ကားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများအနေဖြင့် မဲစာရင်းများမှားယွင်းနေမူများစီစစ် နေသော်လည်း မြန်မာအမျိုးသားကွန်ကရက်ပါတီ အနေဖြင့် မဲစာရင်းအား ရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်အတိုင်း လက်ခံသွားမည်ဖြစ်ကြောင်း ပါတီကိုယ်စားလှယ်လောင်း ဦးတင်အောင်ထံမှ သိရှိရသည်။
“ကျွန်တော်အနေနဲ့တော့ မဲစာရင်းစီစစ်ထားတာမရှိပါဘူး။ပါတီကြီးတွေကတော့
လူအင်းအားများတော့ စီစစ်နိုင်ကြပါတယ်။ သူတို့တွေစစ်ဆေးတဲ့အတိုင်းပဲလိုက်ရမှာပေါ့။ နောက်ကျွန်တော်တို့က ကော်မရှင်က ဆုံးဖြတ်တာ မှန်ကန်တယ်လို့ ယူဆထားတယ်။ မှန်အောင် ကော်မရှင်ရုံးက စီစစ်ပြီးလုပ်ဆောင်ပါမယ်” ဟု ၄င်းက ဆက်လက် ပြောခဲ့သည်။ ဦးတင်အောင်သည် အဆိုပါ ပါတီဝင်တစ်ဦးဖြစ်ပြီး လာမည့် ဧပြီလ ၁ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် လစ်လပ်မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်း တစ်ဦးဖြစ်သည်။
“ဘယ်ပါတီပဲဖြစ်ဖြစ်သူတို့ ယှဉ်ပြိုင်ကြမယ့် မဲဆန္ဒနယ်တွေက မဲစာရင်းကို အမှားအယွင်းမရှိအောင်ထောက်ပြ ကြမယ်ဆိုရင် နောက်နောင်ဖြစ်လာမယ့် ရွေးကောက်ပွဲတွေအတွက်လည်းအကျိုးရှိနိုင်တယ်။ အခြားပါတီက လုပ်လို့ လိုက်မလုပ်ဘူးဆိုတာတော့မဖြစ်သင့်ပါဘူး။ သူတို့ ဘယ်လိုအချက်ကိုထောက်ပြလည်း ကိုယ်က ဘယ်လိုအချက်ကိုထောက်ပြမလဲဆိုတာတွေကိုလုပ်သင့်တယ်”ဟု ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ၄င်းအမြင်ကိုပြောသည်။
မြန်မာအမျိုးသားကွန်ကရက်ပါတီသည် ၂၀၁၀ခုနှစ်ရွေးကောက်ပွဲတွင် တောင်ဥက္ကလာမဲဆန္ဒနယ်၌ တစ်သီးပုဂ္ဂလ အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ဦးကောင်းမြတ်ထွဋ်မှ ဥက္ကဌအဖြစ် တာဝန်ယူ တည်ထောင် ထားခြင်းဖြစ်ကြောင်း သိရသည်။
“မဲစာရင်းစစ်တာ ကျွန်တော်တို့အလုပ်မဟုတ်ဘူး။ ဒါက ကော်မရှင်နဲ့ သက်ဆိုင်ရာ ရပ်ကွက်ရုံတွေရဲ့ ကိစ္စဖြစ်တယ်”ဟု မဲစာရင်းကိစ္စရပ်များနှင့် ပတ်သတ်၍ မြန်မာအမျိုးသားကွန်ကရက်ပါတီ ဥက္ကဌ ကပြောသည်။
အဆိုပါ ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ် မဲဆန္ဒနယ် (၄၈) နေရာတွင် (၃) နေရာဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ပြီး မင်္ဂလာတောင်ညွန်မြို့နယ် လစ်လပ်မဲဆန္ဒနယ်၌ ဦးကောင်းမြတ်ထွဋ် (ဥက္ကဌ)၊ မရမ်းကုန်း မြို့နယ် လစ်လပ်မဲဆန္ဒနယ်၌ ဒေါ်ဟေမာဌေး၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် လစ်လပ်မဲဆန္ဒနယ်၌ ဦးတင်အောင် တို့မှ ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
Myit Ma Kha
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge