Monday, October 29, 2012

ကြေးနီတောင် စီမံကိန်းအပေါ် EcoDev အမြင်

 
လတ်တလော ဒေသခံလူထု ဆန္ဒပြပွဲတွေ ဖြစ်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ အစိုးရအနေနဲ့ ရေရှည်အကျိုးစီးပွားနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နှစ်ဖက်မျှ စဉ်းစားသင့်ပြီး ပွင့်လင်းမြင်သာစွာ အစီအစဉ်တွေကို ချပြသင့်တဲ့ အရေးတခုဖြစ်တယ်လို့ EcoDev (Economically on-going Ecosystem Development Ecodev-mm.com) သဘာဝပတ်ဝန်းကျင်အဖွဲ့က ဦးဝင်းမျိုးသူ က ပြောဆိုပါတယ်။ ဝါရှင်တန်ဒီစီကို ခေတ္တရောက်ရှိနေတဲ့ ဦးဝင်းမျိုးသူ ကို ဦးသန်းလွင်ထွန်း က တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီပြဿနာက အထူးသဖြင့် လယ်ယာမြေတွေ သိမ်းဆည်းမှု ပြဿနာ။ နောက်ပြီးတော့ ကျေးရွာတွေ ရွှေ့ ပြောင်းခိုင်းမှုဆိုတဲ့ ပြဿနာအပြင်ကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာအနေနဲ့လည်း လူတွေပြောကြတယ်။ တဖတ်ကလည်း နိုင်ငံရေးအရတချို့  ပါနေကြတယ်လို့လည်း ဆိုတယ်။ အဲဒါတွေ ပတ်သက်လို့ ဦးဝင်းမျိုးသူတို့အနေနဲ့ ဘယ်လောက်အထိ ခန့်မှန်းပြီးတော့ သုံးသပ်မိသလဲ။
ဦးဝင်းမျိုးသူ ။ ။ နိုင်ငံရေးအပိုင်းတော့ ကျနော် မပြောလိုဘူး။ ကျနော်က နိုင်ငံရေးသမားလည်း မဟုတ်တော့။ သို့သော်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးရှုထောင့်နဲ့၊ လူမှုစီးပွားရှုထောင့်ကနေ ကျနော်အမြင်လေး ပြောရမယ်ဆိုရင်တော့ ဒီလူတွေကို ထိခိုက်တာတော့ မကောင်းဘူးပေါ့။ ပတ်ဝန်းကျင်ရေးရာနဲ့ ပတ်သက်ရင်တော့ အမျိုးသားပေါ်လစီ၊ ပတ်ဝန်းကျင်ရေးရာအနေနဲ့ နိုင်ငံတော်အဆင့်မှာ စီးပွားရေး ဖွံ့ဖြိုးရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာကို တန်တူညီမျှ စဉ်းစားမယ်ဆိုတာကို အထင်အရှားပြောထားပြီးသားပေါ့။ အဲဒီတော့ ကျနော်တို့က လူတယောက်ကိုပဲ ထိခိုက်ထိခိုက်၊ လူတရာပဲ ထိခိုက်ထိခိုက်၊ လူတသောင်းပဲ ထိခိုက်ထိခိုက်။ ပတ်ဝန်းကျင်အရေးလို့ ပြောလာရင်။ ဒါကို သေချာစဉ်းစားပေးဖို့ လိုတယ်။ စီးပွားရေး၊ ဖွံ့ဖြိုးရေး တခုတည်းကိုပဲ ဦးစားပေးတာ မဟုတ်ဘူး။ ပတ်ဝန်းကျင်အရေးကိုလည်း ချိန်ခွင်လျှာညီမျှပြီးတော့ စဉ်းစားဖို့ လိုတယ်လို့ တစ်တချက် ပြောချင်တယ်။ အဲဒီတော့ အခု ကျနော်တို့က ဆင်းရဲနွှမ်းပါးမှုကို တိုက်ဖျက်ရေးဆိုပြီးတော့ ကျနော်တို့က လုပ်နေတယ်။ လုပ်တဲ့နေရာမှာ လူတွေ အစောကလို မြေယာတွေ ဆုံးရှုံးတယ်။ ထိခိုက်တယ်ဆိုရင်တော့လည်း ဘယ်ကောင်းမလဲ။ ကျနော်တို့ လုပ်ချင်တယ့် ရည်ရွယ်ချက်နဲ့ တခြားဆီ ဖြစ်နေတော့ ဒါလေးတွေကို ကြည့်ဖို့လိုပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ လက်ပံတောင်းတောင် စီမံကိန်း ပတ်သက်ပြီးတော့ပဲ သမ္မတကြီး ဦးသိန်းစိန် နယူးရော့ခ်မြို့ ကို ရောက်လာတုန်းကလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ မေးတာမြန်းတာလေးတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ သမ္မတကြီး ဦးသိန်းစိန်က ဒီကျေးရွာတွေ ရွှေ့ ပြောင်းမှု၊ ရွာတွေဖယ်ရှားမှု၊ မြေသိမ်းဆီးမှုကိစ္စတွေနဲ့ ပတ်သက်လို့ ပြဿနာတရပ်အဖြစ် ပြောသွားတာကိုလည်း ကျနော်တို့ ကြည့်ကြည့်ရအောင်။
ဦးသိန်းစိန် ။ ။ လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်လို့ ခင်များပြောသလို ပြဿနာလေးတွေကတော့ အောက်ခြေမှာ တော်တော်များများ ရှိပါတယ်။  ဦးပိုင်နဲ့ တရုတ်နိုင်ငံကုမ္မဏီတခုနဲ့ စာချုပ်ချုပ်ဆိုပြီး ဟိုတုန်းကတော့ ဧရီယာတခုလုံးက သတ္တုတွင်းဝန်ကြီးဌာနရဲ့  လုပ်ငန်းစီမံကိန်းအတွက် သိမ်းထားတာနေရာ။ အဲဒီကနေ ဦးပိုင်နဲ့ တရုတ်နိုင်ငံကုမ္မဏီတို့ ဖက်စပ်လုပ်ကြပြုကြရင်းနဲ့ အထဲက ရွာလေးတွေတချို့ ၊ လုပ်ငန်းခွင်နဲ့ မလွတ်တဲ့ရွာလေးတွေကို ရွှေ့ ရပြောင်းရတယ်။ သူတို့ကို ရွှေ့ ပြောင်းတဲ့နေရာမှာတော့ တစ်အချက်ကတော့  ငွေကြေးလျှော်ကြေး တန်ရာတန်ကြေး volume ဘယ်လောက်ပေးတယ်ဆိုတာ ကျနော် မသိဘူး။ နောက်တခုကတော့ ဟိုဘက်မှာ အိမ်တွေဘာတွေ ဆောက်ပေးတယ်။ အိမ်တို့ဘာတို့ ရေတို့မီးတို့ ဒါတွေလည်း ပြည့်စုံအောင် လုပ်ပေးတယ်။ တချို့ ရွာတွေလည်း ရွှေ့ ပါတယ်။ တချို့ ရွာ သုံးရွာလောက်ကတော့ ရွှေ့ ဖို့ကို မပြေမလည် ဖြစ်နေတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သမ္မတကြီးပြောသွားတဲ့အတိုင်းဆိုရင်တော့ ဒါက ကျေးရွာတွေ ရွှေ့ ပြောင်းခိုင်းတဲ့ကိစ္စ၊ နောက် လယ်ယာတွေ သိမ်းခံရတဲ့ကိစ္စတွေ။ အဲဒီနေရာမှာ သမ္မတကြီးလည်း ပြောသွားပါတယ်။ အစောပိုင်းမှာ ရွာတွေ၊ လယ်တွေကို သိမ်းတဲ့နေရာမှာ လျှော်ကြေးတွေ ဘာတွေပေးတာတွေ ရှိတယ်။ နောက် နေရာတွေကို တချို့ ရွှေ့ ပြောင်းပြီး အသစ်ဆောက်ပေးတာတွေရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း အဲဒီဒေသအတွင်းမှာ ဆက်ဖြစ်နေတဲ့ ဆန္ဒပြမှုတွေ၊ ဆန္ဒထုတ်ဖော်မှုတွေအရဆိုရင် အစောပိုင်းမှာ မြေယာတွေသိမ်းဆည်းပြီးနောက် လျှော်ကြေးပေးတဲ့နေရာမှာ (၃) နှစ်စာ သီးနှံလျှော်ကြေးဆိုပြီး ပေးလိုက်တယ်။ ဒါပေမဲ့ တကယ်တမ်း စီမံကိန်းဆိုတာ နှစ် (၆၀) ဆိုတော့ အစောပိုင်းမှာ နားလည်းမှုလွှဲမှားပြီးတော့ ရွာထဲကလူတွေကို (၃) နှစ်စာလျှော်ကြေး ပေးလိုက်တယ်ဆိုတဲ့ ပုံစံမျိုး။ တသက်လုံး လယ်ယာမြေတွေကို ဆုံးရှုံးရမယ့်ပုံစံမျိုး သူတို့ နားမလည်းကြဘူးဆိုတဲ့ သဘောဖြစ်နေတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဦးဝင်းမျိုးသူတို့ ဘာကြားသလဲ။
ဦးဝင်းမျိုးသူ ။ ။ ဒေသခံ လယ်သမားတွေကတော့ ခင်များ အခုပြောသလိုပဲ ဆုံးရှုံးမှုတွေ ပြောပြတယ်။ ဒါကို ကျနော်က သုံးသပ်တယ့်အခါကြတော့ နံပတ် (၁) အချက်ကတော့ ဥပဒေရဲ့  အားနည်းချက်လို့ ထင်တယ်။ ဒါက ဒီကိစ္စရပ်တွေက မကြာသေးခင်က ထုတ်ထားတဲ့ လယ်ယာမြေဥပဒေတို့၊ မြေလွတ်မြေရိုင်း ဥပဒေတို့ မတိုင်မီက ဖြစ်ခဲ့တဲ့ကိစ္စရပ်တွေ။ အဲဒီမှာရှိတဲ့ ဥပဒေအတိုင်း ကျနော်တို့က ဖြေရှင်းရတာ။ အဲဒီတော့ နိုင်ငံတော်အကျိုးအတွက် မြေယာကိုသိမ်းဆည်းတဲ့အခါ ဘယ်လိုမျိုး ပေးရမယ်ဆိုတာလေးတွေ ရှိတာပေါ့။ အဲဒီတော့ လျှော်ကြေးပဲ ပေးရုံတခုတည်းနဲ့ လယ်သမားဘဝက ပြန်ပြီးတည်ဆောက်လို့မှ မရတာ။ ဒါကြောင့် ကျနော်တို့ကလည်း နိုင်ငံအတွင်းမှာ အဓိက တတ်နိုင်တဲ့ သက်ဆိုင်ရာအစိုးရတွေ၊ သက်ဆိုင်ရာ law builder တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောနေတာက နိုင်ငံတကာမှာ ကျင့်သုံးသလိုပဲ။ ဒီ လျှော်ကြေးပေးတာ တခုတည်းနဲ့ မလုံလောက်ဘူး။ လယ်သိမ်းခံလိုက်ရတဲ့ တောင်သူလယ်သမားတွေရဲ့  ဘဝကို တည်ငြိမ်မှုရအောင်ကိုပင် ကျနော်တို့က ပြန်ပြီးတော့ နိုင်ငံတော် သို့မဟုတ် တာဝန်ရှိတဲ့ ကုမ္မဏီတွေက ပြန်ပြီးထူးထောင်ပေးဖို့ လိုတယ်ဆိုတဲ့အချက်ကို ကျနော်တို့က ဥပဒေတရပ်အနေနဲ့ ပြဌာန်းပေးဖို့ လိုတယ်ထင်တယ်။
အဲဒီတော့ ဒီလို ဥပဒေမရှိတဲ့အခါကြတော့ အောက်က ညှိနှိုင်းမှုက သက်ဆိုင်ရာ ကုမ္မဏီတဦးရဲ့  ဘယ်လောက်အထိ ဒီကိစ္စတွေပေါ်မှာ ဖြေရှင်းလိုတယ်ဆိုတဲ့ဆန္ဒအရ မူတည်နေတယ်။ သူတို့ကတော့ ဒါကို သူတို့ ဥပဒေအတိုင်း ဆောင်ရွက်တယ်လို့ တခါတလေ ပြောလို့ရတာပေါ့။ ဥပဒေကိုယ်တိုင်းက အားနည်းချက်တွေ ရှိနေတာကို။ ဒါကြောင့် ကျနော်တို့က အဓိက ကုမ္မဏီတွေကို ပြောတာက due committed လုံလောက်တဲ့ လုံးလစိုက်ထုတ်မှု ရှိရမယ်။ သူတို့က တကယ် လူသားအခွင့်အရေးတွေကို စဉ်းစားမယ်။ ပတ်ဝန်းကျင် တည်ငြိမ်ရေးကို တကယ် စဉ်းစားမယ်ဆိုရင် ဥပဒေမှာ ဘယ်လိုပဲ အားနည်းတယ်၊ အားသာတယ်ဖြစ်စေ သူတို့အနေနဲ့က ဒေသခံတွေနဲ့ ပြေလည်အောင်ကို ဆွေးနွေးပြီးမှ စိတ်ကျေနပ်တဲ့အထိကို လုပ်ပေးမှကောင်းမယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သူတို့ပြောသလိုဆိုလို့ရှိရင် အစောပိုင်းက နားလည်းမှုလွှဲမှားလို့ သုံးနှစ်စာလျှော်ကြေး ရထားပြီးပြီ။ နောက်ပိုင်းမှာ ဒီထက်မက ရသင့်တယ်ဆိုတော့ ဒါကကြည့်နိုင်လို့ ရအုန်းမယ်ဆိုတဲ့ သဘောလား။
ဦးဝင်းမျိုးသူ ။ ။ အဲဒါကတော့ လက်ရှိ ဒေသခံတွေနဲ့ သူတို့ ကုမ္မဏီတွေကြားထဲမှာ ဒါကို ဆက်ညှိဖို့လိုတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ဒေသခံတွေအနေနဲ့ ဘာသွားလုပ်စားမလဲ။ သုံးနှစ်ဆိုတဲ့ငွေက ကုန်သွားမှာ။ သူတို့ဘဝ ရှင်သန်ရပ်တည်ရေးဖို့အတွက်ကိုတော့ တခုခုတော့ လုပ်ပေးရမှာပေါ့။ ကျနော်တို့ကြားတာ ကုမ္မဏီကအလုပ် ဒီသတ္တုတွင်းထဲမှာ ပေးမယ်ဆိုတာကလည်း တချို့ တစ်ယောက်နှစ်ယောက်လောက်ပဲ ရနိုင်မှာ။ အများကြီး ရနိုင်မှာမဟုတ်ဘူး။ ဆက်တော့လုပ်ဖို့ လိုတယ်။ သူတို့လည်း ဘယ်လောက်အထိ ညှိနှိုင်းမလဲဆိုတာကိုတော့ ကျနော်တို့ကိုယ်တိုင် စောင့်ကြည့်နေတဲ့ သဘောပေါ့။
ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ တချို့ ရွာတွေကြတော့လည်း လုံးဝရွှေ့ ပြောင်း မပေးနိုင်ဘူးဆိုပြီး ပြောနေကြတယ်။ ပြောနေတယ်ဆိုတော့ တကယ်လို့သာ ရွာတွေက ရွှေ့ မပြောင်းဘဲ အဲဒီနေရာမှာ ဆက်နေမယ်ဆိုရင်ကော ဒီ စီမံကိန်းကြီးက ဆက်လုပ်မယ်။ အဲဒီရွာတွေက အဲဒီနေရာမှာ ဆက်နေလို့ ဖြစ်နိုင်ပါ့မလား။
ဦးဝင်းမျိုးသူ ။ ။ အဲဒါကို ကျနော်လည်း သမ္မတကြီး ဦးသိန်းစိန် – ဗွီအိုအေမှာ အင်တာဗျူးလုပ်တော့ ရန်ကုန်ကနေ ကျနော် နားထောင်ရတယ်။ နားထောင်ပြီး နောက်တနေ့မှာပဲ ကျနော်တို့ ဟောပြောပွဲရှိတော့ အဲဒီအချက်လေးကို ကျနော်လည်း စိုးရိမ်လို့ ပြောဖြစ်တယ်။ (၃) ရွာကတော့ အထဲမှာ နေတာကတော့ ကျနော် စိုးရိမ်တာက ဘာမှကျန်တဲ့ အခြေအနေတွေ ပြုပြင်မှုမရှိဘူး။ အထူးသဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး။ ဘာဖြစ်လို့လဲဆိုတော့ သတ္တုတွင်းကို လုပ်တဲ့အခါကြတော့ sulfuric poison တွေ အများကြီး သူတို့သုံးတယ်။ လေထဲကိုထွက်တယ်။ နောက် သူတို့လုပ်ရမယ့် ပတ်ဝန်းကျင်လုပ်ငန်းတွေ လုပ်လားမလုပ်လားဆိုတာတွေ ကျနော်တို့ သတင်းအချက်အလက်တွေ မရဘူး။ မရတော့ လူတွေရဲ့  ကျန်းမာရေး ရှုထောင့်ကဆိုရင် အရမ်းဆိုးတယ်။ ဒီ sulfuric အငွေ့တွေကို ရှုရတဲ့ သဘောရှိတယ်။ ဒီရွာ (၃) ရွာက အထဲပိုင်းမှာ ရှိနေတယ်ဆိုရင် သူတို့က ပြောင်းတော့မပြောင်းဘူး။ ဒါပေမဲ့ အထဲမှာ သူဘာသာ အကျဉ်းထောင်ကျသလို ဖြစ်နေမယ်။ ဒါလေးကို စဉ်းစားဖို့လိုတယ်။ ဒါကိုတော့ ဘယ်လိုမှ မကောင်းဘူး။
ဦးသန်းလွင်ထွန်း ။ ။ စားဝတ်နေရေးအတွက်ကိုကော သူတို့ ဘာဆက်လုပ်မလဲ။ စိုက်ပျိုးလို့လည်း မရနိုင်ဘူး။
ဦးဝင်းမျိုးသူ ။ ။ စိုက်ပျိုးလို့လည်း မရနိုင်ဘူး။ သူတို့ မြေတွေလည်း အကုန်သိမ်းထားတယ်ဆိုတော့။ သူတို့က အထဲမှာ ကိုယ့်ရဲ့ ဒေသအစွဲနဲ့ နေတာနေကြမယ်။ သူတို့ရဲ့  နေတဓုဝ ဝမ်းရေးဖြေရှင်းဖို့ provision ဘာမှလည်း ရှိဘူး။ ဘေးနားက ပတ်ဝန်းကျင် လေထုညစ်ညမ်းတာတွေ၊ ရေထုညစ်ညမ်းတာတွေ။ နောက်တခုက ဆိုးတာက မြေထုညစ်ညမ်းတာတွေ။ မြေအဆိပ်သင့်တာ – dirt decay မိုင်းကနေ ထွက်လာတဲ့ ဒီမြေဇာတွေကြောင့်လည်း မြေတွေလည်း ညစ်ညမ်းမှုတွေ ဖြစ်တာပေါ့။ အဲဒါတွေ ရှိမယ်ဆို သူတို့က တကယ့်ကို ငရဲကျသလို ဖြစ်နေမှာပဲ။ ဆိုတော့ ဒါတွေကိုလည်း ထည့်စဉ်းစားဖို့လိုမယ်။ ကျနော်ထင်တယ် မိုင်းဥပဒေအရ၊ သတ္တုတွင်းဥပဒေအရကို လူမှုစီးပွားရေးကိုလည်း ဖြေရှင်းပေးရမယ်။ နောက်တခုက ပတ်ဝန်းကျင်ရေးရာကိုလည်း ကောင်းအောင်လုပ်ရမယ်ဆိုတာကို စာချုပ်တွေထဲမှာ ပါပြီးသာ။ ပါပြီးသာကို ဘယ်လိုလုပ်သလဲဆိုတာကို ကျနော်တို့ ကြည့်ရမယ်။ အရင်မတိုင်မှီတုန်းက အိုင်ဗီဟို တုန်းက အတိုင်းအတာတခုအထိ လုပ်ခဲ့တယ်လို့ ကျနော်တို့ကြားတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။ အရင်တုန်းကလည်း ပြောရေးဆိုခွင့်က မရှိတော့ ဒီကိစ္စတွေ သိပ်သေချာတာ မဟုတ်ဘူး။ သို့သော်လည်း ကျိန်းသေတဲ့အချက်ကတော့ သတ္တုတွင်း ဥပဒေစည်းကမ်းအရ ဒါတွေကို လုပ်ဖို့ရှိတယ်။ ဒါလုပ်နိုင်မှပဲ ပတ်ဝန်းကျင်ဒေသတွေက သက်သာမယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ အခုလက်ရှိ လူထုဆန္ဒပြပွဲတွေလည်း အဲဒီဖက်မှာ ဖြစ်နေတဲ့အပြင်ကို လက်ရှိ ဒီအချက်ကို တချိန်တုန်းက လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်း အခြေအနေမျိုးနဲ့ နှိုင်းယှဉ်ပြီး ပြောကြတာတွေ၊ မေးကြမြန်းကြတာတွေ ရှိပါတယ်။ အဲဒီတော့ ဦးဝင်းမျိုးသူ က ဘယ်လိုထင်သလဲ။ ဒီကိစ္စကို မြစ်ဆုံနဲ့ သွားနှိုင်းလို့ ရနိုင်တဲ့ အခြေအနေမျိုးလို့ ထင်သလား။
ဦးဝင်းမျိုးသူ ။ ။ ဒီ မေးခွန်းကတော့ ဖြေဖို့ခက်တဲ့ မေးခွန်းပါ။ ဒါကြောင့် ကျနော် နဂိုကတည်းက ပြောပြီးပြီ။ လူတယောက် ထိခိုက်တဲ့ကိစ္စဆိုရင်တော့ ဘယ်နားဖြစ်ဖြစ် ကြည့်ရမယ်လို ဆိုတဲ့ မူဝါဒ element ကို လက်ခံဆိုရင်တော့ ဒါကတော့ ဒီကိစ္စကို မြစ်ဆုံလိုပဲ အလေးထားပြီး ရှင်းပေးဖို့ လိုတာပေါ့။ သို့သော်လည်း ပတ်ဝန်းကျင် ထိခိုက်မှု ရှုထောင့်က ကြည့်ရင်တော့ မြစ်ဆုံနဲ့ မတူဘူး။ မြစ်ဆုံကတော့ ထိခိုက်ရင်တော့ နိုင်ငံတဝှမ်းလုံး ထိခိုက်မယ့် သဘောတော့ ရှိတာပေါ့။ ဒီနေရာမှာ ပတ်ဝန်းကျင် ထိခိုက်မှုကို ကြည့်ရင်တော့ ထိခိုက်မယ်။ အဲဒီဒေသတဝိုက်ကို ကွက်ပြီးတော့ ထိခိုက်မယ်။ Scale of impact ပတ်ဝန်းကျင် ထိခိုက်မှု အတိုင်းအတာကတော့ အဲဒီလောက် မြစ်ဆုံနဲ့တော့ နှိုင်းလို့တော့ မရဘူးပေါ့။
