Thursday, February 9, 2012

ဆန္ဒ ထုတ်ဖော်ခွင့် လျှောက်ထားချက် အငြင်းပယ်ခံရ

ရန်ကုန်တိုင်း ဒေသကြီး ခရမ်းမြို့နယ်မှာ စပါးဈေးနဲ့ ပဲဈေးတွေကျလို့ စိုက်ပျိုးစရိတ်ကြွေးတွေ ပြန်မဆပ်နိုင်ဘဲ အကျပ်အတည်း တွေ့နေတဲ့အတွက် လယ်သမားတွေက ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ်တောင်းဆိုခွင့် ဒီကနေ့ လျှောက်ထားခဲ့ရာမှာ မြို့နယ် ရဲတပ်ဖွဲ့မှူးက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)
လယ်ကွင်းထဲတွင် ကောက်လှိုင်းများ သယ်ဆောင် အလုပ်လုပ်နေသော တောင်သူလယ်သမားများ ဖြစ်ပါသည်။ (Photo: AFP)
ဒေသခံ လယ်သမားကြီးတစ်ဦးလည်းဖြစ်၊ လယ်သမား အရေး ဆောင်ရွက်နေသူ တစ်ဦးလည်းဖြစ်သူ ဦးသန်းဆွေက ခုလို ပြောပြပါတယ်။ “ငြိမ်းချမ်းစွာ စုဝေး တောင်းဆိုပါမှသာ ကျွန်တော်တို့ရဲ့အခက်အခဲ အဆင်ပြေနိုင်မယ့် အခြေအနေ ဖြစ်နေတယ်။ ဒါကြောင့် စုဝေးဟောပြော ကြွေးကြော်ခွင့် ပြုဖို့ ကျွန်တော်က နေရာကိုလည်း သတ်မှတ် ပေးထားပါတယ်။ ရက်ကိုလည်း ၁၄ ရက် ၂ လ ၂၀၁၂ ရက်နေ့ သတ်မှတ် ပေးထားပါတယ်။ စုဝေးမယ့်အချိန်ကလည်း ကိုးနာရီခွဲကနေ ဆယ့်တစ်နာရီအထိ ဖြစ်ပါတယ်။ နောက် ကြွေးကြော်သံများကလည်း “စပါးဈေး ပဲဈေး မြင့်တက်ရေး ဒို့အရေး”၊ “လယ်ယာ ထွက်ကုန်ဈေးနှုန်း တည်ငြိမ်ရေး ဒို့အရေး” ကြွေးကြော်သံတွေနဲ့ ကျွန်တော်တို့ ခုနစ်ဦး ဟောပြောပြီးတော့ လုပ်မယ်ဆိုတဲ့အကြောင်း၊ စီတန်းလှည့်လည်မှာ မဟုတ်တဲ့အကြောင်း၊ အဖွဲ့အစည်းနဲ့ လုပ်ဆောင်ခြင်း မဟုတ်တဲ့အကြောင်း၊ အသံချဲ့စက် မသုံးစွဲမယ့်အကြောင်း၊ နောက်ပြီးတော့ သူတို့ သတ်မှတ်တဲ့ စည်းကမ်းတွေ ဝန်ခံချက်ကိုလည်း ပူးတွဲထားတဲ့အကြောင်း ဖော်ပြပြီး ကျွန်တော် ဒီနေ့ လျှောက်ထားလိုက်တယ်။ မနက် ဆယ်နာရီ ဆယ့်ငါးမှာ၊ မြိုနယ်ရဲတပ်ဖွဲ့မှူး၊ ခရမ်းမြို့။ ဆယ်နာရီခွဲမှာ ကျွန်တော့်ဆီကို ရဲတပ်ဖွဲ့မှူးက အကြောင်းပြန်လာတယ်။ လိုအပ်တဲ့ နည်းဥပဒေ ပြဋ္ဌာန်းရမယ့်ကိစ္စ မပြဋ္ဌာန်း ရသေးလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်တော့်ကို ငြင်းလိုက်တာ ဖြစ်ပါတယ်” ခရမ်းမြို့နယ်မှာ စပါးဈေးတစ်တင်းကို လေးထောင်ကနေ သုံးထောင်ကျပ်ထိ ကျဆင်းတဲ့ ပြင် ပဲတီစိမ်းဈေး ထက်ဝက်ခန့် ကျဆင်းတဲ့အတွက် လယ်သမားတွေ တော်တော်လေး စီးပွားရေးအခက်အခဲ တွေ့နေရတယ်လို့ သိရပါတယ်။ ၂၀၀၈ ခု ဖွဲ့ စည်းပုံ အခြေခံဥပဒေ၊ အခန်း (၁) အခြေခံမူ ပုဒ်မ ၂၃ (ခ) မှာ စိုက်ပျိုးထုတ်လုပ်တဲ့ ကောက်ပဲသီးနှံတွေ သင့်တင့် မျှတတဲ့တန်ဖိုး ရရှိရန် ကူညီ ဆောင်ရွက်မည်လို့ ပါရှိပေမယ့် နိုင်ငံတော်က ဘာမှမကူညီတဲ့အတွက် ခုလို ဆန္ဒ ထုတ်ဖော်ပြသဖို့ စီစဉ်ရကြောင်းကိုလည်း လယ်သမားကြီး ဦးသန်းဆွေက ပြောဆိုပါတယ်။ နည်းဥပဒေ မထွက်သေးလို့ ခွင့်မပြုဘူးဆိုတာ ခိုင်လုံမှုမရှိတဲ့ အကြောင်းပြချက်ဖြစ်တယ်လို့လည်း ဦးသန်းဆွေက ပြောဆိုပါတယ်၊ ဥပမာအနေနဲ့ ၁၉၆၂ တော်လှန်ရေးကောင်စီက ထုတ်ပြန်တဲ့ ငွေတိုးချစားသူများဥပဒေဟာ ဦးနေဝင်းသက်တမ်း ၂၆ နှစ်လုံးလုံး နည်းဥပဒေ မထုတ်ပြန်ခဲ့တဲ့အကြောင်း ဦးသန်းဆွေက ပြောပြသွားပါတယ်။
RFA
Unknown at 9:47 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.