Sunday, January 8, 2012

မြန်မာ့လက်မှုထည်များအတွက် သတင်းကောင်း



အာဆီယံ-ဂျပန်စင်တာ (AJC) မှ ကြီးမှူး၍ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) နိုင်ငံများမှ လုပ်ငန်းရှင်များအား စွမ်းအားစုမြှင့်တင်ပေးသည့် အစီအစဉ် တစ်ရပ်အနေဖြင့် AJC နှင့်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၄ ရက်တွင် မန္တလေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံးခန်းမ၌ ဂျပန်နိုင်ငံသို့ ဈေးကွက်ဝင်ရောက်ရေး အထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ CLMV နိုင်ငံများမှ ပို့ကုန်လုပ်ငန်းရှင်များနှင့်ကုန်ထုတ်လုပ်သူများ၏ ကုန်ပစ္စည်းအရည်အသွေးဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အကူဖြစ်စေရန်၊ ၂၀၁၂ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည့် INACRAFT 2012 ပြပွဲသို့ ပါဝင်ပြသမည့်သူများရွေးချယ်ရာတွင် အကြံပြုရန်နှင့် ဒီဇိုင်း၊ ကုန်ပစ္စည်းအရည်အသွေး များတိုးတက်ကောင်းမွန်၍ ဂျပန်ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်စေရန်တို့ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ကျောက်မျက်ရတနာ လုပ်ငန်း၊ယွန်းထည်လုပ်ငန်း၊ ကနုကမာလုပ်ငန်း၊ အဝတ်အထည်လုပ်ငန်း၊ ကြိမ်ထည်လုပ်ငန်းများအပါအဝင် လက်မှုပစ္စည်းထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်နိုင်သည်။ သို့ဖြစ်၍ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ရန်ကုန်တိုင်းဒေသကြီး ဖုန်း - ၀၁-၂၁၄၃၄၄ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 11:08 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.