ဦးသန်းလွင်ထွန်း ။ ။ ကြေးစင်တောင်၊ စပယ်တောင်၊ လက်ပံတောင်းတောင် တို့ကနေ စီမံကိန်းကြီးတွေ ဖြစ်လာပြီဆိုရင် စွန့်ပစ်မယ့် အညစ်အကြေးတွေ၊ ဥပမာ ချင်းတွင်းမြစ်ထဲကို စွန့်ပစ်တယ်ဆိုရင် ချင်းတွင်းမြစ်ကလည်း တချိန်မှာ ဧရာဝတီမြစ်ကို သွားပေါင်းတာ မဟုတ်ဘူးလား။ အဲဒီတော့ ဧရာဝတီမြစ်ကြီးကို ထိခိုက်တယ်ဆိုတဲ့ နိုင်ငံတဝှမ်း ထိခိုက်မယ်ဆိုတဲ့ ပုံစံမျိုး မဖြစ်နိုင်ဘူးလား။
ဦးဝင်းမျိုးသူ ။ ။ အဲဒါတော့ ဖြစ်နိုင်ပါတယ်။ ချင်းတွင်းမြစ်ကလည်း ဒုတိယ အရေးကြီးဆုံး မြစ်လက်တက်ဖြစ်တဲ့အတွက် ဧရာဝတီမြစ်လည်း ထိခိုက်နိုင်တယ်။ သို့သော်ကိုယ်တိုင်လည်း ကျနော်ကိုယ်တိုင်ကလည်း မရောက်ဘူးသေးဘူး။ အချို့ အချက်အလက်တွေသိဖို့ လိုသေးတယ်။ အဓိက ကျနော် စိတ်ဝင်စားတာက လောလောဆယ် စိတ်ဝင်စားတာက စီးပွားရေးလုပ်ငန်းတခု လုပ်ပြီဆိုရင်တော့ အကျိုးနဲ့အပြစ် ရှိမှာပေါ့။ ကျနော်တို့က အကျိုးနဲ့အပြစ်ကို နှိုင်းယှဉ်ဖို့ လိုတာပေါ့။ ဘယ်အကျိုးက များလား၊ အပြစ်ကများလား။ နောက်တခုကလည်း ဒီအပြစ်ကလည်း နည်းသွားအောင် လုပ်လို့ရသလားဆိုတဲ့ အချက်လေးကို ကြည့်ဖို့လိုတယ်။
ဦးသန်းလွင်ထွန်း ။ ။ ပတ်ဝန်းကျင် ထိခိုက်မှုနည်းအောင် ဘယ်လိုလုပ်နိုင်သလဲ။
ဦးဝင်းမျိုးသူ ။ ။ ပတ်ဝန်းကျင် ထိခိုက်မှုနည်းအောင် လုပ်ဖို့လိုတာပေါ့။ ကျနော် အစောကမြင်တာကတော့ လက်ပံတောင်းတောင်မှာလည်း ပြောပါတယ်။ ပတ်ဝန်းကျင်ရေးရာကို အဓိကပြောမယ်ဆိုရင် (၃) ချက် ထိခိုက်နိုင်တယ်။ အထူးသဖြင့် အစောကပြောသလို လူတွေသိပ်မပြောတဲ့အချက်က ဒီမှာ ဓတုဗေဒတွေ အများကြီးသုံးရတယ်။ ဆေးတွေအများကြီး သုံးရတော့ ဒါတွေကို ရန်ကုန်ကနေ အဲဒီကို ရွှေ့ သယ်ပြုရတာရှိတယ်။ ဒီနေရာမှာလည်း စနစ်မကျနိုင်ဘူး။ လမ်းကြောင်းတလျှောက်မှာ ထိခိုက်နိုင်တာတို့။ ဒါတွေကို သိုလှောင်မယ်။ နောက်တခုက တွင်းတူးတဲ့ တွင်းကို open array complement တွင်းကိုဖွင့်ပြီး တူးရတာပေါ့။ တူးတဲ့အခါဆိုရင် သူတို့ တကယ်လုပ်မယ်ဆိုရင်လည်း အစောကပြောသလို နံပတ်တစ်အချက် တွန်းတူးတဲ့အတွက်ကို သဲတွေအမှုန်တွေ ထွက်မယ်ဆိုရင် ဒါတွေကို စနစ်တကျ စွန့်ပစ်ဖို့ ရေဖြန်းတာတွေ၊ လေကာဒန်းတွေ စိုက်တာတွေက ဒီ impact တွေကို လျော့သွားအောင် လုပ်တယ်။ ကျနော် သိသလောက်တော့ လုပ်ထားတာ မရှိဘူး။ တွင်းတူးစဉ်မှာ ပြဿနာတွေကလည်း လုပ်မယ်ဆိုရင်တော့ ထိန်းသိမ်းနိုင်တဲ့ ပြဿနာရှိတယ်။
နောက်တခုက ထွက်လာတဲ့ မြေစာတွေကို ကြေးနီထုတ်ဖို့အတွက် ဓါတ်ပြုတဲ့အခါမှာ အစောကပြောသလို ဓါတ်ငွေ့တွေ အများကြီးသုံးတယ်။ ထွက်လာတဲ့ဟာတွေကို ရေတွေနဲ့ သိုလှောင်တယ်။ ဆိုတော့ အဲဒီဟာမှာ sulfuric poison တွေက အငွေ့တထောင်ထောင်ထတာပေါ့။ အဲဒါတွေက အစောကပြောသလို အရင်တုန်းကလို လုပ်သလိုမျိုး သေချာလေး ရေနဲ့ဖြန်းတယ်ဆိုရင် သူပါတဲ့ လေထုထဲပါတဲ့ concerntration ကျသွားနိုင်တယ်။ နောက်တခုက စီစင်းတဲ့ရေတွေကို သူတို့ သိမ်းတဲ့အခါမှာ အရင်တုန်းက ကျနော် သိတာက 0 liberate complement ကို သုံးတယ်။ ဆိုတာက သုံးလိုက်တဲ့ ညစ်ညမ်းတဲ့ – ကို အပြင်မထွက်သွားအောင် သူတို့ပြန်ပြီးသုံးတယ်။ ဒါတောင် ကျနော်မှတ်မိတယ်။ အဲဒီတုန်းက ဒါက ပြဿနာရှိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မသိနိုင်တဲ့အချက်က မိုးရာသီက ခန့်မှန်းလို့မရဘူးလေ။ ခန့်မှန်းလို့ မရတော့ မိုးရေလက်မက တအားရွာလိုက်ရင် သူတို့ ဆယ်ထားတဲ့ကန်တွေက ကျိုးပေါက်သွားရင်၊ ဖြစ်လည်းဖြစ်ခဲ့တယ်လို့ ကျနော်နားလည်းတယ်။ ဒါကြောင့်မို့လို့ ကာကွယ်နိုင်တယ်။ နောက်ဆုံးတချက်က အစောကပြောသလို တောင်ကြီးလုံးဝ ပျောက်သွားမယ်။ ကျင်းကြီးတွေ ဖြစ်သွားမယ်။
ဒါကြောင့် အကျိုးအပြစ်နဲ့ ပြန်ယှဉ်ရမယ်ဆိုတော့ အစိုးရက ဘယ်လောက် စီးပွားရေးရလဲ။ အခု သက်ဆိုင်ရာဝန်ကြီးတွေက ပြောနေတာပဲ EITI ထင်သာမြင်သာဖြစ်အောင် လုပ်ပါမယ်ဆိုတယ်။ နိုင်ငံတော်က ဒီအပေါ်မှာ ပိုက်ဆံဘယ်လောက်ရသလဲ။ ရတဲ့ငွေကို ဘယ်လို သုံးစွဲသလဲ။ ပြည်သူတွေလည်း ဘယ်လောက်ရသလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဖို့လိုတယ်။ ဒါမှ လူထုက နားလည်းမှာ။ ဘယ်သူရသွားတာလဲဆိုတဲ့ မေးခွန်းနဲ့ ဖြစ်နေတော့။ ဒါကိုလည်း အစိုးရဖက်က ရှင်းဖို့လိုတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဝါရှင်တန်ဒီစီကို ခေတ္တရောက်ရှိနေတဲ့ EcoDev အဖွဲ့က ဦးဝင်းမျိုးသူ ကို ဗွီအိုအေ က တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဘကြီးသက်
Unknown at 3:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝတ္ထုတွေထက် ပုံပြင်ဆန်တဲ့ အဖြစ်အပျက်

