Friday, March 23, 2012

လမ်း၊ တံတား ဂိတ်များ လေလံ တင်မှုတွင် ပွဲပျက်အောင် နှောင့်ယှက်သူ များအား တရားစွဲဆိုမှု အပြင် နာမည်ပျက် စာရင်းသွင်းရန် ရှိ

ဆာက်လုပ်ရေး ၀န်ကြီး ဌာန ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း ဦးစီး ဌာနမှ ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်း မြန်မာနိုင်ငံ တစ်ဝှမ်းရှိ လမ်း/ တံတား
ဂိတ်များ လေလံ လုပ်ကိုင် ခွင့်ပေးမယ့် အစီအစဉ် တွေကို ယခုလက်ရှိမှာ ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို လမ်း/တံတား ဂိတ်များ လေလံ တင်မှုတွေ ပန်းကြေး ပေး၍ လေလံ လုပ်ကိုင်ခွင့်ပေး အပ်ပွဲမှာ အနှောင့်အယှက် ပေးသူများကို တရား ဥပဒေအရ တရားစွဲ အရေးယူမယ့် အပြင် အမည်ပျက် စာရင်း ရေးသွင်းပြီး နောင်နှစ် လေလံပွဲတွေ မှာလည်း ပါဝင် ယှဉ်ပြိုင် ခွင့်ပြုမှာ မဟုတ်ကြောင်း သိရပါတယ်။


ပန်းကြေး ပေးပြီး လေလံ တင်မှုမှာ ပွဲပျက်အောင် လုပ်တဲ့ သူတွေဟာ တကယ့် လေလံ လုပ်ကိုင်ခွင့် ရချင်သူ တွေထက် ပိုက်ဆံများ ပိုပေးပြီး နောက်ဆုံးမှာ လေလံ လုပ်ကိုင်ခွင့် မယူတော့တဲ့ သူများ၊ လုပ်ကိုင် ခွင့်ကို မ၀ယ်ယူဘဲ ၀ယ်ယူမယ်လို့ နာမည်လွင့် ထားတဲ့ သူများ စတဲ့ နည်းအမျိုးမျိုးနဲ့ ပွဲပျက်အောင် နှောက်ယှက် သူများကို ဆိုလိုတယ်လို့ သိရပါတယ်။ ဒါ့အပြင်
ယခု လက်ရှိ လေလံချ ထားပေးမှုတွေမှာ လုပ်ကိုင်ခွင့် ရရှိသူဟာ တစ်ဆင့်ပြန် ရောင်းချပါက ရောင်းချသူနဲ့ ၀ယ်ယူသူပါ နှစ်ဦးစလုံး၊ လုပ်ကိုင်ခွင့် ပြန်လည် ရုတ်သိမ်း သွားမယ့် အပြင် တရားစွဲ အရေးယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လုပ်ကိုင်ခွင့် ရရှိသူဟာ လမ်း၊ တံတား ကောက်ခံနှုန်း များကို စာချုပ်ပါ သတ်မှတ် နှုန်းအတိုင်းသာ ကောက်ခံရမှာ ဖြစ်ပြီး BOT ကုမ္ပဏီများရဲ့ ကောက်ခံတဲ့ လမ်း၊ တံတား ဂိတ်များမှအပ ကျန်လမ်း၊ တံတားဂိတ်တွေ ကနေ ရရှိတဲ့ တန်ပို ဒဏ်ကြေး ရငွေ အားလုံးကို နိုင်ငံတော်ကို ပေးသွင်းရမှာ ဖြစ်ပါတယ်။ အခု ၂၀၁၂-၂၀၁၃ ခု ဘဏ္ဍာရေး နှစ်အတွက် လမ်း၊ တံတားဂိတ်များ လေလံ လုပ်ကိုင်ခွင့် ပေးရာမှာ ယခင်နှစ်များ ကဲ့သို့ ချိတ်ပိတ် စနစ်နဲ့ ဆောင်ရွက်ပြီး အများဆုံး လေလံ တင်သွင်းသူကို ပေးအပ်ခြင်း မပြုလုပ်တော့ပဲ ယခုနှစ် မှာတော့ မဲစနစ်ဖြင့် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
MRTV-4
Unknown at 9:41 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.