Monday, January 9, 2012

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံတပ်ဖွဲ့များ အာဏာပြိုင်ဆိုင်မှု အပြင်းအထန် ဖြစ်ပွားနေ

ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များဖြစ်ကြသည့် အင်းစိန်မှုခင်းတပ်ဖွဲ့နှင့် ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့တို့သည် ယင်းတို့၏ လုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍ အာဏာပြိုင်ဆိုင်မှု အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။
ယင်း ဖြစ်ရပ်တို့၏အစမှာ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် ဦးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင် (ခ) ဖိုးလပြည့်မောင်းနှင်လာသေ မော်တော်ယာဉ်နှင့် အင်းစိန်မှုခင်းတပ်ဖွဲ့ (အောက်မြန်မာပြည်)၏ ဒုတိယမှုခင်းတပ်ဖွဲ့မှူးတို့ စီးနင်းလာသည့် မော်တော်ယာဉ်တို့ တိုက်မိရာမှ ဖြစ်ကြောင်း သိရသည်။
“တပ်ချုပ်ကြီးရဲ့မြေးကားနဲ့ တိုက်မိတယ်ဆိုပေမယ့် ကျွန်တော်တို့က ရဲမှူးကြီးကို ယာဉ်တိုက်မှုနဲ့ အရေးမယူပါဘူး။ ကားမှန်မှာ စတစ်ကာ ကပ်မှုနဲ့ပဲ အရေးယူလိုက်ပါတယ်။ ဒါပေမယ့် ဒီလိုအရေးယူလိုက်တဲ့ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲကတော့ ဆိုးလွန်းပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး၊ ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။
အင်းစိန်မှုခင်းတပ်ဖွဲ့မှ ရဲမှူးကြီးအား ယင်းသို့ အရေးယူခြင်းကြောင့် မှုခင်းတပ်ဖွဲ့မှ ယာဉ်ထိန်းရဲများအား ပြစ်ချက်ရှာဖွေ၍ ဖမ်းဆီးခြင်းများကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ယာဉ်ထိန်းနယ်မြေ(၁)မှ တပ်ဖွဲ့ဝင်လေးဦးနှင့် အခြားယာဉ်ထိန်းနယ်မြေမှ တပ်ဖွဲ့ဝင်သုံးဦးတို့မှာ တိုင်ကြားစာရောက်ရှိသည် ဆိုသည့် တိုင်တန်းချက်ဖြင့် ဒီဇင်ဘာ တတိယရက်သတ္တပတ်က ဖမ်းဆီးခံခဲ့ရကြာင်း သိရသည်။
“အင်းစိန်မှုခင်းတပ်ဖွဲ့က ယာဉ်ထိန်းကိုဖမ်းတယ်။ ယာဉ်ထိန်းတပ်ဖွဲ့က သူ့လူတွေထိလို့ဆိုပြီး မြို့နယ်ရဲတွေ၊ တိုင်းရဲတွေ၊ ရဲထောက်လှမ်းရေးတွေ ဆိုင်ကယ်ရှိရင် ဖမ်းတယ်။ ဖြစ်ပုံက ဂျာအေးသူ့အမေရိုက်နေသလိုပဲ”ဟု ပန်းဘဲတန်းမြို့နယ်မှ ရဲအရာရှိတစ်ဦးက ပြောကြောင်း  yangon chronicle  က ဆိုသည်။
Unknown at 10:28 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.