Friday, March 23, 2012

အလုံတပ်မြို့တွင် စိတ္တဇဆန်ဆန် လူတစ်ဦးက ရိုက်နှက်မှုကြောင့် ကလေးငယ်တစ်ဦးနှင့် အဘွားအိုတစ်ဦး သေဆုံး

စစ်ကိုင်း တိုင်းဒေသ ကြီး မုံရွာမြို့ မြောက်ဘက် ရှစ်မိုင်ခန့် အကွာ အလုံတပ်နယ်မြို့သစ် ခံတောရပ် ကွက်တွင် မတ် ၁၂ရက် မွန်းလွဲ ၁နာရီခွဲ က စိတ်မနှံ့သူဟု ယူဆရသူ တစ်ဦး၏ဝင် ရောက်ရိုက်နှက်မှုကြောင့် ကလေးငယ် တစ်ဦးနှင့် အဘွားအို တစ်ဦး သေဆုံး၍ လူ ငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သော ပြစ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

အဆိုပါ ပြစ်မှုကျူးလွန် သူမှာ မုံရွာ-ရေဦး ကားလမ်းမကြီးဘေး ခံတော အကွေ့နားရှိ ကောင်းသစ်ဆိုင်ကယ်ဝပ် ရှော့ရှေ့တွင် ဆိုင်ကယ်ပြင်ရန် လာသော အလုံမြို့နယ် သားပြေးရွာနေ မောင်ဖုန်း ဝယ်(၂၃)နှစ်အား ဆိုင်ကယ်ဆိုင်မှ ပြုတ် တူဖြင့် ရိုက်နှက်ထွက် ပြေးပြီး ခံတောရပ် ဘက်သို့ ထွက်ပြေးသွား၍ ဒေါ်ခင်ရီ၏ နေအိမ်တွင် ကစားနေသော ဇော်မျိုးသက် ခြောက်နှစ်အား အရှည် သုံးပေခန့်၊ ၂*၁ လက်မတုတ်ဖြင့် ရိုက်၍ ဒေါ်ခင်ရီနေ အိမ်သို့လည်း ဝင်ရောက်ကာ ဒေါ်ခင်ရီ (၆၈) နှစ်အား ထပ်မံရိုက်နှက် သဖြင့် အရိုက်ခံရ သူနှစ်ဦးစလုံး မှာ ဦးခေါင်း ထိပ်ပေါက်ဒဏ် ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ စစ်ဆေးချက်အရ ပြစ်မှု ကျူးလွန်သည်ဟု ယူဆရသူမှာ ဘုတလင် မြို့နယ် ဝက်ရဲကျေးရွာနေ ဦးတင်ငွေ၏ သား မောင်နိုင် (၃၆)နှစ်ဆိုသူဖြစ်ကြောင်း သိရပြီး ၄င်းအား မုံရွာ အမှတ်(၁) ရဲစခန်း မှ (ပ) ၁၃၂/၂၀၁၂ ပုဒ်မ-၃၀၂/၃၂၅ဖြင့် ရေး ဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 ရန်ကုန်တိုင်းမ်
သစ်ထူးလွင်
Unknown at 9:51 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.