 
မကြာသေးတဲ့ ကာလတခုမှာ ပုသိမ်မြို့က ပုသိမ်ထောင်မှာ ထောင်မှူးတယောက် တာဝန်ယူနေတယ်။ အဲဒီအချိန်မှာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပါလေရော...။ ဒါနဲ့ ဖမ်းလာသမျှ လူတွေ ပုသိမ်ထောင်ကို ရောက်လာကြတယ်။ အဲဒီအထဲမှာ ကိုကြည်လွင်ဆိုတဲ့ NLD ပါတီဝင်တယောက်လည်း အပါအ၀င်ပေါ့။

ဒါနဲ့ ထောင်ကို ရောက်လာသူတွေကို ထောင်မှူးက လက်စင်ပေးတယ်။ မင်းတို့
ကုလားမယားပါတီကို ထေ
ာက်ခံတဲ့လူတွေပဲ။ ဒါကြောင့် ဖားခုန်ခုန်စမ်း ဆိုပြီးတော့ ခုမှ ထောင်ကျကာစ နိုင်ငံရေးသမားတွေကို ခိုင်းတယ်။ ဟိုလူတွေကလည်း ထောင်မှူးခိုင်းတဲ့အတိုင်းပဲ ထောင်ဗူးဝမှာ ဟိုဘက် ဒီဘက်ကို ခေါက်တုန့်ခေါက်ပြန် ဖားခုန်တွေ ခုန်ကြရတာပေါ့။

ဒီလိုနဲ့ ၅ နှစ်လောက်ကြာလို့ ၂၀၁၂ ခုနှစ် ရောက်လာတဲ့အချိန်မှာ ကုလားမယားပါတိကို ထောက်ခံလို့ ဖားခုန်ခုန်ခိုင်းခဲ့တဲ့ ထောင်မှူးကြီးက သူပြောတဲ့ ကုလားမယားပါတီ NLD ရဲ့ ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့ဝင်တဦး ဖြစ်နေပြီးတော့ ဖားခုန်ခုန်ခဲ့ရတဲ့ ကိုကြည်လွင်ကတော့ သာမာန်ပါတီဝင်ဘ၀နဲ့ပဲ ထောင်မှူးဟောင်းကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ ကျရောက်နေသတဲ့။

ရုပ်ရှင် ၀တ္ထုတွေထက် ပုံပြင်ဆန်တဲ့ အဖြစ်အပျက်လေးကတော့ ဒါပါပဲကွယ်။

Salai Zamte

via အင်တာနက် သတင်းစဉ် via Delta Force

ဘကြီးသက်
Unknown at 10:59 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တိုင်းပြည်တစ်ခု၏စတုတ္ထမဏ္ဍိုင်ကြီး ဆိုသည်မှာ....





 မီဒီယာဟူသည် တိုင်းပြည်နှင့်လူမျိုးအတွက် ရှေ့မှရပ်တည်ပေးရမဲ့ တတိုင်းကြီးတစ်ခုဖြစ်ပါတယ်။ သို့သော်လည်းတချို့သောမီဒီယာများတွင် တိုင်းပြည်အတွက်မစဉ်းစားပဲသတင်းရပြီးပိုက်ဆံရရင်ပြီးရောဆိုတဲ့ပုံစံများကိုတွေ့နေရသည်မှာ အင်မတန်ဝမ်းနည်းဖို့ကောင်းလှပါတယ်... နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ယနေ့ ရခိုင်မှာ ဖြစ်နေတဲ့ကိစ္စတွေကို အမြင့်ဆုံးအဆင့်အရေးကြီးမှု လို့သတ်မှတ်ပြီး မဖြေရှင်းဘူးဆိုရင် မြန်မာပြည် ခရစ်နှစ် ၂၁၀၀ အထိမခံဘူး၊ ဘာသာရော လူမျိုးပါ ပျောက်ပြီး အစ္စလာမ်မစ်နိုင်ငံဖြစ်ဖို့ ၁၀၀% အလာအလာရှိနေပါတယ်။  ခရစ်နှစ် ၂၁၀၀ ပြည့်အောင်စောင့်ရန်ပင်မလိုဘဲ နှစ်အနည်းငယ်အတွင်း မြန်မာတစ်နိုင်ငံလုံးအစ္စလာမ်မစ်နိုင်ငံ အဖြစ်သို့ ပိုမိုလျှင်မြန်စွာရောက်ရှိစေနိုင်တော့မည်ဖြစ်သည်။ မသီတာထွေးအား မွတ်စလင်ကုလားတို့မှ အဓမ္မပြု၊ သတ်ဖြတ်ခဲ့ခြင်းမှ အစပြု၍ မောင်တောရှိ ရခိုင်ညီအကိုမောင်နှမများ ရက်ရက်စက်စက် အသတ်ခံရမှု၊ မြို့ရွာများ မီးရှို့ဖျက်ဆီးခံရမှု၊ ရဟန်းသံဃာတော်များ အသတ်ခံရမှု၊ ဘုန်းကြီးကျောင်းများ မီးရှို့ဖျက်ဆီးခံရမှု… နှင့် ယနေ့ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ မြို့ရွာများရှိ ရခိုင်တိုင်းရင်းသားများ အသတ်ခံရမှု၊ မြို့ရွာများ မီးရှို့ဖျက်ဆီးခံရမှုတို့ အတွက်ရခိုင်ပြည်သူများမှာခိုကိုးရာမဲ့ ဆောက်တည်ရာမဲ့ခံစားနေရသော်လည်း မြန်မာနိုင်ငံရှိ အင်မတန်မှ မိုက်မဲ၊ အောက်တန်းကျ၊ သေးသိမ်၊ ယုတ်ညံ့လှသောအာဏာရူးဒီမိုခရေဇီသမားများနှင့် နိုင်ငံရေးမီဒီယာသမားတော်တော်များများ တို့မှာမူကား “ဒါတွေက အစိုးရရဲ့ နိုင်ငံရေးလှည့်ကွက်တွေပါ၊ ဒီမိုခရေဇီ လမ်းကြောင်းကို သွေဖယ်သွားအောင်လုပ်နေတာနေမှာ၊ အာဏာပြန်သိမ်းဖို့ တမင်ဖန်တီးနေတာပါ” ဟူသော အာဏာရူးစကားများကိုပြောလျက်သာ ရှိနေကြသည်ကို အံ့သြဖွယ်တွေ့ရှိနေရပါသည်။ တိရိစ္ဆာန်တို့သည်ပင်လျှင် မိမိတို့အမျိုးအနွယ်ကိုထိခိုက်လာပါက၊ ဝိုင်းအာ၊ ဝိုင်းကိုက်တတ်ကြသည်ချည်းဖြစ်သည်။ မြန်မာနိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများမှာမူကား ကိုယ့်အသွေးအသားကိုရက်ရက်စက်စက် သတ်ဖြတ်နေသည်ကိုပင်ထိုင်ကြည့်နေနိုင်သောလုပ်ရပ်သည် အင်မတန်မှ စက်ဆုတ်ရွံရှာဖွယ်ကောင်းသောလုပ်ရပ်ပင်ဖြစ်လေတော့သည်။ တစ်နေ့ မြန်မာနိုင်ငံသားအားလုံး မွတ်စလင်တို့၏လည်လှီးသတ်ဖြတ် ဂျီဟက်လုပ်ခြင်းခံရ၍ အစ္စလာမ်မစ်နိုင်ငံဖြစ်ခဲ့မည်ဆိုလျှင် အဓိကတရားခံမှာ မွတ်စလင်မဟုတ်ပေ၊ ကိုယ့်လူမျိုး၊ ကိုယ့်သွေးသားများ အသတ်ခံနေရခြင်းကိုပင်နာရကောင်းမှန်းမသိသော၊ ဒေါသထွက်ရကောင်းမှန်းမသိသောကမ္ဘာပေါ်တွင်အမိုက်မဲဆုံးသောကျွန်ုပ်တို့ မြန်မာလူမျိုးများကိုယ်တိုင်ပင် ဖြစ်ချေလိမ့်မည်။

