Monday, October 29, 2012

မန္တလေးမြို့တွင် နိုင်ငံတကာအဆင့်မီ ကျောက်စိမ်းဈေးတည်ဆောက်မည်





 မန္တလေးမြို့တွင် ကျောက်စိမ်းဖွံ့ဖြိုးသော ဒေသကြီးတစ်ခုဖြစ်လာရေး အတွက်နိုင်ငံတကာအဆင့်မီ ကျောက်စိမ်းဈေးကြီး တည်ဆောက် သွားမည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန မှ သိရှိရသည်။ အလားတူ ကျောက်စိမ်းအ ချောထည်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်စိမ်းပုတီးနှင့် ရုပ်တုရုပ်ထွင်းများ အများဆုံးထွက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် One Stop Services Centre တစ်ခုဖွင့်လှစ်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိ ရှိရသည်။ မြန်မာနိုင်ငံမှ တင်ပို့သည့် ကျောက်စိမ်းများကို တရုတ်နိုင်ငံအနေဖြင့် ယခင်နှစ်များက အခွန်ကောက်ခံမှုမပြုဘဲ ယခုနှစ်တွင် တင်ပို့သမျှ ကျောက်စိမ်းများအားလုံးကို အခွန်နှုန်း ၃၃ ဒသမ ၉၉ရာခိုင်နှုန်း ကောက်ခံခဲ့ကြောင်း၊ ယင်းကြောင့် မြန်မာကျောက်စိမ်းအရိုင်းတုံးများ၊ ပြည်ပတင်ပို့မှုကျဆင်းသွားခဲ့ပြီး ယခင်နှစ်ကရငွေထက် သုံးဆနီးပါးအထိ ကျဆင်းသွားခဲ့ကြောင်းလည်း သိရှိရသည်။ တရုတ်နိုင်ငံမှ အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ''ကျောက်စိမ်းကို တရုတ်နိုင်ငံက ၃၃ ဒသမ ၉၉ ရာခိုင်နှုန်း အခွန်ကောက်တယ်။ အဲဒီအတွက် ကျောက်စိမ်းကို ကုန်ချောလုပ်ပြီး One Stop Services နဲ့ပို့ဖို့လုပ်ပါတယ်''ဟုလည်း ပြောကြားခဲ့သည်။ မန္တလေးမြို့ရှိ ကျောက်စိမ်းဈေးကွက်မှာ ပြီးခဲ့သည့်ဧပြီလအတွင်းမှ စပြီး ကျောက်စိမ်းပန်းပုလုပ်ငန်းများပါ အပ်ထည်လက်ခံရရှိမှု နည်းပါးခဲ့ပြီး အရောင်းအ၀ယ်အေးခဲ့ကြောင်း သိရှိရသည်။ ကျောက်မျက်ဈေးကွက်တွင် အလွှာ၊အချပ်၊အပွင့်၊အတုံးစသည့် ကျောက်ဈေးကွက်မျိုးစုံ အရောင်းအ၀ယ်ကောင်းချိန်ဖြစ်သော်လည်း အဓိက၀ယ်လက်ဖြစ်သည့် တရုတ်နိုင် ငံဈေးကွက်အခြေအနေကြောင့် ယခင်နှစ်များကကဲ့သို့ အရောင်းအ၀ယ်မကောင်းခဲ့ကြောင်းလည်း သိရှိရသည်။
ဘကြီးသက်
Unknown at 9:56 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.