Sunday, October 28, 2012

ဒေါက်တာအေးမောင်ကို BBC ကရခိုင်ပြည်နယ် လက်ရှိ အခြေအနေနဲ့ ဆက်သွယ်မေးမြန်းချက်

ဒေါက်တာအေးမောင်။ ။သမ္မတကြီးကလည်းပြောတယ်လေ တည်ငြိမ်အေးချမ်း
ဖို့အတွက် ၀ိုင်းဝန်းကူညီကြပါ။ သူ ဆယ်ခွန်းပြောတာနဲ့စာရင် တိုင်းရင်းသားရခိုင်ပါတီဘက်က
တစ်ခွန်းပြောတာ အဆင်ပြေပါတယ်။ အဲဒီကတည်းက ကျွန်တော်တို့ က အစိုးရအဖွဲ့နဲ့ ပေါင်းပြီး တတ်နိုင်သလောက်အကူအညီပေး ကြတာဗျ။ အခုလည်းပူပေါင်းဆောင်ရွက်ပေးနေပါတယ်။
နော် OIC ကိစ္စလေးတွေလည်းကြားရမှာပေါ့နော် ရခိုင်တစ်ပြည်လုံးရေ နောက်ပြည်မထဲက တချို့မြို့ကြီးတွေအပါအ၀င် ရုံးမဖွင့်ဖို့ကို ဆန္ဒထုတ်ဖော်ကြတာကိုး။ အဲဒါတွေအပြီးမှာမင်းပြားဆိုတဲ့မြို့က အဝေးပြေးကားဂိတ်အနားက ရွာလေးမှာ စဖြစ်တယ်ဆိုတော့ စဉ်းစားစရာတော့တော်တော်ကာင်းတယ်ဗျ။ ဖြစ်ပြီးရင် ဆက်ဆက်ပြီး ဖြစ်သွားတယ်
စနစ်တကျ အစီစဉ်တကျ လုပ်တဲ့ပုံမျိုးဖြစ်နေတယ်။
ဒီဥစ္စာကို တယ်လီဖုန်းလေးတစ်လုံးနဲ့ ဘယ်နေရာမှာ ဘာလုပ်ပါဆိုတာမျိုး ကစားသွားရင် လည်းဖြစ်တာပဲဗျ။
မေး ။ ။ဘီဘီစီ... ဆရာစောစောကပြောသွားတဲ့အထဲမှာ တစ်ဖက်ကိုစွတ်စွဲပြောဆိုတဲ့
သဘောမျိုး တစ်ဖက်ကို အပြစ်ပြောတဲ့သဘောမျိုး ပြောသွားတာတွေ့ရပါတယ်။ တကယ်
တမ်းကျတော့ ရခိုင်ပြည်နယ် အတွင်းမှာ ရခိုင်တိုင်းရင်းသားတွေကိုယ်တိုင်က
ဒီမူဆလင်တွေနဲ့ အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ ကိစ္စမှာ အတူနေထိုင်ဖို့ မဖြစ်နိုင်ဘူး ဆိုတာလည်းပြောနေတာတွေလည်းရှိတော့ ဒီ နှစ်ဖက်ကြားပြသာနာတွေပြေလည်ရေး
အတွက် ဆရာတို့ အနေနဲ့ အဓိကဘယ်လိုများလုပ်သင့်တယ်လို့ ထင်ပါလဲ။
ဖြေ ။ ။ ဒေါက်တာအေးမောင်။ ။ ဟိုဘာသာလည်းမတူဘူးဗျာ လူနေမှု့မတူဘူးဆိုတော့ ခင်ဗျားအတင်းသွတ်သွင်းလို့ ဒါ လူ့အခွင့်အရေးပိသရဲ့လား။ နော် ခုနလို community
တစ်ခုမှာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိရမှာပေါ့။
အတူနေခြင်းအားဖြင့် ကြီးမားတဲ့ပြသာနာဖြစ်မယ်ဆိုရင် အတူမနေချင်းဟာ ပြသာနာကိုပြေငြိမ်းစေတာပေါ့ဗျာ...ယုံကြည်စိတ်ချတည်ဆောက်မှု့က အင်မတန်ခိုင်
မာလာလို့ အတူနေကြရအောင်လို့ အသိ အသီးသီးရလာတော့ မှ အတူနေကြတာက အင်မတန်ကောင်းတဲ့ဖြေရှင်းမှု့မျိုးပါ။ အခုနေကာလမှာ အတူနေပါ အတူနေပါလို့ပြောရင်
ခင်ဗျားဒါ လက်ရှိအခြေအနေကို သဘောမပေါက်တဲ့လူပဲဖြစ်မှာပေါ့။
မေး။။ဘီဘီစီ.....
ဒီစစ်တပ်ဖက်ကလည်းပြင်းပြင်းထန်ထန်ကိုင်တွယ်လာပြီပေါ့နော် နောက်ဒီကျောက်တော်နဲ့ မြို့
တစ်ချို့မှာ ဆိုလိုရှိရင် ဒီစစ်တပ်ဖက်က ကိုင်တွယ်တဲ့အတွက်ရခိုင်တိုင်းရင်းသားတွေ သေဆုံးတယ် ဆိုတာလည်းကြားရပါတယ်ရှင်။ အဲဒီတော့ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားအောင်လို့ ဘယ်လိုလုပ်ဆောင်ရင် ဖြစ်မလဲ။
ဖြေ။ ။ ဒေါက်တာအေးမောင် ။ ။ ပြသာနာတစ်ခုကိုဖြေရှင်းတဲ့အခါမှာ တရားဥပဒေ စိုးမိုးမှု့
အတွက် လုံခြုံရေးအဖွဲ့ အစည်းတွေ ၀င်ရောက်စွတ်ဖက်ခြင်းကို လက်ခံဖို့လိုတယ် နှစ်ဖက်အဖွဲ့
အစည်းက ..ဒါမှလည်းပြေလည်မှာကိုး ပြေလည်အောင်ဖြေရှင်းလို့မရတဲ့အခါကျတော့
အာဏာစက်နဲ့ ၀င်ရတာပေါ့ဗျာ။ အဲဒီမှာ မိုးပေါ်ထောင်ဖောက်တာတို့ ဖြစ်လာမယ် မိုးပေါ်ထောင်ဖောက်လို့မရဘူးဆိုရင် တိုင်ရိုက်ပြစ်ခတ်တာမျိုးဖြစ်လာမှာပေါ့ ။
ဒါမှလည်းလူစု လူဝေး ကိုဖြို ခွဲနိုင်မယ်လေ။
ဒါပေမဲ့လည်း မိုးပေါ်ထောင်မဖောက်ပဲနဲ့ ပြသာနာကို ချက်ချင်းကြီး တိုက်ရိုက်ပစ်တာမျိုး
ဆိုရင် ပစ်တဲ့လူမှာလည်း တာဝန်ရှိပါလိမ့်မယ် ။ ပတိပက်ခ တစ်ခုကိုဖြေရှင်းတဲ့
အဆင့်ဆင့် သို နည်းတို့ကို သုံးမှ ပြေရာပြေကြောင်းဖြစ်နိုင်ပါလိမ့်မယ်။
အသံဖိုင် အင်တာဗျူးBBC( မြန်မာပိုင်း)

ဘကြီးသက်
Unknown at 6:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နောက်ကြောင်းပြန်မလှည့်ချင်သော်လည်း ရှေ့ဆက်သွားလို့မရအောင် ပိတ်ဆို့နေသူများ ရှိနေ




နှစ်ပေါင်း ၁၀၇ ခုနှစ် သက်တမ်းရှိသော တိုင်းတရားလွှတ်တော်ချုပ်အား ရှေ့နေများကွန်ရက်အနေဖြင့် ထိန်းသိမ်းလိုပါက ကြိုဆိုကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောသည်။

သို့သော် စုပေါင်းရုံးကြီးကို နှစ်သုံးဆယ် ပုဂ္ဂလိကသို့ ဟိုတယ်ဖွင့်လှစ်ရန် ငှားရမ်းပါက အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄ သန်း ရရှိမည့်အပြင် နှစ်စဉ်အမြတ်ငွေမှ ၇ ရာခိုင်နှုန်း ရရှိမည်ဖြစ်သ
ည့်အတွက် စဉ်းစားစေလိုကြောင်း ဆက်လက်ပြောသည်။

"တရားလွှတ်တော်ရုံးနဲ့ ပတ်သက်သို့ ၀န်ကြီးရဲ့ စေတနာကို သိရလို့ ကျေးဇူးတင်ပါတယ်။ စုပေါင်းရုံးကတော့ ဟိုတယ်လုပ်ဖို့ လုံးဝမသင့်တော်ပါဘူး။ တိုင်းပြည်ရဲ့ဂုဏ်အတွက် ပြောတာပါ"ဟု ရှေ့နေကွန်ရက်မှ ဦးကိုနီကပြောသည်။

ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်နှင့် ရှေ့နေကွန်ရက်မှ တာဝန်ရှိသူများသည် အောက်တိုဘာ ၂၇ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အဦ၌ တွေ့ဆုံခဲ့ကြသည်။

ရန်ကုန်တိုင်းတရားလွှတ်တော်ချုပ် အဆောက်အဦအား ၁၉၀၅ ခုတွင် တည်ဆောက်ခဲ့ပြီး စုပေါင်းရုံးကိုမူ ၁၉၂၇ ခုနှစ်တွင် တည်ဆောက်ခဲ့ကြသည်။


  Myanmar Express
ဘကြီးသက်
Unknown at 3:16 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်တွင် ဥပဒေအရ စစ်အုပ်ချုပ်ရေး ကြေညာနိုင်


ရခိုင်ပြည်နယ် ကျော်တော်ဒေသမှ ဒဏ်ရာရရှိလာသူများကို အောက်တိုဘာ၂၆ရက်နေ့တွင် စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့် မတည်ငြိမ်မှုများကြောင့် စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန် ကြေညာ နိုင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၁) အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များ အတိုင်း ဆောင်ရွက်သွားရန် ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက တရားဝင်ထုတ်ပြန် ပြောဆိုလိုက်သည်။
ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး အမြန်ဆုံး လုပ်ဆောင်ရန် အရေးကြီး အဆိုတရပ် တင်သွင်းလာချိန်တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
“ရခိုင်ပြည်နယ် အရေးကိစ္စကို ချက်ချင်း အရေးယူဆောင်ရွက်ဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း လွှတ်တော်မှာ
အရေးတကြီး အဆိုတင်တယ်။ ဒီအပေါ်မှာ ပြည်ထဲရေးဝန်ကြီးက ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၁) အတိုင်း ဆောင်ရွက် မယ်လို့ပြောတယ်။ ဆိုလိုတာက အခန်း (၁၁) ဆိုတာ အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်ပါ။ တည်ငြိမ်မှု မရှိတဲ့ ပြည်နယ်/ တိုင်းဒေသ ကြီးတွေမှာ အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော် သမ္မတနဲ့ အမျိုးသား လုံခြုံရေး ကောင်စီက တိုက်ရိုက်ကွပ်ကဲပြီး စစ်အုပ်ချုပ်ရေး ကြေညာလို့ ရတဲ့ ပြဋ္ဌာန်းချက်မျိုးပါ” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လှည်းကူး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၁ ပုဒ်မ ၄၁၃ (က) (ခ) တွင် အရေးပေါ် အခြေအနေ ကြေညာသည့် နေရာအတွင်း မူလ အခြေအနေ ပြန်လည် ရောက်ရှိစေရန် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၊ ယင်း အဖွဲ့အစည်းဝင်များ၊ နယ်ဘက် ဆိုင်ရာ အဖွဲ့အစည်းများ အပါအ၀င် အဖွဲ့အစည်းများသည် တည်ဆဲဥပဒေ များနှင့်အညီ ဆောင်ရွက်ရာတွင် တပ်မတော် အကူအညီယူကာ ဆောင်ရွက်နိုင်ကြောင်း၊ လိုအပ်ပါက နိုင်ငံတော် သမ္မတသည် စစ်အုပ်ချုပ်ရေး အမိန့်ကို ထုတ်ပြန်နိုင်ကြောင်း တရားဝင် ပြဋ္ဌာန်းထားသည်။
ထို့အပြင် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက လက်ရှိတွင် ရခိုင်ပြည်နယ်ကိစ္စကို နယ်စပ်ရေးရာ လုံခြုံရေး ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်းတို့ ဦးစီး ကွပ်ကဲနေပြီး လုံခြုံရေး တိုးမြှင့်သွားမည် ဖြစ်ကြောင်း၊ အခြေအနေ ထပ်မံဆိုးရွားလာပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၁ ပါ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ အတိုင်းသာ ဆက်လက် ဆောင်ရွက်သွားရန် ရှိသည့်အပြင် ဥပဒေများအတိုင်း ဖမ်းဆီး အရေးယူမှုများ ပြုလုပ်သွားမည်ဟု ပြောဆိုကြောင်း သိရှိရသည်။
“လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးကလည်း လုံခြုံရေး အင်အားတိုးဖို့၊ တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူပေးဖို့ တက်တက်ကြွကြွ ထောက်ခံ ဆွေးနွေးကြတယ်။ ရခိုင် လွှတ်တော် ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ၊ ကြံ့ခိုင်ရေး လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးက တည်ငြိမ်အေးချမ်းရေး လုပ်ဆောင်ဖို့ ဆွေးနွေးကြပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ဆက်ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော်အမတ် သူရ ဦးအောင်ကိုကလည်း ရခိုင်ပြည်နယ်တွင် တရားစီရင်ရေးနှင့် ဥပဒေစိုးမိုးရေး ကဏ္ဍ အားကောင်းရေး လုပ်ဆောင်ရန် တိုက်တွန်း ပြောဆိုသွားကြောင်း သိရသည်။
ယနေ့ ပြည်သူ့လွှတ်တော်တွင် တင်သွင်းသော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရန် အရေး အဆိုကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီအဖွဲ့ဝင် တိုင်းရင်းသား စည်းလုံးညွတ်ရေး ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဉာဏ်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။
 ဧရာဝတီ
ဘကြီးသက်
Unknown at 10:57 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်ပဋိပက္ခ ဒုက္ခသည်များ ရေရှည်ကူညီရန် ခက်


