Monday, February 20, 2012

အော်တိုတယ်လီဖုန်းများ Prepaid စနစ်သို့ ပြောင်းလဲဆောင်ရွက်မည့် အစီအစဉ် သတင်းထုတ်ပြန်



၂၀၁၂ ခုနှစ် မတ်လ ၁ ရက်မှစတင်၍ (၀၁-၂၃၀xxxx) နံပါတ်ဖြင့်စသော အော်တိုတယ်လီဖုန်း (လိုင်းဖုန်း)များကို Prepaid စနစ်မှ ကြိုတင်ငွေဖြည့်ကတ် Prepaid စနစ်သို့ စတင်ပြောင်းလဲ တပ်ဆင်ပေးမည်ဖြစ်သည်။ ကြိုတင်ငွေဖြည့်ကတ် Prepaid စနစ်သို့ ပြောင်းလဲလိုသူများသည် လိုအပ်မည့် ပုံစံများကို အော်တိုတယ်လီဖုန်းရုံး အမှတ်(၁၀၃)၊ လမ်း(၄၀) ကျောက်တံတား မြို့နယ်တွင် အခမဲ့ရယူဖြည့်သွင်း ဆန္ဒပြုနိုင်သည်။ ဖုန်းပြောဆိုခ ပေးချေရမှု လွယ်ကူအဆင်ပြေစေရန် Prepaid စနစ်သို့ ပြောင်းလဲပေးခြင်းဖြစ်ရာ မူရင်းဖုန်းနံပါတ်များ ပြောင်းလဲမည်မဟုတ်ကြောင်း၊ တယ်လီဖုန်းတစ်လုံးသည် တစ်ကြိမ်သာ ပြောင်းလဲနိုင်ကြောင်း၊ Prepaid စနစ်သို့ ပြောင်းလဲလိုသည့် တယ်လီဖုန်းများသည် ၁.၃.၂၀၁၂ ရက်မှစတင်၍ ပြောင်းလဲနိုင်မည်ဖြစ်ပြီး မိမိတို့ဖုန်းတွင် ငွေဖြည့်ကတ် (Top-Up-Card) များဖြင့် ငွေဖြည့်သွင်း၍ အသုံးပြုရမည်ဖြစ်ကြောင်း။ Prepaid စနစ်သို့ ပြောင်းလဲသည့် တယ်လီဖုန်းများသည် Prepaid စနစ်သို့ မပြောင်းလဲမီအထိ ခေါ်ဆိုထားသည့် တယ်လီဖုန်း ခေါ်ဆိုခများကို ယခင်စနစ်အတိုင်း ပေးချေရမည်ဖြစ်ပြီး ကြိုတင်ငွေပေးသွင်းထားသော တယ်လီဖုန်းများသည် Prepaid စနစ်သို့ မပြောင်းလဲမီအထိ ခေါ်ဆိုခများကို ပေးချေပြီးနောက် ပိုငွေ ကျန်ရှိပါက ပိုငွေကို Prepaid စနစ်သို့ ထည့်သွင်းဖြည့်တင်းပေးမည် ဖြစ်ကြောင်း။ ဌာနဆိုင်ရာနှင့် All in FE တယ်လီဖုန်းများသည် Postpaid စနစ်ဖြင့် ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း။ Prepaid Top-Up-Card များကို အမှတ်(၁၀၃) လမ်း(၄၀) ကျောက်တံတားမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တိုတယ်လီဖုန်းရုံးနှင့် အမှတ် (၄၆၅/၄၆၉) မဟာဗန္ဓုလလမ်း ပန်းပဲတန်းမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ငွေစာရင်းရုံးတို့တွင် ဦးစွာရောင်းချပေးသွားမည်ဖြစ်ပြီး တယ်လီဖုန်းအခွန်ငွေ လက်ခံသည့် စခန်းများတွင်ပါ ရောင်းချပေးသွားမည်ဖြစ်ကြောင်း။ အသေးစိတ် သိရှိလိုပါက Call Center ဖုန်း-၁၈၇၆ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထားကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 9:35 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.