Monday, January 23, 2012

မီးလောင်မှုကြောင့် အသက်စွန့်သွားတဲ့ မီးသတ် ရဲဘော်နေရာက သရုပ်ဆောင်မယ့် မြတ်သူအောင်

ကူးတို့ဆိပ်ရပ်ကွက် သိုလှောင်ရုံ မီးလောင်ပေါက်ကွဲခဲ့တဲ့ အကြောင်းကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ပြန်လည် ရိုက်ကူးမယ့် ဇာတ်ကားမှာ ပေါက်ကွဲ မှုမှာ အသက်စွန့်ခဲ့ တဲ့ မီးသတ်(၅)ဦးမှ တစ်ဦးအဖြစ် မြတ်သူအောင်ကပါဝင်သရုပ်ဆောင်မှာဖြစ် ပါတယ်။ မီးသတ် တပ်ဖွဲ့ဝင်တစ်ယောက်အဖြစ်သရုပ်ဆောင် မှာဖြစ်တဲ့ မြတ်သူအောင်က ဒီလိုသရုပ် ဆောင်ရမှာကို ဂုဏ်ယူကြောင်း ပြောပါတယ်။ ဒီဇာတ်ကား နဲ့ပတ်သက်ပြီး မြတ်သူအောင်က “ကျွန်တော်တို့ ဒီကားကို ပြင်ဦးလွင်မှာ မီးသတ်သင်တန်းတက် နေတဲ့ အခန်းကနေ စရိုက်မယ်ပြောတယ်။ ပြင်ဦးလွင်မှာ စရိုက်မှာပေါ့။ အရင်တုန်းက မီးသတ်ဂုဏ်ပြုဇာတ်လမ်းတွေလည်း ကျွန်တော်ကြည့်ဖူးပါတယ်။ အရှေ့ကလူတွေ သရုပ်ဆောင်တာနဲ့ နည်းနည်းကွာခြားအောင်လုပ်ဖို့တော့ စဉ်းစားထားပါတယ်။ အခုက ဒီအကြောင်း အရာက တအားကို ပေါ်ပြူလာဖြစ်နေတဲ့အကြောင်းအရာ ဖြစ်တယ်။ ကိုယ်က တကယ်ကိုဂုဏ်ပြုသင့်တဲ့လူနေရာကနေ သရုပ် ဆောင်ရမယ်ဆိုတော့ ဝမ်းသာမိပါတယ်။ အသက်ဆုံးရှုံးသွားတဲ့ မီးသတ် တပ်ဖွဲ့ဝင်ငါးဦးလည်း ကောင်းရာဘုံကို ရောက်ကြပါစေလို့ ဆုတောင်း ပေးပါတယ်”လို့ ပြောပါတယ်။ “လိပ်ပြာလေးရဲ့နန်းတော်”ဒီဗီဒီဇာတ်ကားမှာ သင်ဇာဝင့်ကျော် ရဲ့ မောင်နေရာက သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားဟာ သူ့ရဲ့ (၄)ကား မြောက် ဒီဗီဒီဇာတ်ကားဖြစ်ကြောင်း ပြောပြပါတယ်။ ဇာတ်ကားတစ်ကားနဲ့ တစ်ကားရိုက်ရင်း စိုးရိမ်စိတ်တွေမရှိတော့ဘဲ တဖြည်းဖြည်း အသားကျလာပြီဖြစ်ကြောင်း မြတ်သူအောင်က ဆက်ပြောပါတယ်။ လတ်တလော မှာတော့ မြတ်သူအောင်က တစ်ကိုယ်တော် အခွေကိုနောက်နှစ်လ အကြာမှာ ထွက်နိုင် ဖို့ အာရုံစိုက်နေပြီး စီဒီအရင်ထွက်မှာဖြစ်တယ်လို့ဆို ပြီး ပရိသတ်တွေက သူ့ရဲ့အားနည်းချက်တွေကိုဖြည့်ပြီးအားပေးတဲ့ အတွက်ကျေးဇူး တင်ကြောင်း မြတ်သူအောင် က ပြောပါတယ်။
ဝဿန်
ပေါ်ပြူလာ
Unknown at 10:14 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.