စစ်တွေတွင် လုံခြုံရေးယူနေသည့် ရဲတပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၂၇ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရခိုင်ပြည်နယ်တွင် ထပ်မံဖြစ်နေသော ပဋိပက္ခများကြောင့် တိုးပွားလာသော ဒုက္ခသည်များကို ရေရှည်ကူညီပံ့ပိုးရန် အစိုးရအနေဖြင့် အခက်ကြုံမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောဆိုလိုက်သည်။
လက်ရှိအခြေအနေအရ တလလျှင် ကျပ်သိန်းပေါင်း ထောင်ချီ ထောက်ပံ့ပေးနေရပြီး နိုင်ငံတကာ လှူဒါန်းထောက်ပံ့မှုများ ရှိသည့်တိုင် ရေရှည်အတွက် မဖြစ်နိုင်ကြောင်း၊ ဖြစ်ပေါ်နေသော ပြဿနာများအရ တဖက်နှင့်တဖက် အတူတကွ ယှဉ်တွဲနေထိုင်ရန် ဖြစ်နိုင်ခြေမရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ဧရာဝတီသို့ ပြောသည်။
“ဒီလူတွေ ဘယ်အချိန်ပြန်နေနိုင်မလဲဆိုတာ တော်တော်ကို စဉ်းစားရကျပ်တဲ့ အနေအထားပဲ။ အခုက အခြေအနေ တော်တော်ဆိုးနေတယ်။ လက်တလောတော့ မရနိုင်သေးဘူး။ လှူတာ၊ တန်းတာတွေ ရှိနေပေမယ့် တလ၊ နှစ်လလိုမျိုး မဟုတ်တော့ ဘယ် လိုလုပ်မလဲ” ဟု ဦးဝင်းမြိုင်က ဆိုသည်။
ယခု ပဋိပက္ခဖြစ်ပွားချိန်တွင် တူရကီနိုင်ငံမှ ရောက်လာသည့် အကူအညီအများစုမှာ အစားအသောက်များဖြစ်ကြောင်း၊ ယခင် မလေးရှားနိုင်ငံမှ ပေးပို့သည့် ဆန်နှင့် အစားအစာများသည်လည်း လိုအပ်ချက်နှင့် နှိုင်းယှဉ်လျှင် ရေရှည်အတွက် မဖြစ်နိုင်ကြောင်း သိရသည်။
ပြီးခဲ့သည်ရက်ပိုင်းအတွင်းကလည်း သမ္မတ ဦးသိန်းစိန်က ရေရှည်တွင် ဒုက္ခသည်များ၏ စားရေးသောက်ရေးမှာ အခက်တွေ့နိုင်မည်ဟု မီဒီယာများသို့ ပြောဆိုခဲ့သည်။
အောက်တိုဘာလ ၂၁ ရက်နေ့မှစ၍ ပဋိပက္ခများ တကြော့ပြန်ဖြစ်ပွားသော မြို့နယ်များမှာ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရသေ့တောင်၊ မြေပုံနှင့်  ပေါက်တောတို့ ဖြစ်သည်။
ရခိုင်လူမျိုးများနှင့် အစ္စလမ်အများအကြား ပြန်လည်အခြေချနေထိုင်ရေးသည် အစိုးရတခုတည်းစွမ်းဆောင်မှုဖြင့် မရနိုင်ဘဲ မြို့မိမြို့ဖများ၊ ဘာသာရေး ခေါင်းဆောင်များ ပူးပေါင်းလုပ်ဆောင်မှ ရမည်ဖြစ်ကြောင်းလည်း ဦးဝင်းမြိုင်က ပြောသည်။
“လက်တလောတော့ မဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်း ၁၀၀ ကျော်ရှိပါတယ်။ တော်တော်များများက သူ့ဓလေ့ထုံးစံတွေ ရှိကြပေမယ့် တူညီတာတွေ ရှိပါတယ်။ ဘင်္ဂါလီလူမျိုးတွေကျတော့ မတူကြဘူး။ ဒါ့ကြောင့် အချိန်တော့ ယူရဦးမယ်” ဟု ဦးဝင်းမြိုင်က ဆိုသည်။
ပဋိပက္ခပြီးနောက် ကျောက်ဖြူမြို့ပေါ်တွင် ကျန်နေသော မွတ်စလင် ၃၀၀ ကျော်ကို အောက်တိုဘာ ၂၆ ရက်နေ့ ညနေပိုင်းတွင် ကျောက်ဖြူမြို့နှင့် ၃ မိုင်ခန့်ဝေးသော ကျောက်တလုံး ဆားကွင်းသို့ ဒေသဆိုင်ရာ အာဏာပိုင်များက ဦးစီးကာ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့နယ်တွင် သံပန်ချောင်းရပ်ကွက်နှင့် အရာရှိရပ်ကွက်တို့၌  မွတ်စလင်နှင့် ရခိုင်လူမျိုးများ တရပ်ကွက်တည်း နေထိုင်လျက်ရှိကြောင်း၊ သို့သော် ပဋိပက္ခများ ထပ်မံ မကူးစက်စေရန် မွတ်စလင်များကို ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက သွားရောက်စည်းရုံးပြောဆိုပြီး ရွှေ့ပြောင်းပေးခြင်းဖြစ်ကြောင်း ကျောက်တော်လူငယ်အဖွဲ့ ခေါင်းဆောင် ကိုလှမျိုးကျော်က ပြောသည်။
“အဲဒီရပ်ကွက်ထဲမှာက ရခိုင်နဲ့ ဘင်္ဂါလီတွေက အိမ်ဘေးချင်းကပ် နေကြတာဆိုတော့ နောက်ထပ် မီးရှို့တာမျိုး ထပ်ဖြစ်မှာ စိုးရိမ်ကြတယ်။ ဒါ့ကြောင့် အခြေအနေက ရွှေ့ထားလိုက်တာ ပိုကောင်းတယ်” ဟု ၄င်းက ဆိုသည်။
ထိုသို့ ရွှေ့ပြောင်းစဉ် ကားပေါ်မှ ခုန်ဆင်းထွက်ပြေးသောကြောင့် မွတ်စလင်တချို့ ပျောက်ဆုံးနေသည်ဟု သိရကြောင်း ကျောက်ဖြူဒေသခံ ဦးရန်အောင်က ပြောသည်။
“အခုလောလောဆယ် ပျောက်နေတာ ဘင်္ဂါလီ ၃၀ လောက်ရှိတယ်ကြားတယ်။ ညကလည်း ကျောက်ဖြူ-ရန်ကုန် အဝေးပြေး ကားဂိတ်ထဲကို ဘင်္ဂါလီတချို့ ၀င်လာတယ်ကြားလို့ဒီက ရခိုင်တွေလိုက်ကြတာကို လုံခြုံရေးတွေက တားပြီး မိုးပေါ်ကို သေနတ်နဲ့ပစ်ဖောက်တဲ့ အခြေအနေအထိ ရောက်ခဲ့တယ်” ဟု ၄င်းက ဆိုသည်။
မိမိနေအိမ်ကို မီးရှို့ထွက်ပြေးသော မွတ်စလင်အနည်းငယ်ကြောင့် ကျန် မွတ်စလင်အများစုများ ပဋိပက္ခများအကြား ကြားညပ်သကဲ့သို့ ဖြစ်ခဲ့ရကြောင်း ကျောက်တော်လူငယ်အဖွဲ့ ခေါင်းဆောင် ကိုလှမျိုးကျော်က ပြောသည်။
ယမန်နေ့က ကျောက်တော်မြို့နယ် လက်ဆောင်ကောက် ကျေးရွာ၌ ဒေသလုပ် တူမီးသေနတ် ၄၁ လက်အား သိမ်းဆည်းရမိကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
အဆိုပါသေနတ်များသည် ပဋိပက္ခ ဖြစ်ပွားခဲ့ရာတွင် ကျန်ရစ်ခဲ့သောလက်နက်များဖြစ်ပြီး မည်သည့်ဘက်မှ အသုံးပြုသော  လက်နက်ဖြစ်သည်ကို ပြောနိုင်ရန် ခက်ခဲကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။
“ဖြစ်ပွားမှုအပြီးမှာ လုံခြုံရေးတွေ လိုက်လံကောက်ယူခဲ့လို့ ရခဲ့တဲ့လက်နက်တွေပါ။ အဲဒါ ရခိုင်လက်နက်လို့လည်း ပြောလို့မရသလို ဘင်္ဂါလီလက်နက်လို့လည်း ပြောလို့မရပါဘူး” ဟု ၄င်းက ပြောသည်။
ယခုအခါ ပဋိပက္ခများ ကူးစက်နိုင်ဖွယ်ရှိသည့် မြို့နယ်များ၊ ကျေးရွာများတွင် လုံခြုံရေးတာဝန်ရှိသူများ အနေဖြင့် အခြေအနေထိန်းသိမ်းနိုင်ရန ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့တွင် နယ်စပ်ဒေသ တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်တိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ သွားရောက်နေကြောင်း သိရသည်။
 ဧရာဝတီ
ဘကြီးသက်
Unknown at 10:57 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘရာဇီးလ်ကျောင်းသူ၏ အပျိုစင်ဘဝကို ဂျပန်နိုင်ငံသား လေလံအောင်မြင်




 အမေရိကန် နှစ်ဦး၊ အိန္ဒိယနိုင်ငံသားတစ်ဦးတို့ အပါအဝင် နောက်ဆုံးအဆင့် လေလံဈေးပေးမှုများ အပြီးတွင် နတ်
ဆူဟုသာ အမည်ဖော်ပြသည့် ဂျပန်လူမျိုးက အသက် (၂၀) အရွယ် ကက်ထရီနာ မစ်လီရော်ရီနီနှင့် ချစ်ဗျူဟာခင်းရန် အခွင့်အလမ်းကို အမြင့်ဆုံးဈေးဖြင့် ရယူသွားခဲ့သည်။

ရန်ပုံငွေ အလှူတစ်ခုအတွက် သူမ၏ အပျိုစင်ဘဝကို ရောင်းချမည်ဟု ကြေညာထားသည့် ဘရာဇီးလ် ကျောင်းသူလေး၏ လေလံကိစ္စသည် နောက်ဆုံးတွင် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။

 အမေရိကန် နှစ်ဦး၊ အိန္ဒိယနိုင်ငံသား တစ်ဦးတို့ အပါအဝင် နောက်ဆုံးအဆင့် လေလံဈေးပေးမှုများ အပြီးတွင် နတ်ဆူဟုသာ အမည်ဖော်ပြသည့် ဂျပန်လူမျိုးက အသက်(၂၀)အရွယ် ကက်ထရီနာ မစ်လီရော်ရီနီနှင့် ချစ်ဗျူဟာခင်းရန် အခွင့်အလမ်းကို အမြင့်ဆုံးဈေးဖြင့် ရယူသွားခဲ့သည်။