ဘကြီးသက်
Unknown at 10:50 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘီယာဗိုက်အကြောင်း အမှန်တရားများ


သင်ဟာ ဘီယာကို နှစ်ပေါင်းများစွာ သောက်သုံးခဲ့လို့ ယခုတော့ သင့်ရဲ့ ဗိုက်ဟာ စည်ပိုင်းလေးလို ပူနေပြီလား။ သင်ဟာ ဒီလို “ဘီယာဗိုက်” ပိုင်ရှင် ဖြစ်နေခဲ့ပြီ ဆိုရင် သေချာတာ တစ်ခုက သင်တစ်ယောက်တည်း မဟုတ်ပါဘူး ဆိုတာပါပဲ။

ကမ္ဘာပေါ်မှာ ရှိသမျှ ဘီယာ စွဲစွဲမြဲမြဲ သောက်သုံးသူတွေဟာ အချိန်ကြာလာတာနဲ့ အမျှ ဗိုက်ရွှဲလာဖို့ သေချာပါတယ်။ အထူးသဖြင့် ယောက်ျားတွေက ဘီယာသောက်တာချင်း အတူတူ မိန်းမတွေထက် ပိုဗိုက်ရွှဲကြကြောင်း သိရပါတယ်။
ဘီယာဗိုက်လို ဗိုက်ရွှဲရွှဲဟာ ဘီယာကြောင့်ပဲ ဖြစ်ရတာလား ??? ဘီယာသောက်သူတိုင်းမှာ ဘီယာဗိုက် မရှိကြသလို တချို့ အားကစားသမားတွေဟာလဲ အသက်အရွယ် နည်းနည်းလေး ရလာရုံနဲ့ အရမ်းဗိုက်ပူ တတ်ကြပါတယ်။ ဒါဆို ဘယ်အရာက အမျိုးသားအများစုနဲ့ အမျိုးသမီးအချို့ကို ဗိုက်ရွှဲစေတာ ပါလိမ့်။

အဖြေက ရှင်းပါတယ်။ သင့်ရဲ့ သေသပ်ချပ်ရပ်တဲ့ ခါးကို ဘောင်းဘီရှေ့မှာ ပူထွက်လာစေတာ ဘီယာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ ကယ်လိုရီတွေ များများ စားလို့ ဖြစ်ပါတယ်။ နေ့စဉ်စားလိုက်တဲ့ အစားအသောက်တွေထဲမှာ ပါတဲ့ ကယ်လိုရီ ဆိုတဲ့ စွမ်းအင်ပမာဏထက် အဆမတန် လှုပ်ရှားမှုနည်းရင် ဗိုက်မှာ အဆီစုလာမှာ သေချာပါတယ်။ ကယ်လိုရီမြင့်တဲ့ အစားအသောက်များ ဖြစ်တဲ့ အရက်၊ သကြားပါသော အချိုရည်များ၊ ကစီဓာတ်နဲ့ အဆီဓာတ်ပေါ် အခြေခံထားတဲ့ အစားအသောက်များ (အမြည်း) စတာတွေအားလုံးဟာ သင့်ကို ဗိုက်ရွှဲစေပါလိမ့်မယ်။ ဘီယာတစ်ခု တည်းကြောင့် ဗိုက်ရွှဲတာတော့ မဟုတ်ပါဘူး။

“ယေဘုယျသဘော ပြောရရင် ဘီယာပဲဖြစ်ဖြစ် အရက်ပဲဖြစ်ဖြစ် သောက်တဲ့သူများဟာ ခါးတုတ်လာဖို့ သေချာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အသည်းက ကယ်လိုရီများများကို ဘီယာတွေ အရက်တွေထဲမှာ ပါနေတဲ့ အယ်လ်ကိုဟောဆီကနေ ရတဲ့ အတွက် ခန္ဓာကိုယ်ထဲက အဆီတွေကို ချေ ဖျက်ခြင်း မလုပ်တော့လို့ ဖြစ်ပါတယ်” လို့ အင်ဒိုခရိုင်းပါရဂူ နဲ့ အ၀လွန်မှု သုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ Michael Jensen က ရှင်းပြပါတယ်။

ပုံမှန် ဘီယာ တစ်ခွက်မှာ ကယ်လိုရီ ၁၅၀ လောက်ပါပါတယ်။ လူတစ်ယောက်ဟာ (အလုပ်ကြမ်းသမား မဟုတ်ရင်) တစ်နေ့လုံး ပုံမှန် သွားလာ လှုပ်ရှားဖို့ ကယ်လိုရီ ၃၀၀၀ ကနေ ၄၀၀၀ ကြားရရင်ပဲ လုံလောက်နေတာမို့ ဘီယာသောက်ရင် သင်တစ်ထိုင်ထဲ ဘယ်နှခွက်လောက် သောက်သလဲ တွက်ကြည့်ပါဦး။ သေချာတာကတော့ ကယ်လိုရီတွေကို အ၀င်နဲ့ အထွက် မမျှတစေတော့ပဲ overload ဖြစ်စေမှာ ပါပဲ။

နောက်တစ်ချက်က ဘီယာနဲ့မြည်းတဲ့ အစားအသောက်တွေ ကြောင့်လည်း ပါပါတယ်။ အယ်လ်ကိုဟောဟာ သင့်ကို ခံတွင်းကောင်းကောင်း လိုက်စေတော့ သောက်ထားတဲ့အချိန်မှာ စားကောင်း နေတတ်တာမို့ ပုံမှန်အချိန်ထက် ပိုဝင်တတ်ပါတယ်။ ဒါ့အပြင် ဘီယာနဲ့ မြည်းဖို့ ဆိုင်တွေ မှာ ရောင်းတဲ့ စားစရာတွေကလည်း ပီဇာ၊ အာလူးကြော်၊ တောင်ပံအကြွပ်ကြော် စတဲ့ ကယ်လိုရီများတဲ့ ဆီကြော်မုန့်တွေ ဖြစ်နေတတ်လို့ပါပဲ။

