Monday, January 9, 2012

ဖား​ကန့် ကျောက်စိမ်း တူးဖော်​ရေး လုပ်​ငန်း​များ​အားလုံး ရပ်ဆိုင်း​ထား​လိုက်​ရ​ပြီ

ဖား ကန့် ရှိ ကျောက်စိမ်း တူးဖော် ရေး လုပ် ငန်း ခွင် တစ် နေရာ
၂​၀​၁​၂ ဇန်နဝါရီ​လဆန်း​ပိုင်း​မှာ ကချင်ပြည်နယ် မိုး​ညှင်း​ခ​ရိုင် အတွင်း အစိုးရ​တပ်ဖွဲ့​များ​နဲ့ ကေ​အိုင်​အေ​တပ်ဖွဲ့​များ​အကြား တင်းမာ​မှု​များ ဖြစ်ပေါ်​လာ​ပြီး​နောက် ဖား​ကန့်​ဒေသ ကျောက်စိမ်း တူးဖော်​မှု​လုပ်​ငန်း​တွေ​အားလုံး ရပ်ဆိုင်း​လိုက်​ရ​တယ်​လို့ သတင်းရ​ရှိ​ပါ​တယ်။

ဒီဇင်ဘာလနှောင်းပိုင်းက​စ​လို့ ကေ​အိုင်​အေ တပ်ဖွဲ့​က ဖား​ကန့်​မြို့​နယ်​အတွင်း​ရှိ ကျောက်စိမ်း တူးဖော်​တဲ့ ကုမ္ပဏီ​တွေ​ဆီ​ကို အခွန်​တောင်းခံ​မှု ပြုလုပ်​ခဲ့​ပါ​တယ်။ ကေ​အိုင်​အေ ပြော​တာ​ကတော့ အစိုးရ​ကို ထမ်း​ဆောင်​တဲ့​အခွန်​ပမာဏ​အတိုင်း ကေ​အိုင်​အေ​ဆီ​ကို​လည်း ပေး​သွင်း​ရ​မယ်​လို့ ဆို​ပါ​တယ်။

အခွန်​မ​ပေး​ဆောင်​သ​၍ ဘယ်​ကုမ္ပဏီ​​က​မှ လုပ်​ငန်း​တွေ ဆောင်ရွက်​ခြင်း မ​လုပ်​ရ​လို့​လည်း တားမြစ်​ထား​ပါ​တယ်။ ဒါ​ကြောင့် ဖား​ကန့် ကျောက်စိမ်း​တွင်း​ဒေသ​တစ်​ခု​လုံး​က လုပ်​ငန်း​တွေ အားလုံး ဇန်နဝါရီ​လ ၄ ရက်​နေ့​က စ​ပြီး ဒီ​နေ့​အထိ ရပ်ဆိုင်း​ထား​နေ​ဆဲ​ပါ။

ဖား​ကန့်​မြို့​မှာ အစိုးရ​ဘက်​က ဗျူဟာ​မှူး တစ်​ယောက်​လုံး​ထိုင်​ပြီး ကာ​ကွယ်​နေ​တာ​တောင် ကေ​အိုင်​အေ​ရဲ့ ခြိမ်းခြောက်​မှု​ကို စီးပွား​ရေး​လုပ်​ငန်း​ရှင်​တွေ၊ အလုပ်​သမား​တွေ​က ကြောက်​နေ​ရ​သေး​တယ် ဆို​တာ​ကတော့ အံ့ဩ​စရာ​ကြီး​ပါ​ပဲ – လို့​ဖား​ကန့် မြို့​ခံ တစ်​ဦး​က ပြော​ပြ​ပါ​တယ်။