ကက်ထရီနာသည် ယခင်ကတည်းက သူမသည် ပြည့်တန်ဆာ တစ်ဦး မဟုတ်ကြောင်းနှင့် သူမ၏ ခန္ဓာကိုယ်ကို တစ်ကြိမ်သာ ရောင်းချမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့အပြင် ကက်ထရီနာသည် နောက်ဆုံးတွင် အပျိုစင်ဘဝကို ရောင်းချရန် ဒေါ်လာ (၇၈၀၀၀၀)ဖြင့် အဆိုပြုမှုကို သဘောတူ လက်ခံလိုက်သည်။

ဂျက်မီလာနှင့် ဂျက်ရိုက်ဆိုသော အမေရိကန်နှစ်ဦး၊ အိန္ဒိယသူဌေး ရူဒရာ ချက်တာဂျီတို့သည် ကက်ထရီနာအတွက် အပြိုင်လေလံဆွဲခဲ့သော်လည်း နတ်ဆူကသာ အမြင့်ဆုံး ဈေးပေးသွားခြင်း ဖြစ်သည်။ ကက်ထရီနာ၏ အစီအစဉ်သည် အင်တာနက်တွင် လူပြောသူပြောများသော ကိစ္စတစ်ခု ဖြစ်ခဲ့ပြီး ဝေဖန်မှု အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။

သူမသည် Virgins Wantedဆိုသော မှတ်တမ်းဗီဒီယိုအတွက်လည်း ဩစတြေးလျ ရုပ်မြင်သံကြား အဖွဲ့တစ်ခုကို မှတ်တမ်းတင်ခွင့်ပေးမည်ဟု ပြောဆိုထားရာ အပြာရုပ်ရှင်မယ် တစ်ဦးအဖြစ် ပြစ်တင်မှုများလည်း ရှိခဲ့သည်။ သူမသည် အဆိုပါအဖွဲ့က စီစဉ်ပေးသည့် လေယာဉ်ပေါ်တွင် မှတ်တမ်းဗီဒီယို အရိုက်ခံမည် ဖြစ်သည်။

ကက်ထရီနာကမူ "ကျွန်မကတော့ ဒါကို လုပ်ငန်းတစ်ခုလို့ပဲ မြင်ပါတယ်။ ကျွန်မမှာ ခရီးတစ်ခုသွားဖို့ အခွင့်အရေးလည်း ရှိလာတယ်။ ဇာတ်ကားတစ်ကားမှာ အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်ခွင့်ရမှာ ဖြစ်သလို အဲဒီအတွက် ထိုက်သင့်တဲ့ ခံစားခွင့်လည်း ရှိဦးမယ်။ ကျွန်မ ပြောချင်တာက ဘဝတစ်လျှောက်လုံးမှာ တစ်ခါတည်းပဲ ဒီကိစ္စကို ဆောင်ရွက်တာပါ။

 ကျွန်မဟာ ပြည့်တန်ဆာ တစ်ယောက် မဟုတ်ပါဘူး။ ပြောရရင်တော့ လူတစ်ယောက်ဟာ တစ်ခါလောက် အံ့ဩစရာ ဓာတ်ပုံကောင်းတစ်ခု ရိုက်ဖူးရုံနဲ့ ဓာတ်ပုံဆရာ ဖြစ်မလာနိုင်ဘူးလေ"ဟု ပြောဆိုခဲ့ဖူးသည်။

သူမသည် လေလံအောင်မြင်သော ဂျပန်သားနှင့်အတူ ဩစတြေးလျနှင့် အမေရိကန်ကြား ခရီးစဉ်တွင် လေယာဉ်ပေါ်၌ ချစ်တင်းနှီးနှောရမည် ဖြစ်သည်။ သူမအား ယင်းကိစ္စ မတိုင်မီနှင့် ပြီးဆုံးချိန်တို့တွင် အင်တာဗျူးရန်လည်း စီစဉ်ထားသည်။

 နတ်ဆူ အနေဖြင့် ၎င်း၏ ရုပ်သွင်ကို မီဒီယာများတွင် မဖော်ပြနိုင်အောင် ဖုံးကွယ်ထားခွင့် ရမည်ဖြစ်သည်။ ယခုသဘောတူညီချက်အရ သူမအား လေလံဆွဲ အောင်မြင်သူသည် အပိုဆောင်း ကိရိယာ တန်ဆာပလာများ ယူဆောင်ခွင့် မရှိသလို အကာအကွယ် ပစ္စည်းကို မဖြစ်မနေ ထည့်သွင်း အသုံးပြုရမည် ဖြစ်သည်။

နတ်ဆူသည် သူမနှင့် မတွေ့ဆုံမီ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကင်းရှင်းကြောင်း စစ်ဆေးခံရမည်ဟုလည်း သိရသည်။ ဒါရိုက်တာ ဂျက်စတင် ဆဲလ်ဆီ တာဝန်ယူမည့် မှတ်တမ်းဗီဒီယိုအတွက် အလက်ဇန္ဒားအမည်ရှိ လူပျိုတစ်ဦးသည်လည်း မှတ်တမ်းဗီဒီယို အရိုက်ခံမည် ဖြစ်သည်။ ၎င်းအား နီနီဘီဟု အမည်ဖော်ပြသော ဘရာဇီးလ် အမျိုးသမီး တစ်ဦးက ဒေါ်လာ (၃၀၀၀)ဖြင့် ဝယ်ယူခဲ့သည်။

ကက်ထရီနာသည် လေလံမှ ရရှိသော ငွေကြေးများကို ဆင်းရဲနွမ်းပါးသော မိသားစုများအတွက် အိမ်ရာဆောက်လုပ်ပေးမှု စီမံကိန်းများတွင် လှူဒါန်းမည် ဖြစ်သည်။ သူမသည် သောမတ်စ် ဝီလျံ ရုပ်ရှင်ထုတ်လုပ်ရေးက ရုပ်ရှင်အတွက် အပျိုစင်တစ်ဦး ရှာဖွေနေမှုတွင် လက်ခံသဘောတူခဲ့ပြီး ယခုအစီအစဉ်အတွက် လွန်ခဲ့သော (၂)နှစ်က လက်မှတ်ထိုးခဲ့သည်။

 ကက်ထရီနာက လေလံမှ ရရှိလာသည့် ငွေကြေးအားလုံး၏ (၉၀)ရာခိုင်နှုန်းနှင့် မှတ်
တမ်းရုပ်ရှင်အတွက် ရရှိမည့် ငွေများမှ ဒေါ်လာ (၂၀၀၀၀)တို့ကို သူမ၏ ဇာတိပြည်
နယ်ဖြစ်သော ဆန်တာ ကက်ထရီနာတွင် နွမ်းပါးသူများအတွက် ခေတ်မီ အိမ်ရာများ
 ဆောက်လုပ်မည့် စီမံကိန်းအတွက် လှူဒါန်းသွားမည်ဟု ကြိုတင်ပြောဆိုထားသည်။
 လူဗိုလ် ဟူသည်
ဘကြီးသက်
Unknown at 10:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်နဲ့ ရိုဟင်ဂျာ ပဠိပက္ခ အောင်ဆန်းစုကြည် ဘယ်ဖက် ပါမလဲ