ကျန်းမာရေး အန္တရာယ် နည်းအောင် ဘယ်လို သောက်မလဲ ???
ကျွန်တော်လဲ ဘီယာကြိုက်သူတစ်ယောက် ပါပဲ။ ဒါကြောင့် ဒီနေရာမှာ အကြံပြုလိုတာက ဘီယာသောက်ရင် တတ်နိုင်သမျှ ဆီကြော်မုန့် တစ်မျိုးလောက်ပဲ ထည့်ပြီး အသီးအရွက်ကြော်တွေ ပါအောင် မြည်းစေချင်ပါတယ်။ အသီးအရွက်ကြော်တွေဟာ ဆီကြော်မုန့်တွေထက်တော့ ကယ်လိုရီနည်းပါတယ်။ အသီးအရွက်သုပ်တွေကို အစားထိုးနိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။

ပန်းဂေါ်ဖီ အစိမ်းနဲ့ ချောကလက်တို့ရဲ့ အဆီနဲ့ ကယ်လိုရီပမာဏချင်း နှိုင်းယှဉ်ပြထားတဲ့ ပုံပါ
ပြီးတော့ သီဟိုဠ်စေ့လို အဆန်မျိုးတွေနဲ့ တွဲမြည်းရင် သွေးကြောတွေ အသည်းတွေကို အယ်လ်ကိုဟောဒဏ်ကြောင့် ပျက်စီးခြင်းမှ ခံနိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။
တကယ်တန်ဖိုးရှိတဲ့ အချက်တစ်ခု ပြောပြရရင် အရက်ဘီယာ တစ်ခုခု သောက်ခါနီးမှာ နျုရိုဘီယမ်အပြာ၊ အင်နာဗွန်စီ တို့လို Vitamin B Complex ပါတဲ့ အားဆေးတစ်ခုခု ကြိုသောက်ခြင်းဟာလည်း အသည်းခြောက်ခြင်းကို တစ်ဖက်တစ်လမ်းက ထိထိရောက်ရောက် ကာကွယ်နိုင် တာ သေချာပါတယ်။

အရက်ကို အသည်းထဲမှာ အဆိပ်မဖြစ်အောင် ဖျက်ဖို့ ခန္ဓာကိုယ်က B1 လိုပါတယ်။ အရက်နဲ့ မျက်နှာသစ်ပြီး နေ့နေ့ညည သောက်နေတဲ့ သူတွေ၊ ဒါမှမဟုတ် နည်းနည်းသောက်ပေမယ့် နေ့စဉ်မှန်မှန် သောက်သူတွေမှာ B1 ချို့တဲ့နေမှာ သေချာပါတယ်။ B1 တွေ မရှိတော့ရင် အသည်းက ဖြစ်ရာ ရရာ နည်းတွေနဲ့ အယ်လ်ကိုဟောကို ချေဖျက်ပါတယ်။ ဒီအခါမှာ အသည်းထိပါတယ်။ ကြာလာရင် အသည်းအဆီ စဖုံးလာကာ အသည်း ကြီးလာပါတယ်။ အသည်းရောင် သွားလို့ပါ။
နောက်ကြာလာရင်တော့ အသည်းက မကြီးတော့ဘဲ ကျုံ့ကျုံ့လာပါတယ်။ အသည်းခြောက်ခြင်းဟာ အဲသလို ဖြစ်ရတာ ဖြစ်ရတာ ဖြစ်ပါတယ်။

ဒီတော့ B1 လုံးဝ ချို့တဲ့မနေဘူး ဆိုရင် အသည်းခြောက်ခြင်း အန္တရာယ် ရာခိုင်နှုန်းများစွာ လျော့ကျသွားမှာ သေချာပါတယ်။ ဆေးကျောင်းသား ဘ၀ကနေ အခုအထိ ၀ိုင်းဖွဲ့နေကျ ကျွန်တော်တို့ သူငယ်ချင်းတွေဆို အင်နာဗွန်စီလေးတွေ မသောက်ခင် ကြိုသောက် ကြပါတယ်။ ကောင်းရော……..Tongue out
ယောက်ျားလေးနဲ့ မိန်းကလေးတွေဟာ အရွယ်မရောက်ခင် အထိတော့ အဆီစုပုံချင်း တူကြပေမယ့် အရွယ်ရောက်ပြီးရင်တော့ မတူတော့ပါဘူး။ အမျိုးသမီးတွေကျတော့ ကယ်လိုရီတွေဟာ အဆီအဖြစ် လက်မောင်း၊ ပေါင် နဲ့ တင်ပါးတွေမှာ အများဆုံး သွားစုကြပြီး ဗိုက်မှာတော့ စုတာ နည်းသွားပါတယ်။ အမျိုးသားတွေကျတော့ လက်မောင်း၊ ပေါင် နဲ့ တင်ပါးတွေမှာ အဆီတွေ သိပ်မရှိလို့ နောက်လာတဲ့ အဆီတွေက အဲနေရာတွေကို မသွားတော့ဘဲ ဗိုက်မှာ အများဆုံး စုကြတာ ဖြစ်ပါတယ်။
ဘီယာဗိုက်ဟာ အသက်ကြီးရင်လည်း ပိုထင်ရှားလာပါတယ်။ အကြောင်းရင်းတွေက အသက်ကြီးလာသူတွေရဲ့ ခန္ဓာကိုယ်က ကယ်လိုရီ လိုအပ်မှု နည်းလာလို့၊ အပင်ပန်းမခံနိုင်တော့တဲ့ အတွက် လှုပ်ရှားမှု နည်းလာလို့ ဖြစ်ပါတယ်။

အမျိုးသားကော အမျိုးသမီးတွေမှာပါ အသက်လေးရလာတာနဲ့ မျိုးပွားဟော်မုန်း ပမာဏကလည်း လျော့နည်း ကျဆင်းလာပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အလယ်ပိုင်း (ခါး) မှာ အဆီစုလာကြတာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်သူတွေဟာလည်း ခါးမှာ အဆီစုဖို့ နီးစပ်တယ်လို့ ကျန်းမာရေး ပညာရှင်များက ဆိုပါတယ်။

ဘီယာဗိုက် ရှိရင် ဘာအန္တရာယ်တွေ ဖြစ်နိုင်သလဲ
မကောင်းတဲ့ အချက်တွေဟာ အလှအပ ပျက်ပါတယ်၊ ဘောင်းဘီတွေ မတော်တော့ပါဘူး ဆိုတဲ့ အချက်တွေ ထက် ပိုပါတယ်။ ဆီးချိုအမျိုးအစား အမှတ် ၂၊ သွေးတိုးနဲ့ နှလုံးသွေးကြောပိတ်ခြင်း ဆိုင်ရာ ရောဂါများ တိတိကျကျကို ဖြစ်စေနိုင်ပါတယ်။
ဝတာချင်း တူရင်တောင် ဗိုက်ရွှဲတဲ့ သူတွေက ပေါင်တွေ တင်ပါးတွေမှာ ၀တဲ့ သူတွေထက် အန္တရာယ် ပိုများပါတယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့ ဗိုက်ပေါ်မှာ အဆီတွေ အများကြီး စုနေတယ် ဆိုရင် ၀မ်းဗိုက်ထဲက ကလီစာတွေ ပတ်ပတ်လည်မှာပါ အဆီတွေ ဖုံးနေတယ်ဆိုတာ ညွှန်ပြနေတာ ဖြစ်ပါတယ်။ ဒါဟာ အန္တရာယ် ကြီးပါတယ်။

