Thursday, January 19, 2012

မြန်မာမလေးတို့သိစေဖို့.....


စနစ်တွေ အားလုံးပြောင်း
ခေတ်ဟောင်းတွေ ချန်ရစ်
ခေတ်သစ်တွေ ဖန်တီးနေတဲ့
ဥာဏ်ကြီးတဲ့  ရာစုသို့
ကူးပြောင်းခဲ့ကြာပြီ ......
အကိုတို့မှာဖြင့်
ကိုယ့်ဘာသာ အကျိုးကိုလုပ်နေချိန်
ကိုယ့်မြန်မာ အမျိုးပြုတ်မှာကိုလည်း
ရတက်မအေး  ရင်လေးရတယ်ကွယ် ......
ညီမလေး တို့ရေ
မြန်မာဆိုတာ  ကမ္ဘာမှာ
ဗုဒ္ဒဘာသာတို့  ဌာန
မေတ္တာရှိတဲ့  တိုင်းပြည်
သစ္စာရှိတဲ့  နိုင်ငံ
ယဉ်ကျေးမှုတို့  တည်ရာ
လူလိမ်မာတို့  နေရာ 
တရားပြည့်တဲ့  အရပ်
ငြိမ်းချမ်းတဲ့  ဒေသ
ဒါတွေကို  သတိရ
သိကြဖို့ လိုမယ်ကွယ် ......
ညီမလေးတို့ ရေ
မိန်းကလေးတို့ အိနြေ္ဒ ရွှေပေးလို့ မရ
ခြေတစ်လှမ်း  ကုဋေတစ်သန်း
ဟန်တစ်ခါပြင်  ရွှေစင်ဆယ်တွင်း
ဗိုင်းကောင်း  ကျောက်ဖိ
အစရှိတဲ့  စကားပုံတွေဟာ
တို့ မြန်မာကို အကြောင်းပြု
ပေါင်းစုလို့ ထားတာပါကွယ် .......ညီမလေးတို့ရေ
မြန်မာမိန်းကလေးဆိုတာ
အလှ မက်ပေမယ့်
ဘ၀မပျက်ကြဘူး
ဓနဂုဏ်ကြိုက်ပေမယ့်
ဘ၀ပုံ မမိုက်ကြဘူး
အပျော်ထူးပေမယ့်
မတော် မကြူးကြဘူး
အလုပ်ခတ်ပေမယ့်
သရုပ်မပျက်ကြဘူး
အသဲနှလုံးရှိပေမယ့်
တစ်ပွဲသုံး မပြု့ကြဘူး
ချစ်တတ်ပေမယ့်
အပြစ်ဇာတ်မကကြဘူး
လည်ဟိုက်တွေနဲ့
တကယ်မမိုက်ကြဘူး
ဒူးကွဲတွေနဲ့ အရူးလဲမလုပ်ကြဘူး 
ဒါတွေကို ညီမလေးတို့
သိကြပါရဲ့နော် .....အတုမြင် အတတ်မသင်ချင်ပါနဲ့
မတူရင် မတုချင်ပါနဲ့
အဟုတ်လှတာလား
ဗရုပ်ကျတာလား
အသစ်ဖန်တာလား
မဖြစ်တန်တာလား
ယဉ်ကျေးတာလား
အထင်သေးစရာလား
အပျော်ကြိုက်တာလား
အတော်မိုက်တာလား
မော်ဒယ်အသွင်ရိုင်းတာလား
လော်လည်အလွန် ရိုင်းတာလား
ဒါတွေကို ဆန်းစစ်လို့
အရမ်းဖြစ်သင့်သလားဆိုတာ
ဝေဖန်သုံးသပ်
ဆုံးဖြတ်ဆင်ခြင်
ပြုပြင်ထိန်းသိမ်းလို့
သစ်တိုင်းမကောင်း
ဟောင်းတိုင်းမညစ်ဆိုတာ
သိစေချင်တယ်ကွယ်.....ညီမလေးတို့ရေ
ခေတ်ဆိုတာ မသိကြ
ဘ၀ဆိုတာ နားမလည်
အရုပ်ဇာတ်ကို အဟုတ်မှတ်ပြီး
အသိဥာဏ် မကြွယ်သေးတဲ့
ညီမငယ်တို့ ဘ၀လေးကို
ပိုးဖလံမျိုး မီးကို တိုးသလို
မြွေပွေး ခါးပိုက်ပိုက်သလိုမျိုး
အစိုးရိမ်ရဆုံးကပါကွယ် ........ညီမလေးတို့ရေ
ဘာသာလဲ မတူ
လူမျိုးလည်း ခြားနား
ဒီလို လူများကိုမှ
အားကျချင်သလားကွယ်
ကိုယ့်လူမျိုး  ကိုယ့်မြန်မာ
ကိုယ့်ဘာသာ ကိုယ့်သာသနာနဲ့
နေလာတာ ကြာညောင်းလို့
နှစ်ပေါင်းတွေလည်းများလှပြီကွယ်
အကိုတို့ ခေတ်
ညီမတို့ စနစ်မှ
မြန်မာနှင့်  ဘာသာတရား
အမျိုးပြွမ်းလို့ ညိုးနွမ်းခဲ့ရင်
ရာဇ၀င်မှာ စာတင်ရတာ
အများကြားလို့် နားခါးမှာပါကွယ် ....အခုဆိုရင်
တိုင်းတပါးသားတွေ ရောယှက်
ပေါသွက်သွက် လူကြောင်တွေနဲ့
ဆွမ်းဆန်ထဲ ကြွက်ချေးရောသလို
တို့မြန်မာ  တို့အမျိုး
တို့လူမျိုး တို့ဘာသာမှာ
ပိုးဖောက်သလို တစ တစ
အမျိုးဖောက်လို့ ဘာသာလုနေကြတာက
အမျိုးပျောက်ဖို့ အကြောင်းအရင်းပါကွယ်......