 ဒေါ်အောင်ဆန်းစုကြည် (NLD) ဘယ်ဘက်မှာ ရပ်တည်နေလဲ…
ဒေါ်အောင်ဆန်းစုကြည် (NLD) ဘာကြောင့် နုတ်ဆိတ်နေတာလဲ..
မြန်မာတိုင်းရင်းသားအားလုံးတို့ရဲ့ ရိုးသားမှု-သည်းခံခွင့်လွတ်တတ်မှု-ဖော်
ရွေမှု-ဘာသာတရားကိုင်းရှိုင်းတတ်မှု-အေးချမ်းစွာနေလိုမှု တို့ဟာမြန်မာနိုင်
ငံကိုရောက်ဖူးသူ နိုင်ငံခြားသားတိုင်းနှင့် ကမ္ဘာ့ ကအသိအမှတ်ပြု လေးစား
ရတဲ့ မြန်မာတို့ရဲ့ ဂုဏ်ယူစရာ ဓလေ့တွေပါ.. တပ်မတော် အစိုးရအဆက်
ဆက်မှာလည်း မြန်မာတို့ရဲ့ စည်းလုံးညီညွတ်မှု အစမ်းသပ်ခံ အလေ့
အကျင့်ရခြဲ့ပီးပါပြီ. .မြန်မာပြည်သူတို့အပေါ် အားမလိုအားမရဖြစ်ခဲ့ရတဲ့ ဒီမို
ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်းမြန်မာပြည်သူတို့ကို
သတ္တိမွေးကျဖို့ အတန်တန်တိုက်တွန်းပြောဆိုခဲ့ပါတယ်..၊ အခုတော့ မြန်မာပြည်သူတွေက ပြန်ပြီး ထင်သလောက်မဟုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အားမလိုအားမရ ဖြစ်နေကြပါတယ်။  မြန်မာတိုင်းရင်း
သားတွေဟာ အမေစု ယောင်္ကျား ဗြိတိသျှ အင်္ဂလိပ်တို့  ဗိုလ်ကျစိုးမိုးမှု ကို သီးခံခြင်း ခန္တီပါရမီ
ပြည့်ဝပေမယ့်-တိုင်းတပါးက ကျူးကျော် ခိုးဝင် ရောက်လာသူ လူမျိုးခြား
ဘာသာခြား အကြမ်းဖက်သမား ဘဂါင်္လီ မွတ်ဆလင် ကုလားတွေရဲ့ ဗိုလ်
ကျမှုနယ်မြေသစ်ချဲ့ထွင်လာမှု ဘာသာရေးကို စော်ကားနှောက့်ယှက်လာမှု
များကို (လုံးဝ)ခေါင်းငုံခံ သည်းခံကြမယ့် လူစားများမဟုတ်ကြပါ..ခုချိန်မှာ
ဒေါ်အောင်ဆန်းစုကြည်မြန်မာပြည်သူတွေ ဗုဒ္ဓဘာသာမြန်မာတိုင်းရင်းသား
များဘက်မှ ရဲရဲဝံ၀ံ ရပ်တည်ဘို့ သတ္တိမွေးပါ၊
မြန်မာတိုင်းရင်းသားတွေမှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ ခရစ်ယာန်ကိုးကွယ်သူ
လူမျိုးအများအပြားပါဝင်ကြပေမယ့် အတူလက်တွဲ ငြိမ်းချမ်းစွာ နေနိုင်ကြ
ပါတယ်..ခရစ်ယာန်-ဟိန္နူ-ဗုဒ္ဓဘာသာဝင်များအတူတကွ ယှဉ်တွဲနေထိုင်
နိုင်ကြပါသည်၊ ပြဿနာမရှိပါ၊ သို့သော်-အစ္စလာမ်ဘာသာဝင် မွတ်ဆလင်
ကုလား အကြမ်းဖက်စိတ်ရှိသူ တို့နှင့် မည်သို့ မှ ငြိမ်းချမ်းစွာ အတူတူ ယှဉ်
တွဲရန်မဖြစ်နိုင်ပါ၊ ဘဂါင်္လီ မွတ်ဆလင် ကုလားတွေဟာ မူလမြန်မာနိုင်ငံ
သားများလည်းမဟုတ်ကြပါ၊အိမ်နီးခြင်းတဖက် နိုင်ငံမှ နည်းအမျိုးဖြင့် ကျူး
ကျော်ခိုးဝင် ရောက်လာသူများသာဖြစ်ကြပါတယ်၊ဒီမိုကရေစီ နှင့် လူ့အ
ခွင့်အရေးတို့ကို ခေါင်းစဉ်တတ်ပြီး မြန်မာပြည်ကို အစ္စလာမ်နိုင်ငံအဖြစ်
သွတ်သွင်းရန် မွတ်ဆလင်တွေ ကျိုးပမ်းကြံစည်နေသည်မှာလည်း ကြာ
ခဲ့ပါပြီ..မြန်မာအမျိုးသမီးများကိုလည်း အကြောင်းအမျိုးမျိုးဖြင့် ဖျက်ဆီး
သိမ်းသွင်းပြီး အတင်းအဓမ္မ အစ္စလာမ်ဘာသာဝင်ခံယူခိုင်းနေသည်မှာ
လည်းများလှပါပြီ..၊ မျိုးချစ်စိတ်ဖြင့် လူမျိုးဘာသာ သာသနာ ကိုကာ
ကွယ်ရန် ဒေါ်အောင်ဆန်းစုကြည် သတ္တိမွေးပါ..၊
မွတ်ဆလင် ကုလားအရေးသည် ဒီမိုကရေစီ နှင့် လူအခွင့်အရေး ရှု
ဒေါင့်တခု ထဲမှသာ ချည်းကပ်ဆုံးဖြတ်၍ ရမည်မထင်ပါ..၊ လူမျိုးရေး-
ဘာသာရေး-ရှုဒေါင့်ပေါင်းစုံမှ ချည်းကပ်ဆံုးဖြတ်ရန် လိုအပ်မည်ဖြစ်
ပါတယ်..၊ ပြည်သူတွေ ဆန္ဒအရ နိုင်ငံတော် သမ္မတ လုပ်ရဲတယ်ဆို
တဲ့ ဒေါ်အောင်ဆန်းစုကြည်အခုတိုင်းရင်းသားပြည်သူတွေ အပေါ်
နည်းမျိုးစုံ ဘက်ပေါင်းစုံ မှထိုးနှက်ဝင်ရောက်နေပြီး နိုင်ငံတော်လုံခြုံ
ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို နှောက့်ယှက်နေတဲ့ မွတ်ဆလင်
ကုလား တွေရဲ့ ရန်ကိုကာကွယ်ပေးဘို့ မြန်မာတိုင်းရင်းသားပြည်သူ
တွေဘက်က ရဲရဲဝံ၀ံ ရပ်တည်ပေးဘို့သတ္တိမွေးပါ၊
ပါတီတွင်းရှိ မွတ်ဆလင်ကုလားတွေ ရဲ့ မျက်နှာကိုကြည့်ပြီး စိုးရွံ နုတ်
ပိတ် တွေဝေမနေပါနဲ့…။ပါတီရဲ့ Sponsor မွတ်ဆလင်ကုလားတွေရဲ့
အခွင့်အရေးထက် တိုင်းပြည်နှင့်လူမျိုး-ဘာသာ-သာသနာအရေးကို
ကြည့်ပါ..၊
လက်ရှိ  ဥပဒေစိုးမိုးမှု ကော်မတီ ဥက္ကဌ အားနည်းခြင်း-တည်ငြိမ်အေးချမ်းမှု
အားနည်းမှု ပြော့ကွက်များကို ဝေဖန်လက်ညှိုးထိုးနေခြင်း-စိုးရိမ်ပူ
ပင်မိပါတယ်ဆိုတဲ့ အပြောတွေထက်-လက်တွေ့ကြမည့် လုပ်
ဆောင်မှုများလိုအပ်ပါတယ်၊
မွတ်ဆလင်ကုလားတွေကလည်း ခု လူမျိုးရေးအဖြစ်အပျက်များ
တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တလေသံတည်းထွက်၍ ဥပဒေ
စိုးမိုးမှုအားနည်းခြင်း-တည်ငြိမ်အေးချမ်းမှုအားနည်းခြင်းများဖြင့်
အစိုးရအပေါ်အပြစ်ဖို့ ရွံချနေပါတယ်။
တိုင်းပြည်အတွက် အနစ်နာခံ လုပ်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်
ကို ပြည်ပအားကိုးပုဆိန်ရိုးဟု ယခင်အစိုးရကလက်ညှိုးထိုး စွက်စွဲခဲ့
သလို ခု ကုလားအားပေး-ကုလားပါတီ ဟု ပြည်သူများစိတ်မကွက်
စေချင်ပါ..
ဒေါ်အောင်ဆန်းစုကြည် ဘယ်ဘက်မှာရပ်တည်မှာလဲ…
တဖက်ဖက်မှာ ရပ်တည်ဘို့ သတ္တိမွေးပါ…။

 Myanmar Express
ဘကြီးသက်
Unknown at 10:49 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မုံရွာမြို့ရှိအနှိပ်ခန်းများ စစ်ဆေးရေးလာမည်ကို ကြိုတင်သိရှိ


မုံရွာမြို့ရှိအနှိပ်ခန်းများ စစ်ဆေးရေးလာမည်ကို ကြိုတင်သိရှိ
အောက်တိုဘာ ၂၄ ရက်နေ့တွင် စတင်ကာ မုံရွာမြို့ရှိ အနှိပ်ခန်းများအား ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း အနှိပ်ခန်းလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် သတင်းကြိုတင် ရရှိခဲ့သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ခဲ့ကြသည်ဟု သိရသည်။
"လာစစ်မယ်ဆိုတာ ကြိုသိကတည်းက ကောင်မလေးတွေကို အနောက်က မီးခံတိုက်ထဲမှာ ဖွက်ထားလိုက်တယ်၊ အားလုံးကို ရှင်းထားလိုက်တယ်" ဟု 7 Star အနှိပ်ခန်းတွင် အလုပ်လုပ်ကိုင်နေသော ၀န်ထမ်းတစ်ဦးက ပြောကြားသည်။
"ကျွန်တော်တို့ ၀င်စစ်တော့ အထဲမှာ ဘာမှမရှိဘူး၊ ဘီယာဘူးခွံတောင်မတွေ့ဘူး" ဟု စစ်ဆေးရေးအဖွဲ့တွင် ပါဝင်ခဲ့သူ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုအခါတွင် ရန်ကုန်တိုင်းတွင်လည်း အနှိပ်ခန်းများအား တင်းကြပ်စွာ ဖမ်းဆီးမှုများပြုလုပ်လျက်ရှိပြီး ဖမ်းဆီးရမိပါက ပုဒ်မ (၁၄၄) ဒေသန္တရအမိန့်ကို ဆန့်ကျင်မှုဖြင့် ထောင်ဒဏ်တစ်လအထိ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ သို့သော်လည်း မုံရွာမြို့တွင်မူ ထိုကဲ့သို့ ပုဒ်မ(၁၄၄) ထုတ်ပြန်ထားခြင်း မရှိသေးပေ။ ယခုကဲ့သို့ အာဏာပိုင်များဘက်မှ ဖမ်းဆီးမှုများ ပြုလုပ်နေသော်လည်း မုံရွာမြို့ရှိအနှိပ်ခန်းများမူ ဆိုင်ရှေ့တွင် ပိတ်ထားသော်လည်း နောက်ဖေးပေါက်မှတစ်ဆင့် ဖောက်သည်များကို လက်ခံ ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံရှိ အနှိပ်ခန်းများသည် ထိုင်းနိုင်ငံကဲ့သို့ လက်နှိပ်ပညာသင်တန်းဆင်းများမှ ၀န်ဆောင်မှုပေးသည် မဟုတ်ခြင်း၊ အများစုမှာ အနှိပ်ခန်းကို ဗန်းပြ၍ ပြည့်တန်ဆာလုပ်ငန်းများ လုပ်ကိုင်လျက်ရှိခြင်း၊ ထို အနှိပ်ခန်းများမှ ပေးဆောင်ထားသော လိုင်းကြေးများမှာ နိုင်ငံတော်ဘဏ္ဍာသို့ ရောက်ရှိသည်မဟုတ်ဘဲ အောက်ခြေတွင် ပျောက်ကွယ်သွားသည့် ငွေများဖြစ်နေခြင်းကြောင့် ပြည်သူများအကြားတွင် ပြောဆိုစရာ ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လျက်ရှိသည်။
မုံရွာမြို့ရှိ KTV နှင့် အနှိပ်ခန်းများ၏ တစ်ရက်တာဝင်ငွေမှာ ငါးသိန်းဝန်းကျင်ခန့်ရှိပြီး လိုင်းကြေးဟု ခေါ်သော သက်ဆိုင်ရာကို ပေးသွင်းရသည့်ငွေမှာ တစ်လလျှင် နှစ်ဆယ့်ငါးသိန်းမှ သိန်းသုံးဆယ်ကြား ပေးဆောင်ရကြောင်း အနှိပ်ခန်းလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။ ကာရာအိုကေ လိုင်စင်သာ ပြုလုပ်နိုင်ပြီး အနှိပ်ခန်းအတွက် လိုင်စင် ပြုလုပ်နိုင်ခွင့် မရှိသေးခြင်းကြောင့် လုပ်ကိုင်ခွင့်ရရန်အတွက် ထိုကဲ့သို့ လိုင်းကြေးပေးဆောင်နေကြရခြင်း ဖြစ်သည်။
အေးချမ်းမွန်မှ ThanLarWaddy Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
ဘကြီးသက်
Unknown at 10:40 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘုန်ကြီးတစ်ပါးဝင်စားတဲ့ လူဝင်စားလေးပါ


ဘုန်ကြီးတစ်ပါးဝင်စားတဲ့ လူဝင်စားလေးပါ။
NOM Fans တွေ စိတ်ဝင်စားမယ်ထင်ပါတယ်။
မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

လူဝင်စားလေး.. ၊ ကျွန်တော်တို့ အသိထဲမှာလဲရှိတယ်ဗျ။ အဲ့ဒိအရွယ်လောက်ကတည်းက ပါဠိလိုတွေ ရွတ်ပြနိုင်တယ်။ ဒါပေမယ့် သူတို့မိဘတွေက သူ့သားလေးကို မီဒီယာတွေ ဘာတွေ လာမေးနေကြမှာစိုးလို့ လျှို့ဝှက်ထားတယ်။ သိတဲ့သူအချို့ပဲရှိတယ်။


____________________________________
Reference and Credit to -ကိုဖုန်းမြင့်ခိုင်


ဘကြီးသက်
Unknown at 10:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ ဖြစ်ရပ်မှန် သိရှိနိုင်ရန် တပ်မတော်နှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေြး


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ ဖြစ်ရပ်မှန် သိရှိနိုင်ရန် တပ်မတော်နှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခြင်းနှင့် ရွှေ့ပြောင်း မိသားစုဝင်များအား လိုအပ်သည်များ ကူညီဆောင် ရွက်ပေး လျက်ရှိ

ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ ရခိုင်ပြည်နယ် ဝန်

ကြီးချုပ် ဦးလှ မောင်တင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်နှင့် တာဝန် ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ အစည်းများ၏ ဌာနေကိုယ်စားလှယ် Mr.Ashok Nigam ဦးဆောင်သော ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များ ဖြစ်သည့်WFP၊ UNOCHA၊ UNHCR တို့မှ တာဝန်ရှိသူများသည် အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွား လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ ပကတိ ဖြစ်ရပ် မှန်များအား ဖော်ထုတ်သိရှိနိုင်ရန် မြေပုံမြို့သို့ သွားရောက်စစ်ဆေးကြရာ မြေပုံမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ စစ်တွေခရိုင် အုပ်ချုပ်ရေးမှူးက မြေပုံမြို့နယ် တွင် အောက်တိုဘာ ၂၃ ရက် ည ၈ နာရီမှ စတင်ဖြစ်ပွားခဲ့သော အခြေအနေ အရပ်ရပ်နှင့် စပ်လျဉ်း၍ ပကတိဖြစ်ရပ်မှန် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လှမင်းက တိုင်းပြည်တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို လေးစားလိုက်နာ နေထိုင်သွားကြရန်၊ ဥပဒေနှင့် ညီညွတ်မှုမရှိသော လုပ်ရပ် များအား ရှောင်ကြဉ်ကြရန်နှင့် မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်ဖန်တီး သူများအား တရားဥပ ဒေအရ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ရှင်းလင်းဆွေးနွေး ပြော ကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက နိုင်ငံတော်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း၊ ပြည်သူလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးခြင်းများကို ဆောင်ရွက်နေ သည့် ကာလတွင် ယခုကဲ့သို့ မတည်ငြိမ်မှုများသည် နိုင်ငံတော်၏ လုပ်ငန်းစဉ်များအပေါ် ထိခိုက် သက်ရောက်မှုများ ရှိစေကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လည်း ပထမအဆင့် လတ်တလော ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး မည်ဖြစ်ပြီး ဒုတိယ အဆင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ ယခုဖြစ်ပွားလျက် ရှိသည့် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အခြေအနေ မှန်ပေါ်ပေါက်အောင် ဖြေရှင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် ပြည် သူလူထုမှလည်း ဝိုင်းဝန်းကူညီပါဝင် ရန် လိုကြောင်းဖြင့် ရှင်းလင်း ပြောကြား သည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ဌာနေကိုယ်စားလှယ် Mr. Ashok Nigam က မိမိသည် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ကိုယ်စား လာရောက် ဆွေးနွေး ပြောကြားခြင်း ဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် လူသားချင်းစာနာမှု အကူအညီများ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လူမျိုး၊ ဘာသာမခွဲခြားဘဲ ကူညီပေး သွားမည် ဖြစ်ကြောင်း၊ ဒေသနေပြည်သူ များကလည်း တည်ငြိမ်အေးချမ်းစွာ နေထိုင်မှသာ ဒေသစည်ပင်ဝပြော မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနည်း လမ်းအရ ငြိမ်းချမ်းစွာ အတူတကွပူး ပေါင်းနေထိုင်၍ ကောင်းမွန်သော အနာဂတ်ကို ပြည်သူများက ဖော်ဆောင်သွားရန် လိုအပ်ကြောင်းဖြင့် ရှင်း လင်းပြော ကြားသည်။

