်သားကိုယ်စားလှယ်များနဲ့ ခင်မင်ရင်းနှီးစွာ လွှတ်တော် တက်နေပါကြောင်း။ ။

Myanmar Express
Unknown at 7:38 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.