Wednesday, January 11, 2012

အများပိုင်ကုမ္ပဏီတစ်ခု ထူထောင်ခွင့်ပြု

လယ်ယာထွက်ကုန်သီးနှံများဈေးကွက်ရရှိရန် အများပိုင် ကုမ္ပဏီတစ်ခုကို ဖွဲ့စည်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်ကပြောသည်။ “အထူးပြုကုမ္ပဏီတွေလည်း ပါမယ်။ လယ်သမားတွေလည်း ပါလို့ရတယ်။ ရှယ်ယာတစ်ခုကို အနည်းဆုံး ကျပ်တစ်သောင်း သတ်မှတ်ထားပါတယ်” ဟု ဝန်ကြီး ဦးဝင်းမြင့်က ဇန်နဝါရီ ၇ ရက်တွင် ပြောသည်။ ထို့အပြင် နိုင်ငံတော် အရန်ဆန်ထားရှိရေး ကြီးကြပ်မှု ကော်မတီကိုလည်း ဖွဲ့စည်းပေးခဲ့ပြီး နေရာဒေသလိုက် တောင်သူများ မနစ်နာစေရန် ဈေးနှုန်းတစ်ခုသတ်မှတ်၍ အရန်ဆန်ဝယ်ယူသွားရန် အစီအစဉ်ရှိကြောင်း ဝန်ကြီးကဆိုသည်။ ယခင်က အများပိုင်ကုမ္ပဏီများဖွဲ့စည်းခွင့် မပြုခဲ့သော်လည်း ယခုပြန်လည် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ “အရင်တုန်းက ဆန်တင်ပို့တာကို ကုမ္ပဏီကြီးတစ်ခု၊ နှစ်ခုက လက်ဝါးကြီးအုပ်ထားတာ။ အခုလို အများပိုင်ဖွဲ့ပြီး တင်ပို့ဖို့လုပ်တာ အရမ်းကောင်းတယ်” ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။ အများပိုင်ကုမ္ပဏီကိုကျပ်သန်းပေါင်း ၅၀၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ လက်ရှိကနဦးထည့်ဝင်ငွေအဖြစ် ကျပ်သန်းပေါင်းဘီလီယံ ၃၀ နှင့်စတင်မည်ဖြစ်သည်။ ထို ကုမ္ပဏီတွင် ကုမ္ပဏီကြီးများက ၃၅ ရာခိုင်နှုန်းပါဝင်ပြီး ကျန် အစုရှယ်ယာများကို တောင်သူလယ်သမားများ အပါအဝင် မည်သူမဆို ဝယ်ယူနိုင်သည်။ အစုရှယ်ယာတစ်ခု၏ တန်ဖိုးမှာ ကျပ်တစ်သောင်းဖြစ်သည်။ လူတစ်ဦး မှတ်ပုံတင်တစ်ခုလျှင် ရှယ်ယာ ၅၀,၀၀၀ (ကျပ်သိန်းပေါင်း ၅,၀၀၀) ထက်ပို၍ မဝယ်နိုင်ရန် ကန့်သတ်ထားကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 2:24 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.