Monday, January 9, 2012

မြ၀တီမြို့တွင် ယာယီမြန်မာနိုင်ငံကူးလက်မှတ်များ ဇန်န၀ါရီ ၉ရက်နေ့ ပြောင်းလဲထုတ်ပေးမည်


ယာယီနိုင်ငံကူးလက်မှတ်
မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရများ၏ သဘောတူညီချက်အရ ပြုလုပ်ပေးနေသည့် ယာယီမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး(မြ၀တီ) တွင် ယခင်ထုတ်ပေးခဲ့သော လက်ရေးဖြင့် ရေးသားထားသည့် စာအုပ်များထက် အဆင့်အတန်းပိုရှိသော Computerized Temporary Passport များအား ဇန်န၀ါရီလ ၉ ရက်နေ့မှစ၍ နေ့ချင်းပြီး ဆောင်ရွက်ပေးမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၊သတင်း တပ်ဖွဲ့မှ ရဲမှူးလင်းဦးက ဇန်န၀ါရီလ ၂ ရက်နေ့တွင် ရှင်းပြခဲ့သည်။
ယာယီမြန်မာနိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းကြောင့် ထိုင်းနိုင်ငံတစ်ဝန်းလုံးတွင် အလုပ်လုပ်ကိုင်ခွင့်ရှိပြီး မည်သည့်ဒေသမဆို စစ်ဆေးတားမြစ်မှုမခံရဘဲ သွားရောက်နိုင်ကြောင်း၊ နေထိုင်ခွင့် ဗီဇာသက်တမ်း နှစ်နှစ်ရမည်ဖြစ်ပြီး ပတ်စ်ပို့သက်တမ်း ခြောက်နှစ်ရှိမည်ဖြစ်ကြောင်း၊ ထိုင်းအလုပ်သမားဥပဒေပါ ခံစားမှုများ တန်းတူခံစားခွင့်ရရှိမည်ဖြစ်ကြောင်း၊ အခွန်ကောက်ခံခြင်း၊ တားဆီးစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ လုံးဝမရှိကြောင်း သိရသည်။
မြ၀တီနယ်စပ်မြို့နည်းတူ ကော့သောင်းမြို့၊ တာချီလိတ်မြို့များတွင်လည်း ကွန်ပျူတာစနစ်သုံး ယာယီမြန်မာနိုင်ငံကူးလက်မှတ်များကို နေ့ချင်းပြီးပြုလုပ်ပေးနေကြောင်း EMG သတင်းအရ သိရသည်။  
Unknown at 10:30 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.