..
အသားထဲက လောက်ဖြစ်
ကိုယ့်စည်း ကိုယ်ကျော်
ကိုယ့်တပ် ကိုယ်နင်း
ကိုယ့်ပေါင် ကိုယ်ထောင်း
ကိုယ့်လိပ်ပြာ ကိုယ်မရှက်ရင်
ကိုယ့်အတတ်နဲ့ ကိုယ်စူးပြီး
ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးလို့
ကိုယ့်ဇာတ်ကိုယ်နိုင်အောင်ကရမှာဆိုတာ
ယုံကြည်ကြပါကွယ်.......
ပျက်အစဉ်  ပြင်ခဏ
စစ်မရောက်ခင်  မြှားချွန်
မိုးမကုန်ခင် ထွန်ချ
အချိန်ရှိခိုက်  လုံ့လစိုက်ပြီး
မိုက်တာတွေ လိမ်မာအောင်
ရိုင်းတာတွေ ယဉ်ကျေးအောင်
မှားတာတွေ အမှန်ဖြစ်အောင်
မှောင်တာတွေ အလင်းရအောင်
မသိတာတွေ သိရအောင်
သတိဆောင်ကာ ၀ီရိယဖြည့်လို့
တို့တစ်တွေ ၀ိုင်းဝန်းးကာ
အများပေါင်း အကြောင်းလှစေဖို့
အားကောင်းစွာ ဖြေရှင်းကြစို့ကွယ်
သို့မဟုတ်ရင်ဖြင့်
တစ်နေ့နေ့  တစ်ချိန်ချိန်မှာ
ယာရှင်ကို  မျောက်မောင်းသလို
အဟောင်းဒေသကို ပြောင်းနေကြရမှာက
မြေကြီးလက်ခက် မလွဲဆိုတာ
နှလုံးသားမှာ စွဲကပ်
အမြဲမှတ်ကြပါလို့
တစ်မျိုးသားလုံးအတွက်
အရိုးသားဆုံးနဲ့
နှိုးဆော်လိုက်ပါရစေ
မြန်မာပြည်သွေး
မြန်မာပြည်မွေး
ညီမလေးတို့  ........။
Unknown at 11:42 AM
Share

2 comments:

  1. fancyloveJanuary 23, 2012 at 4:29 PM

    IT ခေတ်လို.ပြောရမလား mediaခေတ်လို.ပြောရမလား။သတင်းအချက်လက်တွေသိလွယ်တဲ.ခေတ်ကြီးမှာမြန်မာမလေးတွေအတုယူမမှားဖို.လိုပါတယ်ရှင်။ကောင်းကျိုးတွေရှိသလိုဆိုးကျိုးတွေလညးဒွန်တွဲနေပါတယ်

    ReplyDelete
    Replies
      Reply
  2. အလွမ်းများနဲ့လူJanuary 27, 2012 at 3:48 PM

    အင်း ... မြန်မာတွေ သိနေကြပေမယ့် မော်ဒယ်တွေ မသိကြသေးလို ဖြစ်နေတယ်ဗျာ... မော်ဒယ်တွေတော့ ... ဟိုက်လိုက် ခွဲလိုက်နဲ့ ... သရုပ်ဆောင်ကြီးများ(ရုပ်ရှင်)ကပါ အဲလို ၀တ်ပြနေတော့ ... နောက်က ပရိသတ်ဖြစ်တဲ့ ပြည်သူတွေကြား ဘယ်လို ဖြစ်နေလဲဆိုတာ မတွေးချင်ပါဘူး ... ကြားဖူးတဲ့စကားပုံတစ်ခုကို ပြောရရင် ... အခုခေတ်က ရင်လျားခေတ်ဖြစ်နေပြီဗျ...နောက်ဆို.........

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.