ထိုနေ့က တရားရုံး၌ တရားပြိုင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြထားသော သက်သေ တက္ကသိုလ်ရိပ်သာလမ်းနေ ဦးအေးဝင်း (ဦးဘ၀င်း၏ သား)အား ဒေါ်အောင်ဆန်းစုကြည်၏ အကျိုး ဆောင်ရှေ့နေ ဦးကြည်ဝင်းက မေးမြန်း စစ်ဆေးသည်။
ယင်းသို့ မေးမြန်းရာတွင် မိခင်ကြီးဖြစ်သူ ဒေါ်ခင်ကြည်ကွယ်လွန် ပြီးနောက် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး သဘောတူချုပ်ဆိုခဲ့သော စာချုပ်ကို အဓိကထား၍ မေးမြန်းစစ်ဆေးသွားပြီး တရားလို ဦးအောင်ဆန်းဦး၏ အကျိုး ဆောင်ရှေ့နေ ဦးအေးလွင်က ပြန်လှန် မေးခွန်းများ မေးမြန်းသည်။
အမွေမှုဖြစ်ပွားခဲ့ပုံမှာ လွန်ခဲ့သော ၂၀၀၀ ပြည့်နှစ်မှစတင်၍ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်နှင့်ခြံဝင်းကို မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေအရ အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု ဒေါ်အောင်ဆန်းစုကြည် အပေါ် ဦးအောင်ဆန်းဦးက တရားရုံးတွင် လျှောက်ထားတရားစွဲဆိုခဲ့သည်။
အဆို ပါအမှုနှင့်ပတ်သက်၍ တရားရုံးကြားနာ ပြီး ဦးအောင်ဆန်းဦးကို နိုင်ငံခြားသား တစ်ဦးအနေဖြင့် နေအိမ်နှင့် ခြံဝင်းကို ပိုင်ဆိုင်ခွင့်မရှိကြောင်း ဆုံးဖြတ်ခဲ့သဖြင့် အမှုရှုံးနိမ့်ခဲ့သည်။
ထို့နောက် ၂၀၀၁ ခုနှစ်တွင် ဦးအောင်ဆန်းဦး၏ အကျိုးဆောင်ရှေ့နေများက ဒေါ်အောင်ဆန်းစုကြည်အပေါ် အမွေပုံ ပစ္စည်းစီမံခန့်ခွဲ ပေးစေလိုမှု ထပ်မံတရားစွဲဆိုခဲ့ရာ ၁၀ နှစ်ကြာခဲ့သည်ဟု သိရသည်။
တရားပြိုင်ဒေါ်အောင်ဆန်းစုကြည် တို့ဘက်မှ တင်ပြထားသော သက်သေမှာ ၁၀ ဦးရှိ၍ သုံးဦးသေဆုံးကာ တစ်ဦး ပယ်ခံရကြောင်း သိရသည်။
ယခုတရားမကြီး အမှုအမှတ်မှာ ၉၆၁ ဖြစ်ပြီး အမှုကို ဆက်လက်စစ်ဆေးရန် ဖေဖော်ဝါရီ ၂၄ ရက်နေ့သို့ ချိန်းဆိုထားသည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge