Monday, October 29, 2012

ဝတ္ထုတွေထက် ပုံပြင်ဆန်တဲ့ အဖြစ်အပျက်

 
မကြာသေးတဲ့ ကာလတခုမှာ ပုသိမ်မြို့က ပုသိမ်ထောင်မှာ ထောင်မှူးတယောက် တာဝန်ယူနေတယ်။ အဲဒီအချိန်မှာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပါလေရော...။ ဒါနဲ့ ဖမ်းလာသမျှ လူတွေ ပုသိမ်ထောင်ကို ရောက်လာကြတယ်။ အဲဒီအထဲမှာ ကိုကြည်လွင်ဆိုတဲ့ NLD ပါတီဝင်တယောက်လည်း အပါအ၀င်ပေါ့။

ဒါနဲ့ ထောင်ကို ရောက်လာသူတွေကို ထောင်မှူးက လက်စင်ပေးတယ်။ မင်းတို့
ကုလားမယားပါတီကို ထေ
ာက်ခံတဲ့လူတွေပဲ။ ဒါကြောင့် ဖားခုန်ခုန်စမ်း ဆိုပြီးတော့ ခုမှ ထောင်ကျကာစ နိုင်ငံရေးသမားတွေကို ခိုင်းတယ်။ ဟိုလူတွေကလည်း ထောင်မှူးခိုင်းတဲ့အတိုင်းပဲ ထောင်ဗူးဝမှာ ဟိုဘက် ဒီဘက်ကို ခေါက်တုန့်ခေါက်ပြန် ဖားခုန်တွေ ခုန်ကြရတာပေါ့။

ဒီလိုနဲ့ ၅ နှစ်လောက်ကြာလို့ ၂၀၁၂ ခုနှစ် ရောက်လာတဲ့အချိန်မှာ ကုလားမယားပါတိကို ထောက်ခံလို့ ဖားခုန်ခုန်ခိုင်းခဲ့တဲ့ ထောင်မှူးကြီးက သူပြောတဲ့ ကုလားမယားပါတီ NLD ရဲ့ ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့ဝင်တဦး ဖြစ်နေပြီးတော့ ဖားခုန်ခုန်ခဲ့ရတဲ့ ကိုကြည်လွင်ကတော့ သာမာန်ပါတီဝင်ဘ၀နဲ့ပဲ ထောင်မှူးဟောင်းကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ ကျရောက်နေသတဲ့။

ရုပ်ရှင် ၀တ္ထုတွေထက် ပုံပြင်ဆန်တဲ့ အဖြစ်အပျက်လေးကတော့ ဒါပါပဲကွယ်။

Salai Zamte

via အင်တာနက် သတင်းစဉ် via Delta Force

ဘကြီးသက်
Unknown at 10:59 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.