ထို့နောက် မြေပုံမြို့ ပြည်သူလူထုကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ဖြစ်စဉ် ဖြစ်ပွားရခြင်းနှင့် ပတ် သက်၍ ရှင်းလင်း တင်ပြသည်။
၎င်းနောက် ဒေသခံပြည်သူများအတွက် ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးတို့က အလှူငွေများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က အဝတ်အထည်၊ အစားအသောက်နှင့် ကယ်ဆယ်ရေး ပစ္စည်းများကို လည်းကောင်း အသီးသီး ပေးအပ် လှူဒါန်း သည်။ ထို့နောက် မြေပုံ မြို့အတွင်း မီးလောင်ပျက်စီးမှု အခြေအနေများအား လှည့်လည် ကြည့်ရှုကြပြီး တောင်ပေါ်ရပ်ကွက်ရှိ ရွှေ့ပြောင်းမိသားစုဝင်များနှင့် ကံသာထွက်ဝ ရပ်ကွက်ရှိ ရွှေ့ပြောင်း မိသားစုဝင်များအား တွေ့ဆုံ အားပေးစကား ပြောကြား၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ကလည်း ဖြစ်ရပ်မှန် အခြေ အနေများအပေါ် သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ ကြသည်။

ယင်းနောက် မင်းပြားမြို့ စမ္ဘလေ ကျေးရွာနှင့် ယိုင်သည်ကျေးရွာများမှ ရွှေ့ပြောင်း မိသားစု ဝင်များနှင့် တွေ့ဆုံအားပေး စကားများပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

ဘကြီးသက်
Unknown at 10:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း နှင့် ကမ္ဘာ့ပထမဆုံး touch screen ဖုန်း နည်းပညာ ပိုင်ရှင်

ပုံမှာမြင်တွေ့နေရတဲ့ ဖုန်းကတော့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ IBM Simon လို့အမည်ရပြီး ဆယ်လ်လူလာဖုန်းအမျိုးအစား ဖြစ်ပါတယ်။
ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းလို့ သတ်မှတ်ရတဲ့အကြောင်းကတော့ ကိုယ်ပိုင် မိုဘိုင်း Operating System ပါဝင်လို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ တို့ထိ မျက်နှာပြင် (touch screen) နဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။ အမေရိကန် IBM မှ တီထွင်ပြီး ဂျပန် Mitsubishi အီလက်ထရစ်ကော်ပိုရေးရှင်းမှ စာချုပ်နဲ့ ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အချိန်ကာလကတော့ ၁၉၉၄ ခုနှစ် သြဂုတ်လ ၁၆ ရက်ကဖြစ်ပြီး စစထွက်ချင်း ခြောက်လမှာ အလုံးရေ ၅သောင်းရောင်းချခဲ့ရပါတယ်။ အဓိကကတော့ ဈေးကြီးလို့ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၀၉၉ တန်ဖိုးရှိပါ တယ်။ နောက်တော့ ဈေးထပ် မံလျော့ချခဲ့သေးတယ်လို့ သိရပါတယ်။

အသုံးပြုတဲ့ OS ကတော့ Datalight ROM-DOS ဖြစ်ပါတယ်။ CPU အနေနဲ့ 16MHz , 16bit ရှိပါတယ်။ third party application တွေတောင် upgrade လုပ်ပြီးရင် ထည့်နိုင်ပါတယ်။ Memory 1MB ရှိပြီး Storage ကလည်း 1MB ပဲဖြစ်ပါတယ်။ ဘက်ထရီကတော့ ၇.၅ ဗို့ရှိတဲ့ NiCad ဘက်ထရီဖြစ်ပါတယ်။
Touch Screen နည်းပညာကတော့ Stylus ဖြစ်ပြီး တို့ထိရန် ဒီဂျစ်တယ် ခဲတံ (Pen) ကိုအသုံးပြုရမှာ ဖြစ်ပါတယ်။ Stylus တို့ထိနည်းပညာကို ယနေ့တိုင် Nintendo DS, 3DS, Wii U လက်ကိုင်ဂိမ်းစက်၊ Windows မိုဘိုင်းဖုန်း အချို့ တို့မှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ ယနေ့ iPhone, Samsung တို့မှာ အသုံးပြုတဲ့ touch screen ကျတော့ လက်ချောင်းများတဲ့ တို့ထိတဲ့ Multi-touch finger input စနစ်ဖြစ်ပြီး Capacitive styli ကိုအသုံးပြုပါတယ်။

ဒါကြောင့် IBM Simon ရဲ့ Data Input စနစ်မှာ မိုက်ခရိုဖုန်းနဲ့ touch screen ဖြစ်သွားပြီး Key pad မပါဝင်တော့ပါဘူး။ အရွယ်အစားကတော့ အမြင့် ၈လက်မ၊ အကျယ် ၂.၅ လက်မ၊ အထူ ၁.၅လက်မ ဖြစ်ပြီး ၅၁၀ ဂရမ်လေးပါတယ်။ အီးမေးလ်၊ Fax , Pager များ ပို့လိုရမယ်၊လက်ခံလို့ရ မယ့် အစရှိသဖြင့် သူ့ခေတ်သူ့ခါမှာတော့ ထူးခြားတဲ့ ဖက်ရှင်တို့ပါဝင်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းနဲ့ touch screen နည်းပညာသုံးဖုန်း ဟာ IBM Simon လို့ အားလုံးလက်ခံထားကြပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Reference and Credit to ^..^
စိတ်ကူးပျော်ရာ
ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း နှင့် ကမ္ဘာ့ပထမဆုံး touch screen ဖုန်း နည်းပညာ ပိုင်ရှင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပုံမှာမြင်တွေ့နေရတဲ့ ဖုန်းကတော့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ IBM Simon လို့အမည်ရပြီး ဆယ်လ်လူလာဖုန်းအမျိုးအစား ဖြစ်ပါတယ်။
ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းလို့ သတ်မှတ်ရတဲ့အကြောင်းကတော့ ကိုယ်ပိုင် မိုဘိုင်း Operating System ပါဝင်လို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ တို့ထိ မျက်နှာပြင် (touch screen) နဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။ အမေရိကန် IBM မှ တီထွင်ပြီး ဂျပန် Mitsubishi အီလက်ထရစ်ကော်ပိုရေးရှင်းမှ စာချုပ်နဲ့ ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အချိန်ကာလကတော့ ၁၉၉၄ ခုနှစ် သြဂုတ်လ ၁၆ ရက်ကဖြစ်ပြီး စစထွက်ချင်း ခြောက်လမှာ အလုံးရေ ၅သောင်းရောင်းချခဲ့ရပါတယ်။ အဓိကကတော့ ဈေးကြီးလို့ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၀၉၉ တန်ဖိုးရှိပါ တယ်။ နောက်တော့ ဈေးထပ် မံလျော့ချခဲ့သေးတယ်လို့ သိရပါတယ်။

အသုံးပြုတဲ့ OS ကတော့ Datalight ROM-DOS ဖြစ်ပါတယ်။ CPU အနေနဲ့ 16MHz , 16bit ရှိပါတယ်။ third party application တွေတောင် upgrade လုပ်ပြီးရင် ထည့်နိုင်ပါတယ်။ Memory 1MB ရှိပြီး Storage ကလည်း 1MB ပဲဖြစ်ပါတယ်။ ဘက်ထရီကတော့ ၇.၅ ဗို့ရှိတဲ့ NiCad ဘက်ထရီဖြစ်ပါတယ်။
Touch Screen နည်းပညာကတော့ Stylus ဖြစ်ပြီး တို့ထိရန် ဒီဂျစ်တယ် ခဲတံ (Pen) ကိုအသုံးပြုရမှာ ဖြစ်ပါတယ်။ Stylus တို့ထိနည်းပညာကို ယနေ့တိုင် Nintendo DS, 3DS, Wii U လက်ကိုင်ဂိမ်းစက်၊ Windows မိုဘိုင်းဖုန်း အချို့ တို့မှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ ယနေ့ iPhone, Samsung တို့မှာ အသုံးပြုတဲ့ touch screen ကျတော့ လက်ချောင်းများတဲ့ တို့ထိတဲ့ Multi-touch finger input စနစ်ဖြစ်ပြီး Capacitive styli ကိုအသုံးပြုပါတယ်။

