Thursday, January 26, 2012

ဖုန်းပြောဆိုချိန်ကြာသည့် ဖုန်းများနှင့် နယ်စပ်တွင် အသုံးပြုသည့် ဖုန်းများကို သံသယဖြင့် လိုင်းပိတ်ခြင်းမျိုးမရှိ


ဖုန်းပြောဆိုချိန်ကြာသည့်ဖုန်းများနှင့် နယ်စပ်တွင်အသုံးပြုသည့် ဖုန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သံသယဖြင့် လိုင်းပိတ်သိမ်းခြင်းမျိုးမရှိပါဟု မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “အဲဒီလိုကိစ္စမျိုး လုံးဝမရှိပါဘူး။ မြန်မာ့ဆက်သွယ်ရေးအနေနဲ့ ဥပဒေနဲ့မလွတ်ကင်းတဲ့ ဖုန်းတွေကိုပဲ ပိတ်တာပါ။ အကြောင်းမဲ့ သက်သက် သံသယနဲ့ ပိတ်ပင်မှုမျိုး လုံးဝမရှိပါဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက် ရှင်းပြခဲ့သည်။ “ဆက်သွယ်ရေးက အဲဒီလိုမျိုး အချိန်အကြာကြီးပြောလေကြိုက်လေပါပဲ။ အကြာကြီးပြောလို့ ပိတ်တယ်ဆိုတာမရှိဘူး။ နယ်စပ်မှာအသုံးပြုတဲ့ဖုန်းတွေလည်း သံသယနဲ့ပိတ် တယ်ဆိုတာ မရှိပါဘူး” ဟု သတင်းနှင့် အချက်အလက် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ထပ်မံဖြည့်စွက် ပြောကြားခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ဖုန်းဘီလ်ကုန်ခြင်း၊ အမှုအခင်းများဖြင့် ပတ်သက်ခြင်းနှင့် သူတစ်ပါးအား အနှောင့်အယှက်ပေး၍ တိုင်ကြားခြင်း စသည့်မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ထားသည့် ဥပဒေဖြင့် မလွတ်ကင်းသည့် ဖုန်းများကိုသာ ဖုန်းလိုင်းပိတ်ထားမှုများရှိပြီး ဖုန်းပိတ်ခံရသဖြင့် သံသယဖြစ်သူများအနေဖြင့် ရွှေဂုံတိုင်ရှိ မိုဘိုင်းရုံးသို့လာရောက်မေးမြန်းနိုင်သည်ဟုလည်း သတင်းရရှိကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင်ဖော်ပြထားပါသည်။

ခေတ်လူငယ်
Unknown at 10:36 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.