Monday, January 9, 2012

ဖွဲ့စည်းပုံအခြေခံဥပဒေ ထိပါးသည့်နိုင်ငံရေးပါတီကို ဖျက်သိမ်းသည်အထိ အရေးယူမည်

ဖွဲ့စည်းပုံအခြေခံဥပဒေထိပါးလာသည့် နိုင်ငံရေးပါတီများကို ပါတီဖျောက်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက မီဒီယာများမှတစ်ဆင့် သတိပေးပြောကြားလိုက်သည်။

" ကျွန်တော့်အနေနဲ့ မပြည့်တဲ့ အိုးဘောင်ဘင်ခတ်တာကို ပြည့်အောင် စိတ်ရှည်ရှည်နဲပဲ စောင့် ကြည့်နေပါတယ်။ သို့သော် ဖွဲ့စည်းပုံအခြေခံကို ထိပါးလာရင် ဘောင်ဘင်တအားခတ်လို့ အခြားသူတွေကို စဉ်ကုန်ပြီဆိုရင်တော့ ကျွန်တော်က သွန်ပစ်လိုက်မယ့်အခြေအနေရှိပါတယ်။ ဒါကိုခင်ဗျားတို့ကနေတစ်ဆင့် အသိပေးတဲ့သဘောပါ" ဟု ဦးတင်အေးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ရုံးခန်းမ၌ ဒီဇင်ဘာ ၁၆ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ယင်းသို့ပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံကောင်းကျိုးအတွက် ဆောင်ရွက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းနှင့် ဒိုတာဝန်အရေးသုံးပါးကို အထိပါးမခံခြင်း စသည့် အချက် သုံးချက်ကို အခြေခံထားကာ ဆောင်ရွက်နေသည်ဟု ဆိုသည်။

" ပါတီတွေအနေနဲပ ဥပဒေရေးရာနဲ့ ပတ်သက်ရင် ကျွမ်းကျွမ်းကျင်ကျင် နှံ့နှံ့စပ်စပ်လုပ်ပါ။ သို့သော် အခွန်ကင်းလွတ်တယ်ဆိုတဲ့ ဥပဒေကို ကြည့်ပြီးတော့ လမ်းအသုံးပြုခတောင်းတာတောင် မပေးတဲ့ ပုဂ္ဂိုလ်မျိုးတွေလဲရှိတော့ အတော်ခက်ပါတယ်။ မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တာပေါ့" ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို လွတ်လပ်စွာ လှုပ်ရှား ဆောင်ရွက်စေလိုပြီး ဆောင်ရွက်ခွင့်ပြုထားကြောင်း၊ ပါတီကိစ္စဖြင့် ခရီးထွက်ပါက ကော်မရှင်ထံ သတင်းပို့အ ကြောင်းကြားရန်လည်း မလိုအပ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 ပန်းသတင်းဂျာနယ်
Unknown at 10:29 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.