Thursday, February 9, 2012

တရားဥပဒေ စိုးမိုးမှု အနည်းဆုံး ၁ဝ နိုင်ငံစာရင်းမှာ မြန်မာ ထိပ်ဆုံးကပါနေ

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲ နေပြီဆိုပေမယ့် စီးပွားရေး ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကို ဥပဒေကြောင်းအရ ကာကွယ် စောင့်ရှောက်မှု အနည်းဆုံး နိုင်ငံအဖြစ် စီးပွားရေးရာ အစီရင်ခံစာ တစ်စောင်က ဖော်ပြလိုက်ပါတယ်။

RFA
ဗြိတိန်အခြေစိုက် Maplecroft အဖွဲ့ ၏ "၂ဝ၁၂ ခုနှစ် ဥပဒေ စိုးမိုးမှုညွှန်းကိန်း” အနည်းပါးဆုံး ၁ဝ နိုင်ငံစာရင်း ဖော်ပြချက်
ဗြိတိန်အခြေစိုက် Maplecroft အမည်ရှိ စစ်တမ်း ကောက်ယူတဲ့အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ “၂ဝ၁၂ ခုနှစ် ဥပဒေစိုးမိုးမှုညွှန်းကိန်း” အရ စီးပွားရေး ရင်းနှီးမြှုပ်နှံဖို့ တရားဥပဒေ စိုးမိုးမှု အနည်းပါးဆုံး ၁ဝ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံကို ထိပ်ဆုံးက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားကို ဒုတိယ နေရာမှာ ဖော်ပြထားပြီး၊ ဆိုမာလီယာက တတိယနဲ့ အာဖဂန်နစ္စတန်၊ ဆီးရီးယားနဲ့ လစ်ဗျားနိုင်ငံတို့က အဆင့် ရှစ်၊ ကိုး၊ တစ်ဆယ်မှာ အသီးသီး ရှိနေကြပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးခင်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ မြန်မာအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်း ပေးတော့မယ့် အရိပ်အယောင်တွေဟာ ကမ္ဘာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေအတွက် ကြီးမားတဲ့ အလားအလာကောင်းတွေ ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒါ့ပြင် စွမ်းအင်ကြွယ်ဝတဲ့ အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိကတိုက် မြောက်ပိုင်းဒေသတွေက မတည်ငြိမ်မှုတွေကြောင့် မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့ အရင်းအမြစ်တွေကို နိုင်ငံတကာက ပိုပြီး မျက်စိကျလာနေတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ရေရှည် စီးပွားရေး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် လွတ်လပ်တဲ့ တရားစီရင်မှု၊ ထင်သာမြင်သာရှိတဲ့ အာဏာ ကျင့်သုံးမှုစနစ် အပါအဝင် ဥပေဒ စိုးမိုးမှုအပိုင်းမှာ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ တိုးတက်မှုတွေ ရှိဖို့လိုအပ်တယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။ လောလောဆယ် မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အအုံမှာ ပြဿနာတွေ ရှိနေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့ ကျင့်သုံးနိုင်တဲ့ ဥပဒေ မရှိသေးသလို ဘဏ်စနစ်ဟာလည်း အများကြီး ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတယ်လို့ လေ့လာသူတွေက သုံးသပ် ပြောဆိုနေကြပါတယ်။
RFA
Unknown at 9:49 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.