Wednesday, January 11, 2012

စီးပွားရေးပိတ်ဆို့မှု စာရင်းတွင်ပါဝင်သော မြန်မာအချို့အား သြစတြေးလျ ပယ်ဖျက်ပြီ

သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ပြုထားသူများ စာရင်းမှ အချို့ကို ပယ်ဖျက်တော့မည်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးဆိုင်ရာ ပြုပြင်ပြောင်းလဲနေမှုများအပေါ် ရောင်ပြန်ဟပ်တုံ့ပြန်ခြင်းဖြစ်ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ကီဗင်ရပ်ဒ်က တနလာင်္နေ့ကပြောကြားခဲ့သည်။ သြစတြေးလျသည် မြန်မာနိုင်ငံသားအချို့အား စီးပွားရေးအရ ပိတ်ပင်တားမြစ်မှုများအပြင် ခရီးသွားလာခွင့်ကိုပါ ပိတ်ပင်မှု ပြုထားခဲ့ရာ ယင်းစာရင်းထဲဝယ် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမှ အစိုးရအရာရှိကြီးများ၊ ယခင်ဝန်ကြီးများနှင့် ဒုဝန်ကြီးများ ပါဝင်နေခဲ့သော်လည်း ယခုတွင်မူ ယင်းတို့ကို စာရင်းမှ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သိရသည်။ “အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျွန်တော်တို့ မျှော်လင့်နေကြပါတယ်။ နိုင်ငံရေး ဆောင်ရွက်မှုတွေမှာ အတိုက်အခံပါတီတွေ ပါဝင်ခွင့်ကို တိုးမြှင့်ပေးတာမျိုး၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကိုလွှတ်ပေးတာမျိုး၊ အလုပ်သမား ဥပဒေသစ်ကို တရားဝင် ပြဋ္ဌာန်းပေးမှာမျိုးတွေ ဆက်လက်ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီလိုတိုးတက် ပြောင်းလဲမှုတွေကို ကျွန်တော်တို့ မပြတ်လေ့လာ သုံးသပ်နေမှာပါ” ဟု ကီဗင်ရပ်ဒ်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 2:39 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.