Wednesday, January 11, 2012

ရေပူဂိတ်နှင့် မရမ်းချောင် စစ်ဆေးရေးဂိတ် နှစ်ခုအား ဖျက်သိမ်း

မူဆယ် စစ်ဆေးရေးဂိတ်တစ်ခုပါ
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုရှိ စစ်ဆေးရေးဂိတ်များဖြစ်သည့် ရေပူဂိတ်နှင့် မရမ်းချောင်ဂိတ်တို့အား ဇန်နဝါရီလ ၇ ရက်နေ့မှ စတင်ကာ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။ “၇ ရက်နေ့ နံနက်ကစပြီးတော့ ရေပူဂိတ်ကို ဖယ်လိုက်ပါပြီ။ 

အရင်တုန်းက အဲဒီဘက်မှာ စစ်ဆေးရင် အတက်အဆင်း အရမ်းကျပ်တဲ့အထိ ရှိခဲ့တယ်။ ဘာကြောင့် ဖယ်တာကိုတော့ ကျွန်တော်တို့လဲ မသိရပါဘူး။ ဒီရေပူဂိတ်ကို ဖယ်လိုက်တဲ့အတွက်ကြောင့် ကုန်ကျစရိတ် မကွာဟပေမယ့် အချိန်တော့ တစ်နာရီလောက် သက်သာသွားမယ့် အနေအထား ရှိပါတယ်” ဟု မူဆယ်မြို့မှ ကုန်သည်ဦးဟန်စိန်က ပြောသည်။ 

ထိုကဲ့သို့ ရေပူစစ်ဆေးရေးဂိတ်အား ပယ်ဖျက်လိုက်သည့်အတွက် မန္တလေးမြို့မှ မူဆယ်သို့ ပို့ဆောင်မည့် ကုန်စည်များသည် မန္တလေး ၁၆ မိုင်ဂိတ်နှင့် မူဆယ်ဂိတ်များတွင်သာ စစ်ဆေးမှုများကို ခံယူရမည်ဖြစ်ကြောင်း အဆိုပါ ကုန်သည်က ရှင်းပြသည်။

ယင်းနေ့ရက်အတွင်း မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မရမ်းချောင် စစ်ဆေးရေးဂိတ်ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း သိရသည်။ မရမ်းချောင် စစ်ဆေးရေးဂိတ်အား ပယ်ဖျက်လိုက်သည့်အတွက် မြဝတီသို့ ကုန်သွယ်သည့် မော်တော်ယာဉ်များသည် သံလွင်တံတားနှင့် မြဝတီ ကုန်သွယ်ရေးဇုန်များတွင်သာ စစ်ဆေးမှုများ ခံယူရတော့မည်ဖြစ်ကြောင်း သိရသည်။ 

ယင်းသို့ အဓိကလမ်းကြောင်းပေါ်ရှိ ဂိတ်နှစ်ဂိတ်အား ပယ်ဖျက်ပေးလိုက်သဖြင့် ကုန်စည်ပို့ဆောင်မှုများ ယခင်ကာလများထက် သိသာစွာ မြန်ဆန်လာမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်န့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:41 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.