ဒါ့​အပြင် ဖားကန့်အနီး ၇ မိုင် (ပျားအုံစခန်း) ကနေ ကေ​အိုင်​အေ တပ်ဖွဲ့​ဝင်​တွေ​က ဖားကန့်သွားတဲ့ ယာဉ်​တွေ​ကို အခွန်​တိုး​မြှင့်​ကောက်ခံ​နေ​ပါ​တယ်။ ကား​ကြီး တစ်​စီး တစ်​နှစ်​ကို ၃​၅ သိန်း၊ ဘီ​အမ် တစ်​စီး တစ်​နှစ်​ကို သိန်း ၂​၀၊ ဆ​လွန်း/ဆူပါရုဖ် တစ်​စီး တစ်​နှစ်​ကို ၂ သိန်း အစ​ရှိ​သ​ဖြင့် ကောက်ခံ​ပါ​တယ်။

အရင်​က​ဆို​ရင် ဆူပါရုဖ်တစ်​စီး တစ်​နှစ်​ကို ငါး​သောင်း​သာ ကောက်ခံ​ပြီး ဒီ​နှစ်​ကျ​မှ တိုး​ကောက်ခံ​တာ​ဖြစ်​ကြောင်း​ကို ဖား​ကန့် ကား​သမား တစ်​ယောက်​က  ပြော​ပြ​ပါ​တယ်။

ဖား ကန့် မြို့တွင်း ရှိ အစိုးရ တပ် ဗျူဟာ မှူး စခန်းချ ရာ တောင် ကုန်းဒီ​နှစ်​အတွက် ကျွန်တော် ငါး​သောင်း​ဆောင်​ပြီး​သား။ ဒီ​တစ်​ခေါက်​သွား​တော့ အခွန်​ဆောင်​ပြီး​ပြီ​လား​လို့ ကေ​အိုင်​အေ​က ကျွန်တော့်​ကို မေး​တယ်။ ကျွန်တော်​က​လည်း အခွန်​ဆောင်​ပြီး​သား ပြေစာ​ကို​ပြ​လိုက်​တယ်။ သူ​တို့​က အို​ကေ​တဲ့ ငါး​သောင်း​ဆောင်​ပြီး​သား​ပဲ၊ နောက်ထပ် တစ်​သိန်း​ခွဲ​ဆောင်​ဖို့ ကျန်​သေး​တယ်​လို့ ပြော​တယ်​ဗျာ။ ကျွန်တော်​တို့ ကား​မောင်း​ရ​တာ တစ်​လ​နှစ်​သိန်း​တောင် မ​ကျန်​ပါ​ဘူး​ဗျာ။ဒီ​လို ကေ​အိုင်​အေ​က ကား​တွေ အခွန်​တိုး​မြှင့်​ကောက်ခံ​တာ​ကြောင့် ဖား​ကန့်​ကို ပြေး​ဆွဲ​တဲ့​ကား မ​ရှိ​သ​လောက်​ဖြစ်​သွား​ပါ​တယ်။ ရှိ​ရင်​လည်း ကား​ခ၊ ကုန်​တင်​ခ​တွေ အဆ​မတန်​မြင့်​တက်​သွား​တယ်။ ဒါ​ကြောင့် ဖား​ကန့်​မှာ​လည်း စား​သောက်​ကုန်​ဈေးနှုန်း​တွေ မြင့်​တက်​သွား​တယ်။ မိုး​ညှင်း၊ မိုးကောင်း​ဘက်​မှာ​လည်း ဖား​ကန့်​ဘက်​ကို ပို့​ဖို့​ဟင်းသီး​ဟင်းရွက်​တွေ တောင်​လို​ပုံ​ပြီး လွှင့်​ပစ်​ရ​မယ့်​အခြေအနေ​ကို ရောက်​နေ​လို့ မိုး​ညှင်း မိုးကောင်း​မြို့​နယ်​တွေ​က တောင်သူ​တွေ အခက်​တွေ့ နေ​ကြောင်းဒေသခံတွေ ပြောပြချက်ကို ကိုးကာပြီး ကော့လီမီဒီယာ သတင်းမှာဖော်ပြထားပါတယ်။
Unknown at 10:32 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.