Thursday, January 26, 2012

လပိုင်းအတွင်း စာပေစိစစ် ဖျက်တော့မယ်တဲ့

မန်မာနိုင်ငံမှာ လာမယ့် လပိုင်း အတွင်း စာပေစိစစ်ရေး လုံးဝ ရှိမှာ မဟုတ်တော့ဘူးလို့ စာပေစိစစ်ရေးအဖွဲ့ အကြီးအကဲ ဗိုလ်မှူးဟောင်း ဦးတင့်ဆွေက ဒီကနေ့ ပြောကြား လိုက်ပါတယ်။

AFP
ဒေါ်အောင်ဆန်းစုကြည်ပုံကို ဖော်ပြထားသည့် ပြည်တွင်းထုတ် ဂျာနယ်ကို ရန်ကုန်မြို့လယ်ရှိ ဈေးတစ်ခုတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း အရောင်းဈေးသည်တစ်ဦးက ရောင်းချနေစဉ်။
ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲထားတဲ့ စာနယ်ဇင်း ဥပဒေမူကြမ်းကို ဇန်န၀ါရီ ၂၇ ရက် ခေါ်ယူမယ့် လွှတ်တော် အစည်းအဝေးမှာ တင်သွင်း ပြဋ္ဌာန်းပြီးခဲ့ အခါ စာနယ်ဇင်းတွေ အနေနဲ့ ဆင်ဆာအဖွဲ့ကို တင်ပြစရာ မလိုဘဲ ထုတ်ဝေခွင့် ရရှိမှာ ဖြစ်ကြောင်း စာပေစိစစ်ရေးဌာန အကြီးအကဲ ဦးတင့်ဆွေက အာအက်ဖ်အေနဲ့ သီးသန့် ဆက်သွယ် မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။ စာနယ်ဇင်း ဥပဒေကို ပြဋ္ဌာန်းပြီးတဲ့ အခါ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့် အပါအ၀င် တခြား ဒီမိုကရေစီ နိုင်ငံတွေမှာလို စာနယ်ဇင်း လွတ်လပ်ခွင့် အပြည့်အ၀ ရရှိလာမှာ ဖြစ်တယ်လို့လည်း ဦးတင့်ဆွေက ပြောပါတယ်။
RFA
Unknown at 10:34 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.