Monday, January 23, 2012

မြန်မာနိုင်ငံ၏ အကြီးဆုံး ကားပြပွဲအား စိတ်ဝင်စားသူ အထူးများပြား

23:12  Myanmar Express Group  No comments

NATIONAL EXPO & CAR SHOW ဖွင့်ပွဲအား ဇန်နဝါရီ ၁၉ ရက်က ကျင်းပခဲ့ရာ ယင်းမှာ မြန်မာနိုင်ငံ၏ အကြီးဆုံး ကားပြပွဲကြီးဖြစ်သည့်အလျောက် စိတ်ဝင်စားသူ အထူးများပြားသည့် ပွဲကြီးတစ်ပွဲဖြစ်သည်။ အဆိုပါ အမျိုးသား ကုန်စည်ပြပွဲကြီးနှင့် ကားပြပွဲကြီးအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြို့တော်ဝန် ဦးလှမြင့်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဖွင့် လှစ်ခဲ့ပြီး ဖွင့်ပွဲ မတိုင်ခင်ကတည်းကပင် ကျင်းပရာ မြန်မာ ကွန်ဗင်းရှင်းစင်တာ (MCC) ရှေ့တွင် ကြိုတင်ရောက်နှင့်နေသူများ များပြားစွာတွေ့ရှိရသည်။ ယင်းပြပွဲတွင် ကုမ္ပဏီအမြောက်အမြားမှ ဇိမ်ခံကားများအား ပြသရောင်းချခဲ့ပြီး ဈေးနှုန်းသင့်တင့်လျှောက်ပတ်မှုကြောင့် ပါမစ်ကိုင်ဆောင်ထားသူ မဟုတ်သူများပင် လာရောက် ဝယ်ယူမှုများရှိခဲ့ကြောင်း သိရသည်။ “၂၀၁၂ မော်ဒယ်ထဲမှာတောင် ကျပ်သိန်း ၃၅၀ လောက်ပဲရှိတော့ တန်တယ်လို့ ပြောရမယ်။ ကိုယ်က ဘာမှထပ်ပေးဆောင်စရာမလိုတော့ဘူးလို့ ပြောတယ်။ အခွန်အခတွေပါအပြီးအစီးဆိုတော့ ဒီဈေးကမဆိုးဘူး။ အရင်သိန်း တစ်ထောင်ဝန်းကျင်ရှိတဲ့ကားတွေလေ။ အန်တီက ရှိတဲ့ပါမစ်ပြန်ရောင်းပြီးပြီး။ အခုကား အသစ်တစ်စီး ထပ်ဝယ်မလို့ လာကြည့်တာပါ” ဟု အင်းစိန်မြို့နယ်နေ ပြပွဲလာရောက်ကြည့်ရှုသူ အမျိုးသမီးတစ်ဦးက ပြောသည်။ Father Land ဆောက်လုပ်ရေးမှ အထူးစတိတ်စင်ဖြင့် ဖိုးချစ်ဇာတ်အဖွဲ့၏ တင်ဆက်မှုအားပြသခဲ့ပြီး အချို့သော ကားအရောင်းပြခန်းများမှ ကားအားအရစ်ကျ ရောင်းချပေးချေသည့် စနစ်ဖြင့် ကျင်းပရောင်းချခဲ့သောကြောင့် ဝယ်ယူသူများအနေဖြင့် တစ်နေရာတည်း ရွေးချယ်စရာ အခွင့်အလမ်းများရှိကာ များစွာအဆင်ပြေခဲ့ကြသည်ဟု ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 10:13 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.