Thursday, January 19, 2012

'ထ'အက္ခရာတန်း ကားဟောင်းများ အပ်နှံမှု ဇန်န၀ါရီလ ၁၉ရက်နေ့မှစ၍ ကညနတွင် လက်ခံပေးသွားမည်

'ထ' အက္ခရာတန်း ကားဟောင်းများအပ်နှံမှုကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့မှစ၍ လက်ခံသွားမည်ဖြစ်ကြောင်း နေပြည်တော်ရှိ ရထားပို့ဆောင်ရေးဝန်ကြီးဌာန တာဝန် ရှိသူများထံမှ သတင်းရရှိပါသည်။
လက်ရှိတွင် 'ဏ'အက္ခရာတန်း ကားဟောင်းများအပ်နှံမှုကို လက်ခံနေပြီး 'ဏ' နံပါတ်ကားဟောင်းများ အပ်နှံမှုကျဲပါးသွားသည့်အတွက် 'ထ' အက္ခရာတန်း ကားဟောင်းများအပ်နှံမှုကို လက်ခံသွားမည်ဖြစ်သည်ဟု သိရှိရသည်။
''ထ အက္ခရာတန်း ကားဟောင်းတွေအပ်နှံမှုကို ဇန်န၀ါရီလ ၁၉ ရက် နေ့မှစပြီး လက်ခံသွားပါမယ်။ 'ထ' အက္ခရာတန်း ကားတွေ အပ်နှံတာကလည်း ရက် ၂၀ လောက်ပဲကြာမယ် လို့ မှန်းထားတယ်။ 'ထ' အက္ခရာပြီးရင် 'ဒ' အက္ခရာတန်း ကားဟောင်းတွေ အပ်နှံမှုကို ဆက်တိုက်လက်ခံသွားမှာပါ။ အခု ဇန်န၀ါရီလ ၁၇ ရက်နေ့အထိ ကားဟောင်းအပ်တာ စုစုပေါင်း ၂၇၂၁၄ စီးရှိသွားပါပြီ။ ကညနက လိုင်စင်ထုတ်ပေးပြီးတာက ၇၂၀၃ စီး ရှိသွားပါပြီ။ 'ဏ'နံပါတ်တွေက ကုန်သွားတာတော့ မဟုတ်ဘူး။ အပ်တာ ကျဲသွားတာပါ။ အဲလိုကျဲပါးသွားတဲ့အတွက် 'ထ'နံပါတ်တွေ အပ်တာကို လက်ခံတာပါ။ အခုနောက်ပိုင်းအပ်ဖို့ အချိန်ကျလာတဲ့ ကားဟောင်းတွေ ထဲမှာ လုပ်ငန်းလုပ်နေတဲ့ကားတွေ ပါတာများတဲ့အတွက် တချို့ကလည်း မအပ်သေးတာရှိတယ်''ဟု နေပြည်တော်ရှိ ရထားပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ဇန်န၀ါရီလ ၁၇ ရက်နေ့အထိ အပ်နှံထားသည့် ကားဟောင်းအစီးရေမှာ ၂၇၂၁၄ စီးရှိပြီဖြစ်ကြောင်း၊ ပါမစ်ထုတ်ပေးပြီး အစီးရေ ၁၉၈၉၈ စီးရှိပြီဖြစ်ကြောင်း၊ ကညနမှ လိုင်စင် ထုတ်ပေးပြီး အစီးရေမှာ ၇၂၀၃ စီးရှိပြီဖြစ်ကြောင်း သိရသည်။
ကားဟောင်းများအပ်နှံရာတွင် 'စ'အက္ခရာ ၄၈၁၉ စီး၊ 'ဆ'အက္ခရာ ၄၅၈၇ စီး၊ 'ဇ'အက္ခရာ ၄၉၄၆ စီး၊ 'ဈ'အက္ခရာ ၄၇၂၀ စီး၊ 'ည'အက္ခရာ ၄၇၃၃ စီးနှင့် 'ဏ'အက္ခရာ ၃၄၀၉ စီးရှိကြောင်း သိရသည်။

Unknown at 1:19 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.