Friday, March 23, 2012

သင်္ကြန်မဏ္ဍပ်များ မြန်မာအမည်ဖြင့်သာ အသုံးပြုရန် ညွှန်ကြား

မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် ရိုးရာယဉ်ကျေးမှု အတာသဘင်အား မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ အနှစ်သာရ ပြည့်ဝစွာ ကျင်းပနိုင်စေရေးနှင့် ပြည်သူများအနေဖြင့် အတာသင်္ကြန် ပွဲတော်အား စိတ်အေးချမ်းသာစွာ ဆင်နွှဲနိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များက ကြီးကြပ်ကွပ်ကဲသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးတို့၌ အတာသင်္ကြန်ပွဲအတွက် မဏ္ဍပ်များ တည်ဆောက်ရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးစီစဉ်မည်ဖြစ်ပြီး မဏ္ဍပ်လျှောက်ထားလိုသူများအနေဖြင့် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ရုံးများ၌ မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်လွှာများ ဝယ်ယူ၍ အဆိုပါ
ခရိုင်အုပ်ချုပ်ရေးမှူးရုံးများ၌ပင် လျှောက်ထားရမည် ဖြစ်သည်။ မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားသူများ၏ လျှောက်ထားစာများအား သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးများမှ တစ်ဆင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တစ်ဆင့်လျှောက်ထားပြီး ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အဆင့်ဆင့် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အတာသင်္ကြန် ရေကစားမဏ္ဍပ်များအား ဆောက်လုပ်ခွင့်များပေးရာ၌ မဏ္ဍပ်ကြီး၊ မဏ္ဍပ်လတ်၊ မဏ္ဍပ်ငယ်ဟူ၍ သုံးမျိုးသုံးစား ခွဲခြားထားပြီး မျက်နှာဖွင့်အကျယ် ၂၅ ပေအောက် မဏ္ဍပ်များအား မဏ္ဍပ်ငယ်၊ ၂၅ ပေနှင့် ပေ ၅၀ ကြား မဏ္ဍပ်တို့အား မဏ္ဍပ်လတ်၊ ပေ ၅၀ အထက် မဏ္ဍပ်များအား မဏ္ဍပ်ကြီးအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ မဏ္ဍပ်သေးနှင့် မဏ္ဍပ်လတ်များအတွက် အာမခံစပေါ်ငွေများ ပေးသွင်းရန် မလိုအပ်ဘဲ ပေ ၅၀ အထက် မဏ္ဍပ်ကြီးများအတွက် အာမခံစပေါ်ငွေ ကျပ်သိန်း ၃၀ တိတိ ပေးထားရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ၂၀၁၂ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်၌ မဏ္ဍပ်ဆောက်လုပ်ခွင့်ရရှိသော မဏ္ဍပ်များမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား အထူးလေးနက်စွာ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ပြီး မဏ္ဍပ်ကြီးများအနေဖြင့် လုံခြုံရေးအတွက် CCTV ကင်မရာများအား မနက် ၇ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်ထားတပ်ဆင်ရမည်ဖြစ်သည်။ တည်ဆောက်ခွင့်ရရှိပြီးသော မဏ္ဍပ်ကြီးများအနေဖြင့် သင်္ကြန်ပထမရက်၌ မြန်မာ့ယဉ်ကျေးမှုကို ဖော်ကျူးသည့်အနေဖြင့် ငွေဖလားတွင် အမွှေးနံ့သာရည်များထည့်၍ ကစားရမည်ဖြစ်ပြီး မဏ္ဍပ်ဆောက်လုပ်ခွင့် ရရှိသူများအနေဖြင့် တခြားသူကို ပြန်မငှားရန်၊ ယဉ်ကျေးမှုနှင့် မညီသော ဝတ်စားဆင်ယင်မှုများနှင့် အမျိုးသမီးငယ်များအားလည်း ကြီးကြပ်တားမြစ်သွားရန်၊ မဏ္ဍပ်ရှိ အမှိုက်များအားလည်း တာဝန်ယူ ရှင်းလင်းရန်၊ အရက်သေစာများ ရောင်းချခြင်း မပြုရန်၊ မဏ္ဍပ်အမည်အား မြန်မာအမည်ဖြင့်သာ သုံးစွဲရန် သက်ဆိုင်ရာမှ စည်းကမ်းထုတ်ပြန် ညွှန်ကြားထားကြောင်း ၂၀
Unknown at 9:53 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.