Monday, February 20, 2012

ပြည်တွင်း ခရီးသွားကုမ္ပဏီအချို့ထံမှ နိုင်ငံခြားသားပိုင် ကုမ္ပဏီများ ဈေးကွက်လုယူ


ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများထံမှ နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီများ၏ ဆက်စပ်ကုမ္ပဏီများမှ ခရီးသွားလုပ်ငန်း ဈေးကွက်လုယူခဲ့သည့်အတွက် ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းအချို့မှ လုပ်ငန်းရပ်နားရသည်အထိ ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားခရီးသွားလာမှုလုပ်ငန်း ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်စေရန် ပြည်တွင်း၌ နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီများ ဖွင့်လှစ်ခြင်းကို ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ခွင့်ပြုပေးခဲ့သော်လည်း နောက်ပိုင်းကာလများတွင် နိုင်ငံသားပိုင်ကုမ္ပဏီများမှ ဈေးကွက်လုယူခြင်း၊ ချဲ့ထွင်ခြင်းများ ပြုလုပ်လာသည့် အတွက် ပိာုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်တွင်း၌ နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီများ ဖွင့်လှစ်ခြင်းကို ပြန်လည်ပိတ်ပင်ခဲ့ကြောင်း ပြည်တွင်းခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်း ကိစ္စရပ်နှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “အခုလို ပြည်တွင်းကကုမ္ပဏီတွေ အထိနာအောင် နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေက တိုက်ခိုက်တယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ဒီကိစ္စတွေကို ရပ်တန့်သင့်ပါပြီ။ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့လည်း နိုင်ငံခြား လုပ်ငန်းရှင်တွေကို တန်းတူယှဉ်ပြိုင်နိုင်ဖို့အတွက် ဆောင်ရွက်သင့်ပါပြီ” ပာု ပြောကြားသည်။
ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် မြန်မာနိုင်ငံသား ခရီးသွားကုမ္ပဏီများ၏ အကျိုးကိုကြည့်၍ ကာကွယ်ရန် လိုအပ်ပြီး လက်ရှိ နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီများအား လုပ်ငန်းလိုင်စင် ချထားပေးခြင်းများကို ရပ်တန့်နိုင်ရန် လိုအပ်ပြီဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်း ခရီးသွားလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ တရုတ်၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ အမေရိကန်နှင့် ဥရောပ နိုင်ငံများမှ ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
YC
Unknown at 9:39 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.