Wednesday, January 11, 2012

မိုးလေ၀သနှင့် ဇလဗေဒဂုဏ်ထူးဆောင်ဘွဲ့ မြန်မာတွင် ရယူနိုင်တော့မည်


၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွင်း မိုးလေ၀သနှင့် ဇလဗေဒဂုဏ်ထူးဆောင်ဘွဲ့ကို မြန်မာနိုင်ငံတွင် ရယူနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ “အလွန်လုပ်သင့်တဲ့ လုပ်ငန်းတစ်ခုပါ။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရမ်းလိုအပ်တယ်။ ကျွန်တော့်လက်ထက်တုန်းကတည်းက ကျောင်းပြီးရင် ရုံးမှာအလုပ်ပေးတယ်။ နှစ်နှစ်ပြည့်တာနဲ့ နိုင်ငံခြားပညာသင်ပို့ပေးတယ်”ဟု မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။ ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ရန်ကုန်တက္ကသိုလ်နှင့် ပူးပေါင်းကာ မိုးလေ၀သဂုဏ်ထူးတန်းကို ရူပဗေဒဌာနနှင့်လည်းကောင်း၊ ဇလဗေဒဂုဏ်ထူးတန်းကို သင်္ချာဌာနနှင့်လည်းကောင်း တွဲဖက်၍ သင်ကြားပို့ချနေကြောင်း သိရသည်။ အဆိုပါမိုးလေ၀သနှင့် ဇလဗေဒဂုဏ်ထူးဆောင်ဘွဲ့သင်တန်းကို မြန်မာနိုင်ငံအတွင်းရှိ မည်သည့်တက္ကသိုလ်ကောလိပ်မှမဆို ရူပဗေဒနှင့် သင်္ချာဘာသာရပ် ဒုတိယနှစ်ဂုဏ်ထူးတန်းဖြင့် အောင်မြင်သော ကျောင်းသားကျောင်းသူများ တက်ရောက်နိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ရှားပါးမှုကြောင့် မည်သည့်တက္ကသိုလ်တွင်မျှ မိုးလေ၀သနှင့် ဇလဗေဒဌာန ဖွင့်လှစ်သင်ကြားခြင်းမရှိသေးဘဲ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ရန်ကုန် (ကမ္ဘာအေး)ရုံးတွင် စာသင်ခန်းထားရှိသင်ကြားလျက်ရှိပြီး ၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွင်း မိုးလေ၀သနှင့် ဇလဗေဒဘာသာရပ်တစ်ခုလျှင် သင်တန်းသား (၂၀)ဦးစီ လက်ခံသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား (၂၀)ဦးထက် ကျော်လွန်ပါက လူတွေ့စစ်ဆေးကာ လက်ခံသင်ကြားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:53 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.