ဒါကြောင့် IBM Simon ရဲ့ Data Input စနစ်မှာ မိုက်ခရိုဖုန်းနဲ့ touch screen ဖြစ်သွားပြီး Key pad မပါဝင်တော့ပါဘူး။ အရွယ်အစားကတော့ အမြင့် ၈လက်မ၊ အကျယ် ၂.၅ လက်မ၊ အထူ ၁.၅လက်မ ဖြစ်ပြီး ၅၁၀ ဂရမ်လေးပါတယ်။ အီးမေးလ်၊ Fax , Pager များ ပို့လိုရမယ်၊လက်ခံလို့ရ မယ့် အစရှိသဖြင့် သူ့ခေတ်သူ့ခါမှာတော့ ထူးခြားတဲ့ ဖက်ရှင်တို့ပါဝင်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းနဲ့ touch screen နည်းပညာသုံးဖုန်း ဟာ IBM Simon လို့ အားလုံးလက်ခံထားကြပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Reference and Credit to ^..^
စိတ်ကူးပျော်ရာ

ဘကြီးသက်
Unknown at 10:17 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်ပြည်နယ် ပဋိပက္ခ INGO နှင့် OIC တို့ နောက်ကွယ်မှ ကြိုးကိုင်ဟု ဆို

ရခိုင်ပြည်နယ်တွင် တကျော့ ပြန်လည် ဖြစ်ပွါးလာသော ပဋိပက္ခ များတွင် မြန်မာနိုင်ငံ အခြေစိုက် ပြည်ပ အဖွဲ့ အစည်း များ (INGO) နှင့် OIC (Organization of The Islamic Cooperation) တို့ နောက်ကွယ် မှ ကြိုးကိုင် လုပ်ဆောင် မှု များ ရှိနေကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) မှ အတွင်းရေးမှူး ဦးမျိုးကျော် က ပြောကြား သည်။

ဇွန်လ အတွင်း ဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များ ငြိမ်သက် ခဲ့ရာမှ ယခု တဖန် ပြန်လည်၍မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော မြို့နယ် များတွင် ယခင် ဖြစ်ပွါးခဲ့စဉ် ကထက် ကျယ်ပြန့်စွာ ဖြစ်ပွား နေကြောင်း၊ ယင်းသို့ ဖြစ်ပွား ရာတွင် ဘင်္ဂါလီ များက မိမိတို့ နေအိမ်ကို မိမိ ကိုယ်တိုင် စတင် မီးရှို့ခြင်း အပြင် ရခိုင်လူမျိုးများ၏ နေအိမ် များကိုပါ စတင် မီးရှို့ ခဲ့ရာမှ ဖြစ်ပွား ခဲ့သည်ကို တွေ့ရှိ ရပြီး ယင်းဖြစ်စဉ် များကို ကြည့်လျှင် ပဋိပက္ခ များ ဖြစ်ပွား လာရခြင်း မှာ ပြည်ပ နိုင်ငံခြား အဖွဲ့အစည်း များ၏ ပယောဂ ကြောင့် ဖြစ်သည်ဟု ယုံကြည်ကြောင်း အဆိုပါ အဖွဲ့ချုပ် ၏ အောက်တိုဘာ လ ၂၅ရက် နေ့ ထုတ်ပြန်ချက် ကဆိုသည်။

"မင်းပြားမှာ ဒီနေ့ က OIC ကန့်ကွက် ဆန္ဒပြရင် နောက်နေ့ မှာ ပဋိပက္ခ စဖြစ်တယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ပြည်ပ အဖွဲ့ အ စည်း တွေရဲ့ ပယောဂ မကင်းဘူး ဆိုတာ ပေါ်လွင် နေတယ်" ဟု ဦးမျိုးကျော် က ရှင်းပြသည်။

ရခိုင်ပြည်နယ် ပဋိပက္ခ တွင် နောက်ကွယ် မှ ကြိုးကိုင် လှုပ်ရှား နေသော လူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်း များ ရှိနေပြီး ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေး ယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက အောက်တိုဘာ လ ၂၅ရက် နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

ယခုအခါ ယင်းသို့ တစ်ကျော့ပြန် ဆူပူ အကြမ်းဖက်မှု များကြောင့် လူပေါင်း ၆၀ ကျော် သေဆုံး ခဲ့ပြီး၊ ၉၀ကျော် ဒဏ်ရာကာ နေအိမ် ၃၀၀၀ နီးပါး မီးလောင် ပျက်စီး ခဲ့ကြောင်းကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များ တွင် ဖော်ပြသည်။
photo by - sein down
ရခိုင်ပြည်နယ် ပဋိပက္ခ INGO နှင့် OIC တို့ နောက်ကွယ်မှ ကြိုးကိုင်ဟု ဆို

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရခိုင်ပြည်နယ်တွင် တကျော့ ပြန်လည် ဖြစ်ပွါးလာသော ပဋိပက္ခ များတွင် မြန်မာနိုင်ငံ အခြေစိုက် ပြည်ပ အဖွဲ့ အစည်း များ (INGO) နှင့် OIC (Organization of The Islamic Cooperation) တို့ နောက်ကွယ် မှ ကြိုးကိုင် လုပ်ဆောင် မှု များ ရှိနေကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) မှ အတွင်းရေးမှူး ဦးမျိုးကျော် က ပြောကြား သည်။

ဇွန်လ အတွင်း ဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များ ငြိမ်သက် ခဲ့ရာမှ ယခု  တဖန်  ပြန်လည်၍မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော မြို့နယ် များတွင် ယခင် ဖြစ်ပွါးခဲ့စဉ် ကထက် ကျယ်ပြန့်စွာ ဖြစ်ပွား နေကြောင်း၊ ယင်းသို့ ဖြစ်ပွား ရာတွင် ဘင်္ဂါလီ များက မိမိတို့ နေအိမ်ကို မိမိ ကိုယ်တိုင် စတင် မီးရှို့ခြင်း အပြင် ရခိုင်လူမျိုးများ၏ နေအိမ် များကိုပါ စတင် မီးရှို့ ခဲ့ရာမှ ဖြစ်ပွား ခဲ့သည်ကို တွေ့ရှိ ရပြီး ယင်းဖြစ်စဉ် များကို ကြည့်လျှင် ပဋိပက္ခ များ ဖြစ်ပွား လာရခြင်း မှာ ပြည်ပ နိုင်ငံခြား အဖွဲ့အစည်း များ၏ ပယောဂ ကြောင့်  ဖြစ်သည်ဟု ယုံကြည်ကြောင်း  အဆိုပါ အဖွဲ့ချုပ် ၏ အောက်တိုဘာ လ ၂၅ရက် နေ့ ထုတ်ပြန်ချက် ကဆိုသည်။

"မင်းပြားမှာ ဒီနေ့ က OIC ကန့်ကွက် ဆန္ဒပြရင် နောက်နေ့ မှာ ပဋိပက္ခ စဖြစ်တယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ပြည်ပ အဖွဲ့ အ စည်း တွေရဲ့ ပယောဂ မကင်းဘူး ဆိုတာ ပေါ်လွင် နေတယ်" ဟု ဦးမျိုးကျော် က ရှင်းပြသည်။

ရခိုင်ပြည်နယ် ပဋိပက္ခ တွင် နောက်ကွယ် မှ ကြိုးကိုင် လှုပ်ရှား နေသော လူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်း များ ရှိနေပြီး ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေး ယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက အောက်တိုဘာ လ ၂၅ရက် နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

ယခုအခါ ယင်းသို့ တစ်ကျော့ပြန် ဆူပူ အကြမ်းဖက်မှု များကြောင့် လူပေါင်း ၆၀ ကျော် သေဆုံး ခဲ့ပြီး၊ ၉၀ကျော် ဒဏ်ရာကာ နေအိမ် ၃၀၀၀ နီးပါး မီးလောင် ပျက်စီး ခဲ့ကြောင်းကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များ တွင် ဖော်ပြသည်။
photo by  - sein down

ဘကြီးသက်
Unknown at 10:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.