Monday, January 23, 2012

BBC ၏ လိင်ပညာပေးဗီဒီယို ညစ်ညမ်းလွန်းကြောင်း ဝေဖန်ခံရ

“ကျွန်မတော့ ဒီဗီဒီယိုကို ကြည့်ပြီး ရှက်မိတယ်။ ဒါဟာ အပြာကားနဲ့ ဘာမှမခြားဘူး။ ကျောင်းတွေက စာပို့ပြီး BBCရဲ့ လိင်ပညာပေး ဗီဒီယိုကို ကလေးတွေကို ပြသင့်ကြောင်း တိုက်တွန်းစာတွေ ပို့ပါတယ်”

BBC ၏ လိင်ပညာပေးဗီဒီယို ညစ်ညမ်းလွန်းကြောင်း ဝေဖန်ခံရ
ကလေးများအတွက် လိင်ပညာပေး လှုပ်ရှားမှု ဗီဒီယိုသည် ညစ်ညမ်းလွန်းနေကြောင်း ဝေဖန်မှုများနှင့် BBCသတင်းဌာန ရင်ဆိုင်တွေ့ကြုံနေရသည်။ BBCက Sex and Relationship ပညာပေး ဗီဒီယိုကို CDဖြင့် ဖြန့်ဖြူးထုတ်ဝေခဲ့သည်။ အဆိုပါ ဗီဒီယိုသည် ကျောင်းနေအရွယ် (၉)နှစ်မှ (၁၁)နှစ်ကြား ကြည့်ရှုရန် ရည်ရွယ် ရိုက်ကူးထားခြင်းဖြစ်သည်။ Graphicပုံရိပ်များ အသုံးပြုထားသည့် အဆိုပါ ဗီဒီယိုသည် အပြာရုပ်ရှင်နှင့် တူနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာကြောင်း သိရသည်။ အဆိုပါ ဗီဒီယိုတွင် ကွန်ပျူတာဖြင့် ဖန်တီးထားသည့် စုံတွဲနှစ်ဦး လိင်ဆက်ဆံနေပုံ Graphicပြကွက်များ၊ ကာတွန်းရုပ်နှစ်ဦး ချစ်တင်းနှီးနှောနေပုံများအပြင် အမျိုးသားနှင့် အမျိုးသမီးတို့ လိင်ဆက်ဆံနေစဉ် ခန္ဓာကိုယ် သွင်ပြင် အထိအတွေ့ အပြောင်းအလဲများကိုလည်း အသေးစိတ် ဖော်ပြထားသည်။

ထို့အပြင် အမျိုးသားများ ကာမစိတ်ဖြေခြင်း၊ လိင်တူဆက်ဆံခြင်း စသည်တို့ကိုလည်း ဖော်ပြထားပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့၏ အ၀တ်ဗလာနှင့် ဓာတ်ပုံများကိုလည်း ထည့်သွင်းထားကာ ခန္ဓာကိုယ် အစိတ်အပိုင်းများ ကွဲပြားပုံကို ရှင်းလင်းထားသည်။ တိုရီဒေသ ကိုယ်စားပြု အမတ်ဖြစ်သူ အန်ဒရီယာ လိဒ်ဆမ်က “ကျွန်မတော့ ဒီဗီဒီယိုကို ကြည့်ပြီး ရှက်မိတယ်။ ဒါဟာ အပြာကားနဲ့ ဘာမှမခြားဘူး။ ကျောင်းတွေက စာပို့ပြီး BBCရဲ့ လိင်ပညာပေး ဗီဒီယိုကို ကလေးတွေကို ပြသင့်ကြောင်း တိုက်တွန်းစာတွေ ပို့ပါတယ်။ အဲဒီတုန်းက ဒါကို OKပဲလို့ ခပ်အေးအေး တွေးထားမိတာပါ။ ခုတော့ ဒီဗီဒီယိုကို ကလေးတွေ ကြည့်မိမှာကို အရမ်းစိုးရိမ်မိတယ်”ဟု ဝေဖန်ခဲ့သည်။ BBCကမူ ၎င်းဗီဒီယိုသည် သက်ဆိုင်ရာ အာဏာပိုင်များ၊ လိင်ပညာပေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ပညာရေး ရင်းမြစ်များထံမှ ပူးပေါင်းကူညီမှုဖြင့် ဖန်တီးထားခြင်းဖြစ်ကြောင်း ကာကွယ်ပြောဆိုထားသည်။

Source: plenet
Unknown at 10:16 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.