ကလီစာတွေ ဘယ်လောက်အထိ အဆီဖုံးနေသလဲ ဆိုတာကို ခါးအ၀န်း (waist circumference) တိုင်းတာခြင်းဖြင့် ခန့်မှန်းနိုင်ပါတယ်။ ခါးအ၀န်းဟာ အမျိုးသမီးတွေမှာ ၃၅ လက်မ၊ အမျိုးသားတွေမှာ လက်မ ၄၀ ထက်ကျော်မယ် ဆိုရင် နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို စတာတွေ ဖြစ်ပြီး သက်တမ်းကို တိုးစေတဲ့ သက်ရောက်မှု ရှိစေပါတယ်။ ဒါကြောင့် သင့်ရဲ့ကျန်းမာရေးအတွက် သင့်ရဲ့ ခါးဆိုက်ကို ဒီလက်မတွေထက် မကျော်အောင် ထိန်းထားသင့်ပါတယ်။
ဗိုက်ရွှဲခါးတုတ်ခြင်းကို ဘယ်လို လျှော့မလဲ
ဗိုက်ရွှဲခါးတုတ်ခြင်းကို လျှော့ချဖို့ ကယ်လိုရီ လျှော့စားဖို့နဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးဖို့ ကလွဲရင် မှော်တန်ခိုးဆန်ဆန် နည်းလမ်းတွေ လုံးဝ မရှိပါဘူး။ ဗိုက်အဆီတွေကိုပဲ ရွေးချပေးတဲ့ အဆီချဆေးလည်း မရှိသလို အပြင်ကနေ ဆေးလိမ်း၊ စုပ်ထုတ်၊ အပူပေးတဲ့ နည်းတွေမှာလည်း ဆိုင်ရာ ဆိုးကျိုးတွေ ရှိနေပါတယ်။ တိရိ စ္ဆာန်အဆီ (ဥပမာ ၀က်ဆီ၊၀က်ခေါက်) တွေဟာ စားလိုက်ရင် ဗိုက်ခေါက်ထဲကို တိုက်ရိုက်တန်းဝင်တာကို စမ်းသပ်တွေ့ရှိထားရလို့ ဒါတွေကိုတော့ ဗိုက်ကျချင်ရင် ရှောင်ကြပါ။
အရက်နဲ့ ဘီယာ ယှဉ်ရင်တောင် ဘီယာက ပိုဗိုက်ရွှဲစေတာ အားလုံးသိမှာပါ။ ဘာလို့လဲ ဆိုတော့ အကြောင်းရင်းက ၂ ချက်ရှိပါတယ်။ သိတဲ့အတိုင်းပဲ ဘီယာသောက်ရင် ရေချိန်ရောက်အောင် များများ သောက်ရတော့ ကယ်လိုရီ အဆမတန် ရစေပါတယ်။ နောက်ပြီး ဘီယာထဲမှာ တစေးပမာဏ အများအပြား ပါဝင်ပါတယ်။ တစေးတွေနဲ့ ပုံမှန်ထိတွေ့နေတဲ့ အတွက်ကြောင့် အူတွေ ကလီစာတွေဟာ ကြီးထွားလာခြင်း (Organomegaly) ရလာစေပါတယ်။ ဒီနှစ်ချက်ကြောင့် ဘီယာဗိုက် ဖြစ်လာစေတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အယ်လ်ကိုဟော ဆိုရင်တော့ အလွန်အကျွံ မသောက်မိဖို့ အရေးကြီးပါတယ်။ အရက်ကို ဘ၀နဲ့ ချီပြီး မက်ခဲ့လို့ ဘ၀နဲ့ချီပြီး ပျက်ခဲ့ရသူတွေ၊ ဝေဒနာမျိုးစုံ ရုပ်ပျက်ဆင်းပျက် ခံစားနေရသူတွေ ရှိနေတာကို မယုံရင် ဆေးရုံတွေမှာ သွားကြည့်ကြပါ။ (ဒီလူတွေထဲမှာ အသိဥာဏ် ပညာအဆင့်အတန်း နည်းတဲ့ အခြေခံ လူတန်းစားတွေ ပါသလို ပြည့်စုံကြွယ်ဝတဲ့ ပညာရှင်လူတန်းစားတွေလည်း ပါတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အရက်နဲ့ ပတ်သက်ရင်တော့ ပညာသားပါပါ မဆင်ခြင်စွာ သောက်သုံးခဲ့ကြလို့ ဖြစ်တယ်ဆိုတာ ရောဂါရာဇ၀င်ယူခြင်း (History Taking) လုပ်ကြည့်သမျှ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဘ၀နဲ့ချီပြီး ထိခိုက်လောက်အောင်တော့ အလွန်အကျွံ မသောက်မိဖို့ အရေးကြီးပါတယ်။

မြ၀တီ

ဘကြီးသက်
Unknown at 10:06 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မန္တလေးမြို့တွင် နိုင်ငံတကာအဆင့်မီ ကျောက်စိမ်းဈေးတည်ဆောက်မည်





 မန္တလေးမြို့တွင် ကျောက်စိမ်းဖွံ့ဖြိုးသော ဒေသကြီးတစ်ခုဖြစ်လာရေး အတွက်နိုင်ငံတကာအဆင့်မီ ကျောက်စိမ်းဈေးကြီး တည်ဆောက် သွားမည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန မှ သိရှိရသည်။ အလားတူ ကျောက်စိမ်းအ ချောထည်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်စိမ်းပုတီးနှင့် ရုပ်တုရုပ်ထွင်းများ အများဆုံးထွက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် One Stop Services Centre တစ်ခုဖွင့်လှစ်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိ ရှိရသည်။ မြန်မာနိုင်ငံမှ တင်ပို့သည့် ကျောက်စိမ်းများကို တရုတ်နိုင်ငံအနေဖြင့် ယခင်နှစ်များက အခွန်ကောက်ခံမှုမပြုဘဲ ယခုနှစ်တွင် တင်ပို့သမျှ ကျောက်စိမ်းများအားလုံးကို အခွန်နှုန်း ၃၃ ဒသမ ၉၉ရာခိုင်နှုန်း ကောက်ခံခဲ့ကြောင်း၊ ယင်းကြောင့် မြန်မာကျောက်စိမ်းအရိုင်းတုံးများ၊ ပြည်ပတင်ပို့မှုကျဆင်းသွားခဲ့ပြီး ယခင်နှစ်ကရငွေထက် သုံးဆနီးပါးအထိ ကျဆင်းသွားခဲ့ကြောင်းလည်း သိရှိရသည်။ တရုတ်နိုင်ငံမှ အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ''ကျောက်စိမ်းကို တရုတ်နိုင်ငံက ၃၃ ဒသမ ၉၉ ရာခိုင်နှုန်း အခွန်ကောက်တယ်။ အဲဒီအတွက် ကျောက်စိမ်းကို ကုန်ချောလုပ်ပြီး One Stop Services နဲ့ပို့ဖို့လုပ်ပါတယ်''ဟုလည်း ပြောကြားခဲ့သည်။ မန္တလေးမြို့ရှိ ကျောက်စိမ်းဈေးကွက်မှာ ပြီးခဲ့သည့်ဧပြီလအတွင်းမှ စပြီး ကျောက်စိမ်းပန်းပုလုပ်ငန်းများပါ အပ်ထည်လက်ခံရရှိမှု နည်းပါးခဲ့ပြီး အရောင်းအ၀ယ်အေးခဲ့ကြောင်း သိရှိရသည်။ ကျောက်မျက်ဈေးကွက်တွင် အလွှာ၊အချပ်၊အပွင့်၊အတုံးစသည့် ကျောက်ဈေးကွက်မျိုးစုံ အရောင်းအ၀ယ်ကောင်းချိန်ဖြစ်သော်လည်း အဓိက၀ယ်လက်ဖြစ်သည့် တရုတ်နိုင် ငံဈေးကွက်အခြေအနေကြောင့် ယခင်နှစ်များကကဲ့သို့ အရောင်းအ၀ယ်မကောင်းခဲ့ကြောင်းလည်း သိရှိရသည်။
ဘကြီးသက်
Unknown at 9:56 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.