Thursday, January 19, 2012

ကျန်းမာရေးဘတ်ဂျက် တိုးမြှင့်ပေးပြီ တဲ့ဗျာ


ပြည်ထောင်စုလွှတ်တော်မှ ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ စုပေါင်းတင်သွင်းရန် ကြိုးပမ်းနေသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်များကို ယခုရက်ပိုင်းအတွင်း တိုးမြှင့်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ ယခင်နှစ်များက ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် ကျန်းမာရေး အသုံးစရိတ်အနေဖြင့် စုစုပေါင်း အမျိုးသားဝင်ငွေ (GDP) ၏ ၁ ဒသမ ၃ ရာခိုင်နှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းအထိသာ သုံးစွဲနေရာမှ လာမည့်ဘဏ္ဍာရေးနှစ်တွင် ၂ ရာခိုင်နှုန်းသို့ တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ၄င်းကထပ်မံ ပြောကြားသည်။ ယင်းသို့ အသုံးစရိတ် တိုးမြှင့်လိုက်ခြင်း အစီအစဉ်ကို ပြည်ထောင်စုအစိုးရအနေဖြင့် ပြည်ထောင်စုလွှတ်တော်ရေးရာ ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောတူခွင့်ပြုချက်ဖြင့် တိုးမြှင့်သုံးစွဲခွင့်ပြုလိုက်ခြင်းဖြစ်ပြီး အခြားသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် သုံးစွဲရန်ရှိသော ဘတ်ဂျက်များမှ ခွဲဝေတိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။ ယခုတိုးမြှင့် ချထားပေးခဲ့သော ဘတ်ဂျက်အခြေအနေများကို ခွဲဝေသုံးစွဲရေးဆိုင်ရာ အစည်းအဝေးများ ပြုလုပ်ညှိနှိုင်း တိုင်ပင်ပြီးမှသာ မည်သည့်နေရာများတွင် သုံးစွဲကြမည်ကို ပြောနိုင်မည်ဟု ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေစိုးမောင်က ဆိုသည်။ မြန်မာနိုင်ငံတွင် ကျန်းမာရေး ဝန်ကြီးဌာနသည် ဝန်ထမ်းအင်အား တောင့်တင်းသော ဌာနတစ်ခု ဖြစ်သော်လည်း ကျေးလက်ကျန်းမာရေး စောင့်ရှောက်ပေးရေး လုပ်ငန်း လုပ်ကိုင်နေသူများ လိုအပ်နေသေးကြောင်း၊ ထို့အပြင် လူထုအခြေပြု ကျေးလက်ဆေးပေးခန်းများ၊ ဒေသန္တရ ကျန်းမာရေးဌာနများကိုလည်း ယခုထက် တိုးမြှင့်ရန် လိုအပ်နေပြီး ပြုပြင်စရာများလည်း ရှိနေသေးကြောင်း ၄င်းက ပြောကြားသည်။ ယခုကဲ့သို့ စရိတ်များ တိုးမြှင့်ချထားပေးလိုက်သည့်အတွက် ပိုမိုကောင်းမွန်သော ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ပေါက်လာမည်ဟု မျှော်လင့်ရသော်လည်း ယခုပမာဏနှင့် မလုံလောက်သေးကြောင်း၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် ပြည့်စုံကောင်းမွန်သော ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများအတွက် အသုံးစရိတ်များ ၅ ရာခိုင်နှုန်း အနည်းဆုံးရှိမှသာလျှင် လုံလောက်နိုင်ကြောင်း၊ တိုင်းပြည်ဝင်ငွေ မြင့်မားလာသည်နှင့်အမျှ ပြည်ထောင်စုအစိုးရမှ တိုးမြှင့်ချထားပေးမည် မျှော်လင့်ကြောင်း ကျန်းမာရေးလောကမှ သြဇာရှိ ဆရာဝန်ကြီးတစ်ဦးက ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 2:21 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.